ရန်ကုန်မြို့တွင်နှစ်စဉ်ကျင်းပမြဲဖြစ်သော Developer Conference ၏ဆဋ္ဌမအကြိမ်မြောက်နှီးနှောဖလှယ်ပွဲကို2016 -ဒီဇင်ဘာလ 17 ရက်နှင့် 18 ရက်နေ့များတွင်ရန်ကုန်မြို့လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ Myanmar Information & Communiation Technology Park ( MICT Park ) ၌ Myanmar Computer Professionals Association( MPCA )မှကြီးမှုး၍ကျင်းပပြုလုပ်ဖြစ်ကြောင်းသိရသည်။Developer Conference ( Dev Con )သည်ရန်ကုန်မြို့နှင့်မြန်မာပြည်တဝှမ်းရှိ Computer. Software . Networking နှင့် IT နည်းပညာလုပ်ငန်းရှင်များ။ IT အတတ်ပညာရှင်များ။Computer နှင့် IT ကျောင်းများ။တက္ကသိုလ်များမှ ပါမောက္ခ ။ ဆရာ ။ ဆရာမများ။နိုင်ငံခြားရောက်မြန်မာပြည်မှ IT ပညာရှင်များ။နိုင်ငံခြားနည်းပညာတက္ကသိုလ်နှင့်လုပ်ငန်နယ်ပယ်များမှပညာရှင်များကနှစ်စဉ်စုဝေးကာအသိပညာ။အတတ်ပညာ။နောက်ဆုံးပေါ် IT နည်းစနစ်များနှင့်တိုးတက်ပြောင်းလဲလာသော IT နည်းပညာများကိုတင်ပြဆွေးနွေးဖလှယ်ကြမည့်တခုတည်းသောစုဝေးဆွေးနွေးပွဲတရပ်လည်းဖြစ်သည်။Developer Conference 2016 တွင် Business side of Software.Security.Software Development and Languages. Experience / Case Studies.Trends ( Cloud. IoT .XaaS.Big Data.Apps.AI. Bots ) UI / UX . Others software related စသည့်နည်းပညာများကို IT ဈေးကွက်ထဲတွင်လက်တွေ့လုပ်ကိုင်နေကြသောပညာရှင်များကလာရောက်၍တင်ပြဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။Developer Conference ဖြစ်မြောက်ရေးအတွက်ပြည်တွင်းပြည်ပနည်းပညာကုမ္ပဏီများစွာတို့မှတက်ကြွပါဝင်၍ပံပိုးကူညီထားပြီးMedia Parter များအဖြစ် Internet Journal.Teach Space နှင့် Itizen နည်းပညာစာစောင်များမှလည်းနှစ်စဉ်ပါဝင်ပံပိုးထားကြကြောင်းသိရသည်။တက်ရောက်လိုသူများအနေဖြင့် online မှမှတ်ပုံတင်ပြီးလက်မှတ်ဝယ်ယူနိုင်ပြီတက်ရောက်ခွင့်လက်မှတ်ခမှာငွေကျပ် 10000 ကျသင့်ပါမည်။ပွဲမတိုင်ခင်လာရောက်ဝယ်ယူသူများအနေဖြင့် 5000 ကျပ်ဖြစ်ပြီး MCPA Student Member များ။ကျောင်းသူ / ကောင်းသားများအတွက်မူငွေကျပ် 3000 ကျသင့်ပါမည်။MCPA Professional Member များအနေဖြင့်ဝင်ခွင့် Free ရရှိမှာဖြစ်သည်။ပွဲနေ့တွင်လာရောက်ဝယ်ယူသူများအတွက်မူ Full Charge ကျသင့်ပါမည်။Developet Conference ၏ ပင်မ Website မှာ www.devconmyanmar.org ဖြစ်ပြီးနောက်ဆုံးရအသေးစိတ်သတင်းများကို၎င်း Website တွင်ရှာဖွေဖတ်ရှူနိုင်ပါသည်။အသေးစိတ်စုံစမ်းသိရှိလိုပါက MCPA office 01.652276 / 0973088300 သို့ဆက်သွယ်မေးမြန်းနိုင်ပြီး Email - office@mcpamyanmar.org သို့စုံစမ်းနိုင်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment