ဓာတ်ပုံ အင်တာနက်
အနော်ရထာ၊ ဘုရင့်နောင်နဲ့
အလောင်းမင်းတရားကြီး လက်ထက်ကမြန်မာ
တစ်ပြည်လုံး တပေါင်းတစည်းထဲအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ
ဗြိတိလျှအစိုးရ
ရဲ့အုပ်ချုပ်ရေးပရိယာယ် လက်အောက်မှာတော့
ဗမာမြေပြန့် ဒေသရယ်…
ရှမ်းနဲ့တောင်တန်းဒေသများရယ်လို့
သွေးခွဲအုပ်ချုပ်ခံခဲ့ရပါတယ်.. ဗြိတိသျှ အစိုးရ
လက်အောက်မှာ ကျေနပ်နေတဲ့တိုင်းရင်းသားတွေဟာ..
ဂျပန်ဖက်ဆစ်လက်အောက်
ရောက်မှ လွတ်လပ်ရေးအတွက်ပါဝင်ခဲ့ကြပါတယ်...
၁၉၄၇ ခုနှစ် အမျိုးသား
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
ကြိုးပမ်းမှုအောက်မှာ မြန်မာနိုင်ငံကို
လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့်
အခြေအနေကို ရောက်လာတဲ့အခါ
ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့
ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး
ရှမ်းပြည်နဲ့ တောင်တန်းဒေသကို
ချန်ထားလိုပါတယ်။ သူတို့အုပ်ချုပ်မှုမှာကျေနပ်နေတဲ့
တိုင်းရင်းသားတွေအတွက်တော့
တောင်တန်းသားများရဲ့ သဘောထားအရ
ပေါင်းစည်းနိုင်မှသာလျှင်
ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။ ဖေဖော်ဝါရီ ၁၁
ရက်နေ့ညနေတွင်မှ မြန်မာတိုင်းရင်းသားပေါင်းစုံ
ညီညွတ်မှုကို ရရှိခဲ့သည်။
နောက်တစ်နေ့ ဖေဖော်ဝါရီလ
၁၂ ရက်နေ့ နံနက် ၁၀ နာရီ
အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည်
တိုင်းရင်းသား သွေးစည်းမှု
အဆောက်အအုံကို တည်ဆောက်ပေးသည့်
တောင်တန်းဒေသများက ပြည်မကြီးနှင့်
ပူးပေါင်းရန် သဘောတူညီသော
ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။
ယင်းသို့ တစ်ပြည်ထောင်လုံးရှိ
တိုင်းရင်းသားပေါင်းစုံ၏
သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို
‘‘ပြည်ထောင်စုနေ့’’ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ
ယနေ့အထိ
ဖြစ်သည်။ တကယ်တော့ ပင်လုံစိတ်ဓာတ်၊
ပင်လုံသဘောတူညီချက်ဆိုတဲ့
ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။
အင်အားကြီးမားတဲ့ ဆိုဗီယက်ယူနီယံကြီး
အပြိုပြိုအကွဲကွဲ ပြိုဆင်းသွားခြင်းဟာအမေရိကန်တွေအတွက်ဝမ်းသာစရာပါ....
ကမ္ဘာပေါ်မှာ လွှမ်းမိုးနိုင်မှုအင်အားနည်းသွားလို့ဖြစ်ပါတယ်…
၆၆နှစ်
ကြာခဲ့သည့်တိုင်အောင် ဘေးကသွေးခွဲစကားတွေနဲ့
သွေးကွဲနေဦးမှာလား…?
စီးပွားရေး၊ လူမှုရေး စသည်ဖြင့်
အာရှနိုင်ငံများနှင့် ယှဉ်ခဲ့ရင်တောင် အဘက်ဘက်က
နောက်ကျန်ရစ်နေတဲ့ မြန်မာပြည်မှာ...
သွေးကွဲပြီး အချိန်ကုန်ပြီး
အသက်ပေါင်းများစွားစတေးနေမဲ့အစား..
၂၀၁၃ မှာ အတူတကွ လက်တွဲနိုင်ပြီး…
ဒီမိုကရေစီ စစ်စစ်ရရှိတဲ့
နိုင်ငံတော်သစ်သို့ ပြည်ထောင်စု တိုင်းရင်းသား
အားလုံးသွေးစည်းညီညွတ်စွာနဲ့
တက်ညီလက်ညီ ဆောင်ရွက်နိုင်ပါစေလို့…
မေမဒ္ဒီဆုတောင်းမိပါတော့တယ်…(စည်းလုံးခြင်းသည်အင်အား)
မေမဒီ
No comments:
Post a Comment