Monday, February 4, 2013

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO တို့ ပူးတွဲ ကြေငြာချက်ထုတ်ပြန် -

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီ နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေးအဖွဲ့တို့၏ ပူးတွဲ ကြေငြာချက် အပြည့်အစုံ မှာ - 

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ၊ ပြည်ထောင်စု
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး
အဖွဲ့(KIO) ဆွေးနွေးရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ်၊ ဖေဖဖေါ်ဝါရီလ ၄ ရက်နေ့ (၀၉၀၀)
အချိန်တွင် တရုတ်ပြည်သ့သူ မ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် တေ့ဆွုံ
ဆွေးနွေးခဲ့ပြီး (၁၆၁၅) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ
သံအမတ်ကြီး Mr. Luo Zhaohui ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့်
အဖွဲ့ဝင်(၁)ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်မှူးချုပ်
စိုင်းလူးနှင့် အဖွဲ့ဝင် (၂)ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗျက်လျန် တို့သက်သေများ
အဖြစ် တက်ရောက်ခဲ့ကြပါသည်။

၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဖက်စစ်ရေး
တင်းမာမှုများ လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ်အစည်းအဝေးအတွက် ပြင်ဆင်မှု၊
နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့်
အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

၎။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့အစည်းအနေဖြင့် UNFC နှင့်ညှိနှိုင်းပြီးနောက်
ဖေဖေါ်ဝါရီလ မကုန်မှီကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေးဆွေးနွေးပွဲများကို
ဆက်လက်ကျင်းပသွားကြရန် သဘောတူကြပါသည်။

၅။ အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည်
ဖေါ်နိုင်ရန် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ်
ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေးဆောင်ရွက်ရန် သဘောတူညီသည်။

၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်။ ရွှေလီမြို့။

How to: Flash Photography - Bikini Powder Girl

One light setup for low key body details using a speedlight

Simply Boudoir Trailer - Photography Tutorial by Damien Lovegrove

Sunday, February 3, 2013

နေဇော် ၏ တေးစီးရီးသစ် ငပွေး CD Valentine's Day တွင်ထွက်ရှိမည်



NLD - Hip-Hop သီချင်း "ထလော့မြန်မာ" ဖြင့် ပရိတ်သတ် လက်ခံလာခဲ့သူ အဆိုတော်နေဇော်က သူ၏တေးစီးရီး
အယ်ဘမ် အား လာမည့် Valentine's Day ၁၄-၂--၂၀၃ တွင် သူ့ကိုချစ်သော ပရိတ်သတ်အတွက် အခြားပါဝင်သော အဆိုတော်များနှင့်အတူ သီဆိုဖျော်ဖြေကာ အမှတ်တရ လက်မှတ်များ ထိုးပေးသွားမည်ဖြစ်ပြီး ၊ အခြားပျော်ရွှင် ရင်ခုံစရာ ဂိမ်းများလည်း ပါဝင်သွားမည်ဟု သိရှိရသည်။

အဆိုပါအခွေအား တေးရေး ကိုတင်အောင်သန်း ၊ ကိုနေ၀င်း ၊ သုခမိန်လှိုင် ၊ အေသင်ချိုဆွေ ၊ အေးမြဖြူ တို့က ပါဝင် အားဖြည့်သီဆိုထားပါကြောင်း ...

ချစ်တဲ့သူများသို့ ....
ဟေ့ သူငယ်ချင်း Valentine Day ရောက်တော့မယ်နော် ....
မင်းရဲ့ချစ်သူလက်ကိုတွဲပြီး ငါ့ရဲ့ Album Promotion ပွဲကိုလာခဲ့ပါလား ....
လိုက်ဖက်တဲ့ချစ်သူတွေကို အမှတ်တရလက်ဆောင်တွေပေးချင်လို့ပါ ...
သြော် ... မင်း အသဲကွဲနေတာလား .....
စိတ်မပူနဲ့ သူငယ်ချင်း ... အလှဆုံးကောင်မလေးတွေကိုရွေးပြီး ...
မင်းဘယ်လောက်ချစ်တတ်တယ်ဆိုတာ ပြောခွင့်ရအောင် ငါစီစဉ်ထားတယ် ...
သူကြိုက်သွားရင် မင်းကိုငါ လက်ဆောင်ပေးမယ်လေ ...
ကျန်တာတော့ မင်းသမိုင်းပေါ့ ....
အချစ်ဆိုတာ အလွန်အေးမြတဲ့ Star Cola တစ်ဗူးကိုတရှိုက်ထဲမော့သောက်လိုက်ရသလိုပဲ ....
ပြင်းရှပြီးချိုမြတယ်လေ .....
မင်းရော .. အဲဒီလိုမော့သောက်နိုင်ပါ့မလား .....
Star Cola ပြိုင်သောက်နိုင်ရင် .... အချစ်ကိုလည်းနိုင်လောက်တော့ ...
မင်းကိုငါ လက်ဆောင်ပေးရမှာပေါ့ .....
မင်းသိပါတယ် .... နေဇော်နဲ့ ဂီတရုပ်ရှင်နယ်အသီးသီးက အနုပညာသူငယ်ချင်းတွေ ...
အမှတ်တရ လက်မှတ်ရေးထိုးပြီး အချစ်သီချင်းတွေဆိုကြမယ် ...
ဒါပေမယ့် အဲဒီနေ့ကြရင် မင်းတို့ ငါ့ကို နိုင်ငံရေးသီချင်းတွေ မဆိုခိုင်နဲ့နော် ....
နေဇော် (ငပွေး) တစ်ယောက် ဖေဖော်ဝါရီအိပ်မက်ထဲမှာပဲ အချစ်သီချင်းတွေ ဆိုပါရစေ ...
အသည်းကွဲနေတဲ့ နေဇော် (ငပွေး)
14th Feb , 2013 ( Valentine Day )
နေ့လည် (1း00 - 3း00 နာရီ )
ပြည်သူ့ရင်ပြင် Happy Zone မြေနီကုန်းမှာ စောင့်နေမယ်ဗျာ ....


Saturday, February 2, 2013

အဆိုတော် မိုးကျော်လှိုင် ၏ ပဉ္စမမြောက် တေးစီးရီး VCD ရိုက်ကူးပြီးစီး


မြန်မာသံတေး အဆိုတော် မိုးကျော်လှိုင် (ရွှေဘို) ၏ ဓမ္မလင်္ကာ တေးကဗျာ စီးရီး VCD Karaoke အား ရိုက်ကူးပြီးစီး နေပြီဖြစ်ပြီး ၂၀၁၃ ဧပြီလ ၃၀ ရက်နေ့တွင် တစ်ပြည်လုံးသို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဓမ္မတေးစီးရီး တွင် တေးရေး - ရွှေတိုင်ညွန့် ၊ ရွှေပြည်အေး ၊ ဦးဘဟန် (မန္တလေး) ၊ အေ၀မ်းဆရာညှာ ၊ စစ်ကိုင်း ဆရာကြည် ၊ ဂီတာတင်အုန်း တို့ ရေးစပ်ထားသော အောင်မြင်ကျော်ကြားသည့် တေးသီချင်းများကို ဂီတမှူး စန္ဒယား မောင်လှအေး ၊ သီရိမောင်မောင် ၊ မိုးဇော်ဗိုလ် တို့၏ မြန်မာ့ ဆိုင်းဝိုင်း တို့ဖြင့် တီးခတ် အလှဆင်ထားကာ စီစဉ်သူ ညီညီ (လ၀န်းသစ်) ၊ ဒါရိုက်တာ မောင်စိတ္တတို့မှ ပုံဖော်ရိုက်ကူးကာ ကင်မရာမင်း အောင်မျိုးမြင့် နှင့် အခြား ကင်မရာမင်းပေါင်း များစွာ တို့မှ လက်စွမ်းပြ ချယ်မှုန်းထားသည် ဖြစ်ပါကြောင်း သီတင်းကောင်းပါးအပ်ပါသည်။
ဓမ္မတေး မိတ်ဆွေများ ကြိုတင်မှာကြားလိုပါက -
ကိုရဲမြင့်မြတ် - ၀၉၆၈၁၂၈၇၁
ဇင်မျိုး         - ၀၉၄၂၀၀၆၂၃၁၅ - တို့သို့ ဆက်သွယ်မှာ ကြားနိုင်ပါကြောင်း ... ။

ကိုနေမျိုးဇင် MSDN အား ပုဒ်မ ၁၈ ဖြင့် လက်ထိပ်ခတ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့




ပုဒ်မ ၁၈ သည် မြန်မာလူမျိုး အပေါင်းကို ယခု ကဲ့သို့ ခြိမ်းခြောက် လျှက် ရှိနေသေးပါသဖြင့် ဥပဒေ ကို အမြန်ဆုံး ပြင်ဆင်ပေးပါရန် လွှတ်တော်ကို တောင်းဆိုပါသည်။
သို့မဟုတ်ပါက ဥပဒေကို လိုသလို အသုံးချနေသော ရဲများ ကြောင့် နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပွားလာပါက တိုင်းပြည် အသွင်ပြောင်းလဲရေး ဖြစ်စဉ်များအတွက် အနှောက် အယှက်ဖြစ်လာနိုင်ပေသည်။
လူထု အတွက် လွတ်လပ်ခွင့် မရအောင် လမ်းဘေးမှာ လူစုစု တွေ့လို့မှ ခွင့်ပြုချက် မရပဲ စကား ၀င်ပြောခဲ့လျှင် ပုဒ်မ ၁၈ ဖြင့် ယခုလို လက်ထိပ်ခတ် ဖမ်းဆီးလို့ ရသည်ဟု ဧရာဝတီတိုင်းမှ ရဲတို့က နားလည်နေကြသည်။
ထို့ကြောင့် ထိုသို့သော ရဲများ လူထုကို ဖိစီးနှိပ်စက်မှုဖြစ်နေစေသော ၀န်ထမ်းများကို ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲ လေ့ကျင့် ပုံပြောင်း အစားထိုး တည်ဆောက်ပေးရန် အကြီးမားဆုံးသော လူထု တောင်းဆိုပွဲကြီးတရပ်ကို ဖေဖေါ်ဝါရီ (၁၃) တွင် ကျင်းပရန် ပြင်ဆင်မည်ဖြစ်ပါသည်။
BY NAY MYO ZIN

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS