Tuesday, April 2, 2013

ရေကျော်ဗလီ မီးလောင်မှု့မှာ မီးအားမြှင့်စက် ၀ါယာရှော့ခ် ကြောင့်သာဖြစ် ...


အတွင်းပိုင်းတွင်သာ လောင်ကျွမ်းကာ အပြင်မှ ပရောဂ လက္ခဏာ မတွေ့ရပါ။ Photo - MRTV
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ဦးကို ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား မှတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။ 
မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်လွင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က မီးလောင်မှုနှင့် ပတ်သက် သာမန် ရှင်းပြဝါယာရှော့ခ်မှ စတင်မီးလောင်ခြင်း ဖြစ် ကာ သေဆုံးခြင်း ဖြစ်ကြောင်း
"အမှန်တကယ်ဆို မသေသင့်ပါဘူး။ အထဲမှာရှိတဲ့ ဗလီဆရာတွေရဲ့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ချက်တွေ နှောင့်နှေးကြန့်ကြာတာတို့ ဖြစ်နေတဲ့အတွက်
မီးခိုးမွှန်ပြီး သေဆုံးခဲ့ရကြောင်း မှုခင်းဆရာဝန်တွေရဲ့ စစ်ချက်ရရှိထားပါပြီ" ဟု ရဲမှူးကြီးဝင်းနိုင်က ပြောကြားခဲ့သည်။ 

မီးလောင်သည့် နေရာသို့ မီးသတ်ကားများ ရောက်ရှိသွားပြီး ဗလီတွင်းတွင် ကလေးများရှိနေသည်ကို သိရှိရသဖြင့် နှစ်ထပ်ခတ်ထားသော သော့အား မီးသတ်ရဲဘော်များက ဖျက်ဆီး၍ ဖွင့်ပေးခဲ့ရကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောသည်။

ထိုမီးလောင်မှုနှင့်ပတ်သက်၍ လက်ရှိတွင် ဗလီတာဝန်ခံနှင့် ဗလီဆရာအား ပေါ့ဆမှု၊ လူသေမှုများဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောကြားခဲ့သည်။

သတင်းဓာတ်ပုံများအရ ယခုမီးလောင်မှုသည် သာမန် ပေါ့ဆမီး,မီးအားမြှင့်စက် အပူချိန် လွန်ကဲရာမှ လောင်ကျွမ်းခဲ့သော မီးဖြစ်ပါသည်။ အပြင်မှ ပရောဂ ကြောင့်လောင်ကျွမ်းခြင်း မဟုတ်ပါ။ ပြည်သူများ အနေဖြင့် သတင်းများအား ကိုယ်ပိုင်ဥာဏ်ဖြင့်သာ ချင့်ချိန်ယုံကြပါရန်နှင့်  နိုင်ငံပိုင် မီဒီယာများနှင့် ရဲဇာနည်တို့တွင်လည်း သတင်းများ သွားရောက်ကြည့်ရှု့ချင့်ချိန်နိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ သေဆုံးသွားကြသော ကျောင်းသား ကလေးငယ် (၁၃) ဦးအတွက် ၀မ်းနည်းပါကြောင်း နှင့် ကောင်းရာမွန်ရာ ငြိမ်းချမ်းရာသို့ ရောက်ပါစေကြောင်းဆုတောင်းအပ်ပါသည်။
                                                                                                              M.A.&.N.M


No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS