Tuesday, February 12, 2013
၆၆ နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က အဆိုပါ တိုင်းရင်းသားများ ပြည်နယ် ၊ ပြည်မ
မခွဲခြားဘဲလွတ်လပ်ရေးရယူမည်ဖြစ်ကြောင်း ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့ကြသည်။ အဆိုပါ
စာချုပ်ကြောင့် ပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာခဲ့ရသည်။
အဆိုပါစာချုပ်ကြောင့်ပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး (တစ်ချိန်တည်း) ပြည်မရော
တောင်တန်းဒေသများ ပါ လွတ်လပ်ရေးရရှိခဲ့သည်။ အဆိုပါစာချုပ် ချုပ်ဆိုနိုင်ရေးအတွက်
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေ့မအား ၊ ညမအား ကြိုးပမ်းခဲ့ရလေသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြိုးစားခဲ့ သော ၊ ပြည်သူများ အသက် ၊ သွေး ၊ ချွေး ပေါင်းများ စွာဖြင့်
အရယူထားခဲ့သော လွတ်လပ်ရေးနှင့် တိုင်းရင်းသား ညီအစ်ကိုများ အားလုံး ဥမကွဲ သိုက်မပျက်
ပါဝင်သော ပြည်ထောင်စုကြီး ရေရှည် အဓွန့်ရှည် တည်တံ့ပါစေကြောင်း၊ စစ်မှန်ငြိမ်းချမ်းသော
ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ ခိုင်မြဲပါစေကြောင်း ဆန္ဒပြု ဆုတောင်း ရင်း ...
(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆို ဂုဏ်ပြုအပ်ပါသည်။
MA & NM
Myanmar Arts & News Media
The
Panglong(Pinlon) Agreement was reached between the Burmese government under
General Aung San and the Shan, Kachin, and Chin peoples on 12 February 1947.
The agreement accepted "Full autonomy in internal administration for the
Frontier Areas" in principle and envisioned the creation of a Kachin State
by the Constituent Assembly. It continued the financial relations established
between the Shan states and the Burmese Federal Government, and envisioned
similar arrangements for the Kachin Hills and the Chin Hills. The day is
celebrated in Myanmar as Union Day each February 12.
The Panglong Agreement, 1947
The Panglong Agreement, 1947
Text of the Agreement signed at Panglong on the 12th February, 1947 by Shan, Kachin and Chin leaders, and by representatives of the Executive Council of the Governor of Burma
A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representatives of the Shan States, the Kachin Hills and the Chin Hills, the members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government, have accordingly, and without dissentients, agreed as follows:
(I) A representative of the Hill peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples, shall be appointed a Counsellor to the Governor to deal with the Frontier Areas.
(II) The said Counsellor shall also be appointed a member of the Governor's Executive Council without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by constitutional convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means.
(III) The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of the respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility.
(IV) While the Counsellor in his capacity of Member of the Executive Council will be the only representative of the Frontier Areas on the Council, the Deputy Counsellor(s) shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed.
(V) Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of these Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.
(VI) Though the question of demarcating and establishing a separate Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo District as are Part 2 Scheduled Areas under the Government of Burma Act of 1935.
(VII) Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.
(VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.
(IX) The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Chin Hills are entitled to receive from the revenues of Burma and the Executive Council will examine with the Frontier Areas Counsellor and Deputy Counsellor(s) the feasibility of adopting for the Kachin Hills and the Chin Hills financial arrangements similar to those between Burma and the Federated Shan States.
SIGNATORIES
Burmese Government:
Aung San
Kachin Committee:
Sinwa Naw, Myitkyina
Zaurip, Myitkyina
Dinra Tang, Myitkyina
Zau La, Bhamo
Zau Lawn, Bhamo
Labang Grong, Bhamo
Chin Committee:
Pu Hlur Hmung, Falam
Pu Thawng Za Khup, Tiddim
Pu Kio Mang, Haka
Shan Committee:
Saohpalong of Tawngpeng State.
Saohpalong of Yawnghwe State.
Saohpalong of North Hsenwi State.
Saohpalong of Laihka State.
Saohpalong of Mong Pawn State.
Saohpalong of Hsamonghkam State
Representative of Hsahtung Saohpalong. Hkun Pung
U Tin E
U Htun Myint
U Kya Bu
Hkun Saw
Sao Yape Hpa
Hkun Htee
Reference: This text is taken from pp404–405 of Hugh Tinker's Burma: The Struggle for Independence 1944-1948 (Vol. II) London, HMSO 1984.
Monday, February 11, 2013
ပြည်ထာင်စုနေ့အမှတ်တရ ဖေဖော်ဝါရီလ ၁၂ ရက် ၁၉၄၇ မှသည် ၂၀၁၃ ထိ
ဓာတ်ပုံ အင်တာနက်
အနော်ရထာ၊ ဘုရင့်နောင်နဲ့
အလောင်းမင်းတရားကြီး လက်ထက်ကမြန်မာ
တစ်ပြည်လုံး တပေါင်းတစည်းထဲအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ
ဗြိတိလျှအစိုးရ
ရဲ့အုပ်ချုပ်ရေးပရိယာယ် လက်အောက်မှာတော့
ဗမာမြေပြန့် ဒေသရယ်…
ရှမ်းနဲ့တောင်တန်းဒေသများရယ်လို့
သွေးခွဲအုပ်ချုပ်ခံခဲ့ရပါတယ်.. ဗြိတိသျှ အစိုးရ
လက်အောက်မှာ ကျေနပ်နေတဲ့တိုင်းရင်းသားတွေဟာ..
ဂျပန်ဖက်ဆစ်လက်အောက်
ရောက်မှ လွတ်လပ်ရေးအတွက်ပါဝင်ခဲ့ကြပါတယ်...
၁၉၄၇ ခုနှစ် အမျိုးသား
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
ကြိုးပမ်းမှုအောက်မှာ မြန်မာနိုင်ငံကို
လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့်
အခြေအနေကို ရောက်လာတဲ့အခါ
ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့
ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး
ရှမ်းပြည်နဲ့ တောင်တန်းဒေသကို
ချန်ထားလိုပါတယ်။ သူတို့အုပ်ချုပ်မှုမှာကျေနပ်နေတဲ့
တိုင်းရင်းသားတွေအတွက်တော့
တောင်တန်းသားများရဲ့ သဘောထားအရ
ပေါင်းစည်းနိုင်မှသာလျှင်
ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။ ဖေဖော်ဝါရီ ၁၁
ရက်နေ့ညနေတွင်မှ မြန်မာတိုင်းရင်းသားပေါင်းစုံ
ညီညွတ်မှုကို ရရှိခဲ့သည်။
နောက်တစ်နေ့ ဖေဖော်ဝါရီလ
၁၂ ရက်နေ့ နံနက် ၁၀ နာရီ
အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည်
တိုင်းရင်းသား သွေးစည်းမှု
အဆောက်အအုံကို တည်ဆောက်ပေးသည့်
တောင်တန်းဒေသများက ပြည်မကြီးနှင့်
ပူးပေါင်းရန် သဘောတူညီသော
ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။
ယင်းသို့ တစ်ပြည်ထောင်လုံးရှိ
တိုင်းရင်းသားပေါင်းစုံ၏
သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို
‘‘ပြည်ထောင်စုနေ့’’ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ
ယနေ့အထိ
ဖြစ်သည်။ တကယ်တော့ ပင်လုံစိတ်ဓာတ်၊
ပင်လုံသဘောတူညီချက်ဆိုတဲ့
ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။
အင်အားကြီးမားတဲ့ ဆိုဗီယက်ယူနီယံကြီး
အပြိုပြိုအကွဲကွဲ ပြိုဆင်းသွားခြင်းဟာအမေရိကန်တွေအတွက်ဝမ်းသာစရာပါ....
ကမ္ဘာပေါ်မှာ လွှမ်းမိုးနိုင်မှုအင်အားနည်းသွားလို့ဖြစ်ပါတယ်…
၆၆နှစ်
ကြာခဲ့သည့်တိုင်အောင် ဘေးကသွေးခွဲစကားတွေနဲ့
သွေးကွဲနေဦးမှာလား…?
စီးပွားရေး၊ လူမှုရေး စသည်ဖြင့်
အာရှနိုင်ငံများနှင့် ယှဉ်ခဲ့ရင်တောင် အဘက်ဘက်က
နောက်ကျန်ရစ်နေတဲ့ မြန်မာပြည်မှာ...
သွေးကွဲပြီး အချိန်ကုန်ပြီး
အသက်ပေါင်းများစွားစတေးနေမဲ့အစား..
၂၀၁၃ မှာ အတူတကွ လက်တွဲနိုင်ပြီး…
ဒီမိုကရေစီ စစ်စစ်ရရှိတဲ့
နိုင်ငံတော်သစ်သို့ ပြည်ထောင်စု တိုင်းရင်းသား
အားလုံးသွေးစည်းညီညွတ်စွာနဲ့
တက်ညီလက်ညီ ဆောင်ရွက်နိုင်ပါစေလို့…
မေမဒ္ဒီဆုတောင်းမိပါတော့တယ်…(စည်းလုံးခြင်းသည်အင်အား)
မေမဒီ
Sunday, February 10, 2013
တရားဥပဒေ စိုးမိုးရေး နှီးနှောဖလှယ်ပွဲ ဥရောပသမဂ္ဂနဲ့ မြန်မာအစိုးရတို့ ကျင်းပ
Photo Credit - ခွန်ဒီးယမ် - Facebook |
ဥရောပသမဂ္ဂနဲ့ မြန်မာအစိုးရတို့ ပူးတွဲပြီး မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး
မျှော်လင့်ချက်များနဲ့ အလားအလာများ (The Rule of Law in
Myanmar Perspective and
Prospects) ဆိုတဲ့ ခေါင်းစဉ်နဲ့ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို
ဒီကနေ့ နေပြည်တော်ရှိ
သင်္ဂဟဟိုတယ် စည်းဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီနှီးနှောဖလှယ်ပွဲကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့
တည်ငြိမ်ရေးကော်မတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်၊
ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်
သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊
ရှေ့နေချုပ် ဒေါက်တာထွန်းရှင် တို့ တက်ရောက်ခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည် က မြန်မာ
နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
စည်းဝေးပွဲ တက်ရောက်လာတဲ့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်
သံအမတ်ကြီး
မစ္စတာ ဒေးဗစ်လစ်ပ်မင်နဲ့ ရှေ့နေချုပ် ဒေါက်တာထွန်းရှင် တို့ကလည်း အမှာစကားအသီးသီး
ပြောကြားခဲ့ကြပါတယ်။ အဲဒီ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို
သမ္မတ
အကြံပေးပုဂ္ဂိုလ် ဦးစစ်အေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ဦးကျော်ထွန်း၊
နိုင်ငံရေးပါတီတွေက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားသူတွေ
တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
Saturday, February 9, 2013
Wednesday, February 6, 2013
နှင်းဆီခရီးသည် - Feb -8/9 - ပြည်သူ့ဥယျာဉ်
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၏နှင်းဆီခရီး
လူရွှင်တော်များအဖြစ် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း
နှင့် မိုးမိုးတို့ကလည်းကောင်း၊ မင်းသမီးများအဖြစ် ဖူးစုံ၊ မေကဗျာ နှင့်
မိုးယုစံ တို့မှ လည်းကောင်း ပါဝင်ကြမည်ဖြစ်ပါသည်။
နှင်းဆီခရီးသည်အငြိမ့်ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြင့်
တင်ရေးကော်မတီ ရံပုံငွေပွဲ အနေဖြင့် စီစဉ်နေခြင်း
ဖြစ်ပါသည်။
Main Sponsors များမှာ Air Bagan နှင့် Asian Wings တို့ဖြစ်ပြီး
Co Sponsor မှာ Dagon Malta Fresh နှင့် Mingalar Hall,
Kandawgyi Hotel တို့ဖြစ်ပါသည်။
မြန်မာပြည် လျှပ်စစ်မီး ရရှိရေး ကမ္ဘာ့ဘဏ် ကူညီမည်
မြန်မာပြည်ဆိုင်ရာ ကမ္ဘာ့ဘဏ် အမှုဆောင် အရာရှိချုပ် Jin-Yong Cai
တိုင်းပြည်ထဲ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် မရတဲ့ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား ပေးရေးဆိုင်ရာ အကူအညီတွေ ပေးသွားမယ်လို့ ကမ္ဘာဘဏ် လက်အောက်က အပြည်ပြည်ဆိုင်ရာ ငွေကြေး ကော်ပိုရေးရှင်း က ပြောလိုက်ပါတယ်။ အာဏာပိုင် အစိုးရအနေနဲ့ ရှေ့လာမယ့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပြည်သူကို ရှေ့တန်းတင်ပြီး ရဲရဲဝင့်ဝင့် ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်ဖို့ လိုအပ်တယ် ဆိုပြီးတော့လည်း ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေက ရန်ကုန်မြို့ Chatrium Hotel မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ကမ္ဘာ့ဘဏ်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူ ခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။
လူ ၄ ဦးမှာ တဦးသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် ရတဲ့ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီးတော့ အကူအညီတွေပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကမ္ဘာဘဏ် အကြီးအကဲ တွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ကာလတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် နိုင်ဖို့အတွက် ကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အားတွေ ရရှိဖို့ လိုအပ်တယ်လို့လည်း ကမ္ဘာ့ဘဏ် အမှု ဆောင် အရာရှိချုပ် မစ္စတာ ဂျင်ယောင် ချိုင်း (Jin-Yong Cai) က ပြောပါတယ်။
“နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုတွေအစား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်ဖို့၊ အစိုးရကို အကူအညီ ပေးဖို့ ကျနော်တို့ ရည်ရွယ်တာပါ။ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဟာ အစိုးရကိုရော၊ တိုင်းပြည်ကိုပါ တတ်နိုင်တဲ့ ရေရှည်ခံမယ့် လက်လှမ်းမှီနိုင်တဲ့ အခြေအနေမျိုးရောက်အောင် ကူညီဖို့ ဖြစ်ပါတယ်”
ရေအားလျှပ်စစ် စက်ရုံတွေရဲ့ ထုတ်လုပ်ပေးနိုင်တဲ့ ပမာဏ လျှော့နည်းနေတာတွေ၊ သဘာဝ ဓာတ်ငွေ့ ကို အကန့်အသတ်နဲ့ ထုတ်လုပ်နိုင်တွေကြောင့် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား အလုံအလောက် မရ တာလို့လည်း မစ္စတာ ဂျင်ယောင် ချိုင်း (Jin-Yong Cai) က ပြောပါတယ်။
ကမ္ဘာ့ဘဏ်အနေနဲ့ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တွေကိုလည်း လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ် ပြောခွင့်ရသူတွေ က ပြောပါသေးတယ်။
လက်ရှိ မြန်မာနိုင်ငံဟာ အရပ်သား အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ ပြည်သူကို ရှေ့တန်းတင်ပြီးတော့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်အောင် ရဲရဲဝင့်ဝင့် ဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာ ဂျင်ယောင် ချိုင်း (Jin-Yong Cai) က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို လတ်တလော ချေးငွေအဖြစ် အတိုးမဲ့ အမေရိကန်ဒေါ်လာ ၁၆၅ သန်း ကို ပံ့ပိုးပေးထားတာဖြစ်ပြီး မကြာသေးခင်တုန်းကလည်း ကျေးလက်ဒေသမှာ ရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေအတွက် ဒေါ်လာ သန်း ၈၀ ကိုလည်း ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။
“ထူးထူးခြားခြား မီးမောင်းထိုးပြချင်တဲ့ တချက်ကတော့ ကျေးရွာတွေမှာ ကျောင်းတွေ၊ ဆေးခန်း
တွေ၊ ကျေးလက်ဒေသ ရေရရှိရေး စတာတွေ တိုးတက်ဖို့အတွက် ဖွံ့ဖြိုးမှု သင်တန်းတွေ ပေးဖို့ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၈၀ အထောက်အပံ့ ပေးခဲ့တာပါပဲ”
ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက် ဆောင်ရွက်နေတဲ့ ကာလမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာကို ပံ့ပိုး ကူညီပေးတာမျိုးတွေ လုပ်ဆောင်မှာဖြစ်သလို၊ အဆိုးရွားဆုံး အခြေအနေကိုရောက်နေ တဲ့ ပြည်တွင်းက လယ်ယာကဏ္ဍကိုလည်း ပံ့ပိုးကူညီဖို့အတွက် ဦးစားပေး နယ်မြေသတ်မှတ်တာတွေကို အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေတယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်တွင်းမှာ လိုအပ်နေတဲ့ ဆက်သွယ်ရေး စနစ်တွေ ကောင်းအောင် ဖန်တီးပေးနိုင်ဖို့ အတွက်လည်း ကမ္ဘာ့ဘဏ် က ကူညီဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
“လာမယ့်လ အနည်းငယ်အတွင်းမှာ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်တွေကို ရွေးချယ်ပေးနိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။ အလားအလာရှိတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်တဲ့ လုပ်ငန်းကို ခပ်မြန်မြန် အကောင်အထည် ဖော်နိုင်ဖို့ ရှိပါတယ်။”
ကမ္ဘာ့ဘဏ်လုပ်ငန်းစုက အကြီးအကဲပိုင်း တာဝန်ယူထားသူတွေဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ က ရောက်ရှိနေခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အပါအ၀င် သက်ဆိုင်ရာ အစိုးရ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေဆုံခဲ့ပါတယ်။
အစိုးရနဲ့ အတိုက်အခံပါတီ တခုဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ ဆင်းရဲတဲ့ လူတန်းစားတွေ ဘ၀ကို မြှင့်တင်ပေးဖို့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာတွေကိုလည်း အဖြေရှာခဲ့ကြပါ သေးတယ်ခင်ဗျာ။
Credit: VOA Burmese/ အောင်ရဲ မောင်မောင်/ 05.02.2013
Photo Credit & Description: AP/ မြန်မာပြည်ဆိုင်ရာ ကမ္ဘာ့ဘဏ် အမှုဆောင် အရာရှိချုပ် Jin-Yong Cai
Link URL: http://burmese.voanews.com/
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...