Monday, April 1, 2013

Hot & Sexy Celebrities at SOE THU's Concert ... !!!













ဂျာကင်တွေဝတ်ရတာ သဘောကျတဲ့ သရုပ်ဆောင်အဆိုတော် သို့မဟုတ် ... အကယ်ဒမီ Dr.စိုးသူ

သရုပ်ဆောင် အဆိုတော် စိုးသူ

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

Dancer များရဲ့ Performance များနှင့် 

ပရိသတ်များကြားသို့ အကြိမ်ကြိမ်ဆင်းလာကာ ပျော်ရွှင်နေတဲ့ ကိုစိုးသူ

နန်းဆုရတီ စိုး နှင့်

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

သရုပ်ဆောင် အဆိုတော် စိုးသူမှ ပရိသတ်များအား တရင်းတနှီး နှုတ်ဆက်နေစဉ်
ပရိသတ်များကြားသို့ BMW ဆိုင်ကယ်ဖြင့် ၀င်ရောက်လာစဉ်

နန်းဆုရတီစိုးမှ အမှတ်တရ ပန်းစီးချီးမြှင့်စဉ်

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

ပါးပြင်ပေါ်က နှုတ်ခမ်းနီ တရားခံဘယ်သူလဲ ?

ပရိသတ်များ ကြားမှာ ပျော်ရွှင်စွာ သီဆိုဖျော်ဖြေပေးခဲ့တဲ့ ကိုစိုးသူ 

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်

 Forever Blossom မှ စီစဉ်ကာ သရုပ်ဆောင် အဆိုတော်စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မိုင်ဒါကွင်းတွင် ၀င်ကြေး အခမဲ့ ဖြင့်ကျင်းပ ပြုလုပ်ခဲ့သည်။
"ကျွန်တော့် ပရိသတ်ကို ကျွန်တော် အားပါးတရ ဖျော်ဖြေချင်တာကြောင့် ဒီပွဲလေးကို ပြုလုပ်ဖြစ်တာပါ။ အခုလို ပရိသတ်တွေအများကြီးက လာအားပေးတဲ့အတွက်လည်း ကျွန်တော် ၀မ်းသာပါတယ်။ ကျွန်တော် သီချင်းတွေ အများကြီး ဆိုပြချင်ပါတယ်။ ဒီတစ်ပွဲတင် မဟုတ်ပါဘူး။ နောက်ပွဲတွေ ရှိခဲ့ရင်လည်း ကျွန်တော့်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်" ဟု သရုပ်ဆောင် အဆိုတော် စိုးသူက ပရိသတ်များသို့ အမှတ်တရစကား ပြောကြားခဲ့ပါသည်။ 
Plus Three တီးဝိုင်းနှင့် တွဲဖက်ကာ အဆိုတော် စိုးသူမှ သူ၏ ထင်ရှားခဲ့သည့် တေးသီချင်းများ သီဆိုမှုဖြင့် စတင်ကာ ဖွင့်လှစ်ခဲ့ပြီး အောင်မြင်ခဲ့သော တေးသီချင်းများစွာကို သူ၏ ချစ်ပရိသတ်အတွက် အားပါးတရ သီဆိုဖျော်ဖြေပေးခဲ့သည်။
အကယ်ဒမီစိုးသူသည် သူချစ်သော အနုပညာလုပ်ငန်းများ နှင့် ပရိသတ်များအား ၁၁ နှစ်ကြာ စွန့်ခွာ ထားခဲ့ပြီး အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်ခဲ့သည်။ မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပြီး  မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးချိန်၌ အနုပညာလုပ်ငန်းများ ပြန်လည် လုပ်ဆောင်ခဲ့ရာတွင် ယခုပွဲသည် ပထမဆုံး ဖျော်ဖြေပွဲတစ်ခုဖြစ်ပြီး လက်ရှိတွင် ရုပ်မြင်သံကြား ကြော်ငြာများ လက်ခံရိုက်ကူးနေပြီး (အချို့ထုတ်လွှင့်လျက်ရှိ) စိုးသူသည် ဇာတ်ကားများကိုလည်း မကြာမီ ပြန်လည် ရိုက်ကူးနိုင်ရန် စီစဉ်လျက်ရှိပြီး သူချစ်သောပရိသတ်များသို့ အရောက်ပြန်လာကာ ပြန်လည် ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
ပရိသတ် ခြောက်သောင်းနီးပါးခန့် သည်းသည်းလှုပ် အားပေးခဲ့ကာ ညည့်နက်သည်အထိ မပြန်ကြသေးပဲ အားပေးခြင်းခဲ့သော ကိုပေါက်စ(ခ) ကိုစိုးသူ ဆက်လက် အောင်မြင် ပျော်ရွှင်ပါစေကြောင်း ဆုတောင်း လိုက်ပါသည်။ Myanmar Arts & News Media

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ရုံးခန်း နေရာပြောင်းလဲဖွင့်လှစ်



အလုပ်သမားနစ်နာချက်တွေ တိုင်တန်းလိုသူတွေ သိထားရမည့် သတင်းတစ်ခုဖြစ်ပါသည်။ ဧပြီလ ၁ ရက်နေ့ မှ စတင်ပြီး နေရာ သစ်ဖြစ်တဲ့ အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ကို ပြောင်းရွှေ့ဖွင့် လှစ် လိုက်ပြီဖြစ်ကြာင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဆက်သွယ်ရန် ဖုန်းနံပတ်များမှာ ၀၁- ၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၈၉၂၅၊ ၅၇၉ ၉၅၆ 
                   ဖက်စ်..............၀၁-၅၆၆၅၈၂ ဖြစ်ပြီး Po Box: 679 ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း  အတင်း အဓမ္မ အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား၊ အလုပ်သမားရေးဆိုင်ရာ စတဲ့
ပြဿနာများအား ဖြေရှင်း ရန်အတွက် ILO နဲ့ မြန်မာအစိုးရတို့ နားလည်းမှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး 
ရန်ကုန်တွင် ကိုယ်စားလှယ်ထားကာ ရုံးစိုက်ရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက် တိုင်ကြား လိုသူများ ILO ရုံး သစ်  အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် သို့ တိုက်ရိုက်ဆက်သွယ် နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။



Saturday, March 30, 2013

မဟာစည် မှ ဘွဲ့တံဆိပ်တော် ရ ဆရာတော် များ နှင့် လူပုဂ္ဂိုလ် ၁ ဦး အား ဂုဏ်ပြုပွဲ မှတ်တမ်း ဓာတ်ပုံ

မဟာစည် မှ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ခြင်း ခံရသော ဆရာတော် များ နှင့် လူပုဂ္ဂိုလ် ၁ ဦး အား ဂုဏ်ပြုပွဲ မှတ်တမ်း ဓာတ်ပုံများ 























ပဋိပက္ခ ဖြေရှင်းနည်း ၅ ခု




ပဋိပက္ခ ဖြေရှင်းနည်း ၅ ခု
ဒီနေ့ခေတ်မှာ စီမံခန့်ခွဲမှု ဘာသာရပ်ဟာ အရမ်းကို ခေတ်စားလာပါတယ်၊ အဲဒီထဲမှာ တစ်ခုအပါအ၀င် ဖြစ်တဲ့ Conflict Management ပဋိပက္ခ ဖြေရှင်းနည်းအကြောင်းလေးကို share လုပ်ပါရစေ၊ ဒီနေ့ခေတ် နိုင်ငံရေးအခြေအနေအရတော့ ဒါဟာ မသိမဖြစ်လို့တောင် ပြောရမှာပါပဲ။
ဒီပုံစံကို Thomas - Kilmann Style လို့ ခေါ်ပါတယ်။
Assertiveness ဆိုတဲ့ ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ခြင်းနှင့် Cooperation လို့ခေါ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ၂ခုကို ယှဉ်ပြထားပါတယ်။
ပဋိုပက္ခ တစ်ခုဖြစ်လာရင် ဖြေရှင်းနည်း ၅ ခု ရှိပါတယ်..
() Competing - အင်အားသုံး၊ ဖိအားပေးဖြေရှင်းခြင်းပါ။ Forcing လို့လဲ သုံးပါတယ်။ သူနိုင်ရင်ကိုယ်ရှုံး၊ သူရှုံးရင်ကိုယ်နိုင် (win-lose situation) ပုံစံမျိုးပါ၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပေမဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ လုံးဝကို မရှိနိုင်ပါဘူး။ (၁၉၈၈ အာဏာသိမ်းခြင်း)
() Avoiding - ရှောင်ရှားခြင်းပါ၊ နှစ်ဖက်လုံး ဒါမှမဟုတ် တစ်ဖက်ဖက်က ဒီပြဿနာကို ပါဝင်ဆွေးနွေးခြင်း မပြုတော့ဘဲ လျစ်လျူရှုလိုက်ခြင်းပါ။ ဘာဆိုဘာမှ ရလဒ်ထွက်မလာနိုင်တော့တဲ့ အခြေအနေပါ။ (၂၀၁၀ ရွေးကောက်ပွဲမ၀င်ရန် NLD ဆုံးဖြတ်ခြင်း)
() Accommodating - သူ့အကြိုက်ကို ပေးပြီး ပြေလည်အောင် လုပ်တာမျိုးပါ၊ ဒါဆိုရင် ကိုယ့်ရပ်တည်ချက်ကတော့ ပျောက်သွားနိုင်ပါတယ်။ (NLD ပါတီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်နိုင်ရန် သမ္မတကြီးမှ ဖြေလျော့ပေးခဲ့ခြင်း)
() Compromising - ဒါကတော့ လျှော့လိုက် တင်းလိုက် လုပ်တဲ့ပုံစံပါ။ သူဖြစ်ချင်တာရော၊ ကိုယ်ဖြစ်ချင်တာကိုပါ အကောင်အထည် ဖော်နိုင်ပါတယ်။ (လွှတ်တော်ထဲ ၀င်ဝင်ချင်း ကြုံရမည့် အနေအထား)
() Collaborating - နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ခြင်းပါ၊ နံပါတ် ၄ နဲ့ ကွာတာက အကျိုးအမြတ်ကို အဓိကထားတာ မဟုတ်ဘဲ၊ ယုံကြည်မှုကို အလေးပေးတာပါပဲ။ ရလဒ်အရလဲ အမြင့်ဆုံးမှာ ရှိနေပါတယ်။ (အနာဂတ် မျှော်လင့်ချက်)
ဒီလောက်ဆို ဘယ်နည်းက ဘယ်လိုဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့တယ်ဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေ အသိဆုံးဖြစ်မယ် ထင်ပါတယ်။ ဘ၀တွေ၊ အသက်တွေနဲ့ ရင်းခဲ့ရတာကိုးနော်။
ပဋိပက္ခဆိုတာဟာ Family level ကနေ Global level အထိ ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဖြစ်တဲ့ ပြဿနာအသေးလေးတွေကစလို့ ကမ္ဘာ့စစ်လို ကိစ္စမျိုးအထိ အသုံးကျနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်ဟာ အကောင်းဆုံးလဲ ဆိုတာသိရင် ရအောင်ကြိုးစားကြဖို့ပဲ လိုမယ်ထင်ပါတယ်။
By: Phio Thiha

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS