ကိုနေမျိုးဇင် MSDN အား ပုဒ်မ ၁၈ ဖြင့် လက်ထိပ်ခတ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့




ပုဒ်မ ၁၈ သည် မြန်မာလူမျိုး အပေါင်းကို ယခု ကဲ့သို့ ခြိမ်းခြောက် လျှက် ရှိနေသေးပါသဖြင့် ဥပဒေ ကို အမြန်ဆုံး ပြင်ဆင်ပေးပါရန် လွှတ်တော်ကို တောင်းဆိုပါသည်။
သို့မဟုတ်ပါက ဥပဒေကို လိုသလို အသုံးချနေသော ရဲများ ကြောင့် နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပွားလာပါက တိုင်းပြည် အသွင်ပြောင်းလဲရေး ဖြစ်စဉ်များအတွက် အနှောက် အယှက်ဖြစ်လာနိုင်ပေသည်။
လူထု အတွက် လွတ်လပ်ခွင့် မရအောင် လမ်းဘေးမှာ လူစုစု တွေ့လို့မှ ခွင့်ပြုချက် မရပဲ စကား ၀င်ပြောခဲ့လျှင် ပုဒ်မ ၁၈ ဖြင့် ယခုလို လက်ထိပ်ခတ် ဖမ်းဆီးလို့ ရသည်ဟု ဧရာဝတီတိုင်းမှ ရဲတို့က နားလည်နေကြသည်။
ထို့ကြောင့် ထိုသို့သော ရဲများ လူထုကို ဖိစီးနှိပ်စက်မှုဖြစ်နေစေသော ၀န်ထမ်းများကို ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲ လေ့ကျင့် ပုံပြောင်း အစားထိုး တည်ဆောက်ပေးရန် အကြီးမားဆုံးသော လူထု တောင်းဆိုပွဲကြီးတရပ်ကို ဖေဖေါ်ဝါရီ (၁၃) တွင် ကျင်းပရန် ပြင်ဆင်မည်ဖြစ်ပါသည်။
BY NAY MYO ZIN

Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ