Sunday, February 3, 2013

နေဇော် ၏ တေးစီးရီးသစ် ငပွေး CD Valentine's Day တွင်ထွက်ရှိမည်



NLD - Hip-Hop သီချင်း "ထလော့မြန်မာ" ဖြင့် ပရိတ်သတ် လက်ခံလာခဲ့သူ အဆိုတော်နေဇော်က သူ၏တေးစီးရီး
အယ်ဘမ် အား လာမည့် Valentine's Day ၁၄-၂--၂၀၃ တွင် သူ့ကိုချစ်သော ပရိတ်သတ်အတွက် အခြားပါဝင်သော အဆိုတော်များနှင့်အတူ သီဆိုဖျော်ဖြေကာ အမှတ်တရ လက်မှတ်များ ထိုးပေးသွားမည်ဖြစ်ပြီး ၊ အခြားပျော်ရွှင် ရင်ခုံစရာ ဂိမ်းများလည်း ပါဝင်သွားမည်ဟု သိရှိရသည်။

အဆိုပါအခွေအား တေးရေး ကိုတင်အောင်သန်း ၊ ကိုနေ၀င်း ၊ သုခမိန်လှိုင် ၊ အေသင်ချိုဆွေ ၊ အေးမြဖြူ တို့က ပါဝင် အားဖြည့်သီဆိုထားပါကြောင်း ...

ချစ်တဲ့သူများသို့ ....
ဟေ့ သူငယ်ချင်း Valentine Day ရောက်တော့မယ်နော် ....
မင်းရဲ့ချစ်သူလက်ကိုတွဲပြီး ငါ့ရဲ့ Album Promotion ပွဲကိုလာခဲ့ပါလား ....
လိုက်ဖက်တဲ့ချစ်သူတွေကို အမှတ်တရလက်ဆောင်တွေပေးချင်လို့ပါ ...
သြော် ... မင်း အသဲကွဲနေတာလား .....
စိတ်မပူနဲ့ သူငယ်ချင်း ... အလှဆုံးကောင်မလေးတွေကိုရွေးပြီး ...
မင်းဘယ်လောက်ချစ်တတ်တယ်ဆိုတာ ပြောခွင့်ရအောင် ငါစီစဉ်ထားတယ် ...
သူကြိုက်သွားရင် မင်းကိုငါ လက်ဆောင်ပေးမယ်လေ ...
ကျန်တာတော့ မင်းသမိုင်းပေါ့ ....
အချစ်ဆိုတာ အလွန်အေးမြတဲ့ Star Cola တစ်ဗူးကိုတရှိုက်ထဲမော့သောက်လိုက်ရသလိုပဲ ....
ပြင်းရှပြီးချိုမြတယ်လေ .....
မင်းရော .. အဲဒီလိုမော့သောက်နိုင်ပါ့မလား .....
Star Cola ပြိုင်သောက်နိုင်ရင် .... အချစ်ကိုလည်းနိုင်လောက်တော့ ...
မင်းကိုငါ လက်ဆောင်ပေးရမှာပေါ့ .....
မင်းသိပါတယ် .... နေဇော်နဲ့ ဂီတရုပ်ရှင်နယ်အသီးသီးက အနုပညာသူငယ်ချင်းတွေ ...
အမှတ်တရ လက်မှတ်ရေးထိုးပြီး အချစ်သီချင်းတွေဆိုကြမယ် ...
ဒါပေမယ့် အဲဒီနေ့ကြရင် မင်းတို့ ငါ့ကို နိုင်ငံရေးသီချင်းတွေ မဆိုခိုင်နဲ့နော် ....
နေဇော် (ငပွေး) တစ်ယောက် ဖေဖော်ဝါရီအိပ်မက်ထဲမှာပဲ အချစ်သီချင်းတွေ ဆိုပါရစေ ...
အသည်းကွဲနေတဲ့ နေဇော် (ငပွေး)
14th Feb , 2013 ( Valentine Day )
နေ့လည် (1း00 - 3း00 နာရီ )
ပြည်သူ့ရင်ပြင် Happy Zone မြေနီကုန်းမှာ စောင့်နေမယ်ဗျာ ....


Saturday, February 2, 2013

အဆိုတော် မိုးကျော်လှိုင် ၏ ပဉ္စမမြောက် တေးစီးရီး VCD ရိုက်ကူးပြီးစီး


မြန်မာသံတေး အဆိုတော် မိုးကျော်လှိုင် (ရွှေဘို) ၏ ဓမ္မလင်္ကာ တေးကဗျာ စီးရီး VCD Karaoke အား ရိုက်ကူးပြီးစီး နေပြီဖြစ်ပြီး ၂၀၁၃ ဧပြီလ ၃၀ ရက်နေ့တွင် တစ်ပြည်လုံးသို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဓမ္မတေးစီးရီး တွင် တေးရေး - ရွှေတိုင်ညွန့် ၊ ရွှေပြည်အေး ၊ ဦးဘဟန် (မန္တလေး) ၊ အေ၀မ်းဆရာညှာ ၊ စစ်ကိုင်း ဆရာကြည် ၊ ဂီတာတင်အုန်း တို့ ရေးစပ်ထားသော အောင်မြင်ကျော်ကြားသည့် တေးသီချင်းများကို ဂီတမှူး စန္ဒယား မောင်လှအေး ၊ သီရိမောင်မောင် ၊ မိုးဇော်ဗိုလ် တို့၏ မြန်မာ့ ဆိုင်းဝိုင်း တို့ဖြင့် တီးခတ် အလှဆင်ထားကာ စီစဉ်သူ ညီညီ (လ၀န်းသစ်) ၊ ဒါရိုက်တာ မောင်စိတ္တတို့မှ ပုံဖော်ရိုက်ကူးကာ ကင်မရာမင်း အောင်မျိုးမြင့် နှင့် အခြား ကင်မရာမင်းပေါင်း များစွာ တို့မှ လက်စွမ်းပြ ချယ်မှုန်းထားသည် ဖြစ်ပါကြောင်း သီတင်းကောင်းပါးအပ်ပါသည်။
ဓမ္မတေး မိတ်ဆွေများ ကြိုတင်မှာကြားလိုပါက -
ကိုရဲမြင့်မြတ် - ၀၉၆၈၁၂၈၇၁
ဇင်မျိုး         - ၀၉၄၂၀၀၆၂၃၁၅ - တို့သို့ ဆက်သွယ်မှာ ကြားနိုင်ပါကြောင်း ... ။

ကိုနေမျိုးဇင် MSDN အား ပုဒ်မ ၁၈ ဖြင့် လက်ထိပ်ခတ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့




ပုဒ်မ ၁၈ သည် မြန်မာလူမျိုး အပေါင်းကို ယခု ကဲ့သို့ ခြိမ်းခြောက် လျှက် ရှိနေသေးပါသဖြင့် ဥပဒေ ကို အမြန်ဆုံး ပြင်ဆင်ပေးပါရန် လွှတ်တော်ကို တောင်းဆိုပါသည်။
သို့မဟုတ်ပါက ဥပဒေကို လိုသလို အသုံးချနေသော ရဲများ ကြောင့် နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပွားလာပါက တိုင်းပြည် အသွင်ပြောင်းလဲရေး ဖြစ်စဉ်များအတွက် အနှောက် အယှက်ဖြစ်လာနိုင်ပေသည်။
လူထု အတွက် လွတ်လပ်ခွင့် မရအောင် လမ်းဘေးမှာ လူစုစု တွေ့လို့မှ ခွင့်ပြုချက် မရပဲ စကား ၀င်ပြောခဲ့လျှင် ပုဒ်မ ၁၈ ဖြင့် ယခုလို လက်ထိပ်ခတ် ဖမ်းဆီးလို့ ရသည်ဟု ဧရာဝတီတိုင်းမှ ရဲတို့က နားလည်နေကြသည်။
ထို့ကြောင့် ထိုသို့သော ရဲများ လူထုကို ဖိစီးနှိပ်စက်မှုဖြစ်နေစေသော ၀န်ထမ်းများကို ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲ လေ့ကျင့် ပုံပြောင်း အစားထိုး တည်ဆောက်ပေးရန် အကြီးမားဆုံးသော လူထု တောင်းဆိုပွဲကြီးတရပ်ကို ဖေဖေါ်ဝါရီ (၁၃) တွင် ကျင်းပရန် ပြင်ဆင်မည်ဖြစ်ပါသည်။
BY NAY MYO ZIN

Thursday, January 31, 2013

ပြင်သစ် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တစ်ဦး တောင်ငူတွင် ခေတ္တ ထိန်းသိမ်းခံခဲ့ရ ...

ပြင်သစ်လူမျိုး  Documentary Film Maker - Mr: Christophe' @ Christ ဆိုသူသည် မြန်မာနိုင်ငံသို့ " 

အပြောင်းအလဲ - Change " နှင့် ရိုးရာ နတ်ပွဲများအကြောင်း Documentary Film ရိုက်ကူးရန်အတွက် 

လာရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ Christophe' သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ - Change နှင့် 

ပတ်သက် သော -  ငြိမ်းချမ်းရေး အတွက် ကချင်ပြည်နယ်လိုင်ဇာမြို့အထိ လမ်းလျှောက်သူများ အဖွဲ့အား   

တစ်ရက်တာ မှတ်တမ်း ရိုက်ကူး ရန်အတွက် အဆိုပါအဖွဲ့ရောက်ရှိရာနေရာသို့ ရန်ကုန်မြို့မှ 

လိုက်ပါသွားခဲ့သည်။ 

Mr: Christophe' က ဆက်သွယ်ပြောကြားရာတွင် - "သူ သည် နေပြည်တော်သို့ ဆက်လက်ထွက်ခွာရန် 

အတွက် တောင်ငူမြို့၌ ခေတ္တ တည်းခိုနေစဉ်  ဦးစန်းဝင်း ဆိုသူ ( Immigration ဌာန) မှ စစ်ဆေးရန် 

အတွက် Immigration Office သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ၊ ထို့နောက် သူ့အား တိကျသော 

မည်သည့်ကိစ္စဖြင့် ထိန်းသိန်း ထားသည်ဆိုသည်ကို သူမသိခဲ့ကြောင်း ၊ Myanmar Immigration ဌာန 

ရန်ကုန်နှင့် တောင်ငူကြား  အဆင့်ဆင့် (၄ဆင့်) နှင့်ကြုံခဲ့ရကြောင်း ၊ ၄င်းနောက် ညနေ ၅ နာရီတွင် 

ပဲခူးတိုင်းဒေသကြီး၏ အကြီးဆုံး Immigration Officer မှ Bangkok သို့အမြန်ဆုံး ပြန်ရမည်ဟု 

အမိန့်ထုတ်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။ 

ယင်းနောက် ကံကောင်းထောက်မစွာ မြန်မာမီဒီယာများ၏ Pressure ပေးမှု့ကြောင့်၎င်း ပြင်သစ်သံရုံးသို့ 

ပို့ဆောင်ကာ ၄င်း၏ Passport ပြန်လည်ရရှိခဲ့ပြီး Tour Visa သက်တမ်း ကုန်ဆုံးသည်အထိ လွတ်လပ်စွာ 

သွားလာခွင့် ပြန်လည်ရရှိခဲ့သည်။  မြန်မာ မီဒီယာများ အားလုံးအား ကျေးဇူးတင်ပါကြောင်း ပြောကြားသွား 

ခဲ့သည်။ 


ထို့နောက် ၄င်းက မြန်မာနိုင်ငံသည် ကင်ဆာကဲ့သို့ အမြစ်တွယ်နေသော အလယ်အလတ်တန်း အာဏာ ၊ 

ပါဝါ ရှိသူတို့က ၄င်းတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချ၍ အာဏာအမိန့်များ ဆက်လက် 

ထုတ်ပြန်နေသေးကြောင်း  

Wednesday, January 30, 2013

ဘာတွေ ဖြစ်ကုန်ကြပြီလဲ (မင်းလူ)

ဆရာမင်းလူရဲ့  ဘာတွေဖြစ်ကုန်ကြပြီလဲဆိုတဲ့ကဗျာပါ။ ဆရာမင်းလူ ဒီကဗျာကြောင့် အဖမ်းခံခဲ့ရပါတယ်။ ကြိုးစားရှာဖွေပြီး Post တင်ပေးထားသော YIN YIN HNOUNG အား ကျေးဇူးတင်ပါသည်။  - AMM

            Credit to - Yin Yin Hnoung ဆေး-မန်း



ဘာတွေဖြစ်ကုန်ကြပြီလဲ


(၁)

အော်…… ဒုက္ခ ဒုက္ခ

သူတို့ကြီးစိုးတဲ့ခေတ်မှာ

အာဇာနည်ဖြစ်ရတာ

မစားသာပါလားနော်။

တနှစ်တခါ

ဝတ်ကျေတန်းကျေ အလေးပြုခံရ

ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့

တလျှောက်လုံးအော်ခဲ့ပြီး

မအောင်မြင်ပဲကျဆုံးတော့မှ

ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့

လက်ညှိုးထိုး တရားခံ လုပ်ခံရ၏

သမီးအရင်းရင်း ခေါက်ခေါက်တောင်

လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)

ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ

ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး

အာဇာနည်ဗိမာန်ကို

လှိုင်သာယာ ပို့မပစ်တာပဲ

ကျေးဇူးတင်ရမလိုလို

တိုင်းပြည်ကို ချစ်သောတပ်မတော်

မျိုးချစ်စိတ်ရှိသောတပ်မတော်

ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်

ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်

သောက်ကျိုးနဲတော်တဲ့တပ်မတော်

လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့

မြည်နေတဲ့တပ်မတော်

အိမ်ယာမဲ့တွေကို

ရေမီးအစုံနဲ့

ပြည်လည်နေရာချထားပေးတာကိုပဲကြည်

ဟုတ်တယ်လေ

မိုးတွင်းမှာရေကြီးတယ်

နွေမှာမီးလောင်တယ်

ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့

သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့

ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ

ပြီးတော့သူတို့ပဲ

ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ

နားမလည်နိုင်စရာ။

စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့

ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား

ကြားဖူးပါတယ်အောက်မေ့နေ

လက်စသတ်တော့

စတားဝါး စီမံကိန်းကို

ကာကွယ်ပြောကြားသွားတဲ့

အမေရိကန် သမ္မတစကားနဲ့

သွားတူနေတာပါကလား

“ ရေဂင် ” အလုံးက

သူ့ပါးစပ်ထဲရောက်နေတာကိုး။

သတင်းစာဆရာကြီးများတဲ့အတိုင်း

မိမိတို့အနေဖြင့်

ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း

ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း

ထို့ကြောင့်

ဟ၀ှာပြုစေလိုကြောင်း…..

သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့

ရှင်းလင်းချက်ပေါ့

ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ

တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လ

ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး

ဘာမှလည်းနားမလည်ဘဲနဲ့

အဲဒါပေါ့

လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ

လာပါပြီ…. လာပါပြီ….

နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့

ဥက္ကဌတဲ့…..

(၅)

သူ့ရဲ့ အနှစ်ဆုံးဝါသနာက

မိန့်ခွန်းပြောခြင်းပါတဲ့

“ ကိုယ်မပြောချင်ဘူး

ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်

အဲဒါကဘာလဲဆိုရင်

ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့

မှတ်သားလောက်ပါပေရဲ့

“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ

ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ

ဟုတ်ကဲ့

ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့

တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့

တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်

လုပ်ဆိုတဲ့အထဲမှာ

အခြေခံဥပဒေနဲ့

အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့

အခြေခံဥပဒေဆိုတာ

မာရှယ်လောဥပဒေလို

ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ

အာဏာလွှဲတယ်ဆိုတာ

အာဏာသိမ်းသလို

ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)

ဒါပေမယ့်

လွှဲမှာပါ.. လွှဲမှာပါ..

ပုခက်လွှဲသလို လွှဲမှာပါ

ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်

ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့

တခါလာလဲ ဒေါက်တာမောင်မောင်

တခါလာလဲ ဒေါက်တာမောင်မောင်

စာအုပ်ကြော်ငြာပေးတာလား

ဒါဆိုဒီလိုလုပ်လေ

ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်

ဆရာမောင်ဆေးနီမှုန့်တထုပ်

လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား

သိပ်ရောင်းကောင်းမယ်နော်။

ဒါနဲ့နေစမ်းပါအုံး

မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်

သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး

ရှေးက ကဗျာတပုဒ်ထဲက

စာကြောင်းတကြောင်း သတိရမိတယ်

“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့

နိဂုံးချုပ်အားဖြင့်ပြောရရင်

တပ်မတော်ရဲ့

လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့

“ ဒို့အဖေကြီးမို့ကာကွယ်မလေ

ဒို့အဖေကြီးမို့ကာကွယ်မလေ

ဒို့အဖေကြီးမို့ကာကွယ်မလေ ”

အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ……..

...........................မင်းလူ(၁၉၈၉)


နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS