ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ရုံးခန်း နေရာပြောင်းလဲဖွင့်လှစ်



အလုပ်သမားနစ်နာချက်တွေ တိုင်တန်းလိုသူတွေ သိထားရမည့် သတင်းတစ်ခုဖြစ်ပါသည်။ ဧပြီလ ၁ ရက်နေ့ မှ စတင်ပြီး နေရာ သစ်ဖြစ်တဲ့ အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ကို ပြောင်းရွှေ့ဖွင့် လှစ် လိုက်ပြီဖြစ်ကြာင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဆက်သွယ်ရန် ဖုန်းနံပတ်များမှာ ၀၁- ၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၈၉၂၅၊ ၅၇၉ ၉၅၆ 
                   ဖက်စ်..............၀၁-၅၆၆၅၈၂ ဖြစ်ပြီး Po Box: 679 ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း  အတင်း အဓမ္မ အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား၊ အလုပ်သမားရေးဆိုင်ရာ စတဲ့
ပြဿနာများအား ဖြေရှင်း ရန်အတွက် ILO နဲ့ မြန်မာအစိုးရတို့ နားလည်းမှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး 
ရန်ကုန်တွင် ကိုယ်စားလှယ်ထားကာ ရုံးစိုက်ရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက် တိုင်ကြား လိုသူများ ILO ရုံး သစ်  အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် သို့ တိုက်ရိုက်ဆက်သွယ် နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။



Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ