ရွှေဥရာစုသစ် အာမခံ စိန် ၊ ရွှေ ၊ ရတနာဆိုင်မှ ၄င်းတို့အား အချိန်ကြာရှည်စွာ အားပေးလာကြသော Customer များ၏ မေတ္တာကို တုန့်ပြန်သောအားဖြင့် ၃၀% မှ ၅၀% Discount (အလျော့တွက်) ဖြင့် ၃၁-၃-၂၀၁၃ နေ့က Promotion ပွဲတော် အဖြစ် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ပြုလုပ်ကျင်းပရောင်းချခဲ့ကြောင်း သိရှိရသည်။ အဆိုပါပွဲသို ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီး များ ၊မော်ဒယ်များ ၊ မြန်မာပြည်သိန်းတန် နှင့် အခြားအဆိုတော်များလည်း တက်ရောက် အားပေး ခဲ့ကြသည်။
Tuesday, April 2, 2013
လိုင်ဇာသို့ ပထမဆုံး ရောက်ခဲ့သော ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ
ငြိမ်းချမ်းရေးလိုလားသူ လူငယ်များ ပေါင်းစုကာ လိုင်ဇာ(ကချင်) သို့ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ကာ ငြိမ်းချမ်းရေးအလံ စိုက်ထူခဲ့သော လိုင်ဇာသို့ ပထမဆုံး ရောက်ခဲ့သည့် အဖွဲ့မှ
လမ်းတစ်လျှောက် ၄င်းတို့ ကောက်ယူခဲ့သော ကြည်ဆံခွံများအား ဗုဒ္ဓ ဆင်းတုတော် ရုပ်တစ်ဆူ နှင့် ယေရှုသခင်၏ လက်ဝါးကပ်တိုင်ပုံစံများ သွန်းလောင်းသွားမည်ဟု သတင်းရရှိပါသည်။
အဆိုပါ ပွဲကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ၃၀-၃-၂၀၁၃ ပြုလုပ်ကျင်းပခဲ့ပြီး ယင်း သတင်းစာရှင်းလင်းပွဲသို့ ငြိမ်းချမ်းရေးနှင့် မြန်မာ့ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ များဖြစ်သော ကိုဝင်းချို ၊ မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့မှ ဦးရဲလွင် နှင့် အခြား မြန်မာ့ ဒီမိုကရေစီအရေး ၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားကြသူများ ၊ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။
Monday, April 1, 2013
ဂျာကင်တွေဝတ်ရတာ သဘောကျတဲ့ သရုပ်ဆောင်အဆိုတော် သို့မဟုတ် ... အကယ်ဒမီ Dr.စိုးသူ
သရုပ်ဆောင် အဆိုတော် စိုးသူ |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
Dancer များရဲ့ Performance များနှင့် |
ပရိသတ်များကြားသို့ အကြိမ်ကြိမ်ဆင်းလာကာ ပျော်ရွှင်နေတဲ့ ကိုစိုးသူ |
နန်းဆုရတီ စိုး နှင့် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ ပရိသတ်များအား တရင်းတနှီး နှုတ်ဆက်နေစဉ် |
ပရိသတ်များကြားသို့ BMW ဆိုင်ကယ်ဖြင့် ၀င်ရောက်လာစဉ် |
နန်းဆုရတီစိုးမှ အမှတ်တရ ပန်းစီးချီးမြှင့်စဉ် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
ပါးပြင်ပေါ်က နှုတ်ခမ်းနီ တရားခံဘယ်သူလဲ ? |
ပရိသတ်များ ကြားမှာ ပျော်ရွှင်စွာ သီဆိုဖျော်ဖြေပေးခဲ့တဲ့ ကိုစိုးသူ |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ် |
Forever
Blossom မှ စီစဉ်ကာ သရုပ်ဆောင်
အဆိုတော်စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီတွင်
ရန်ကုန်မြို့ မိုင်ဒါကွင်းတွင် ၀င်ကြေး အခမဲ့ ဖြင့်ကျင်းပ ပြုလုပ်ခဲ့သည်။
"ကျွန်တော့်
ပရိသတ်ကို ကျွန်တော် အားပါးတရ ဖျော်ဖြေချင်တာကြောင့် ဒီပွဲလေးကို ပြုလုပ်ဖြစ်တာပါ။
အခုလို ပရိသတ်တွေအများကြီးက လာအားပေးတဲ့အတွက်လည်း ကျွန်တော် ၀မ်းသာပါတယ်။
ကျွန်တော် သီချင်းတွေ အများကြီး ဆိုပြချင်ပါတယ်။ ဒီတစ်ပွဲတင် မဟုတ်ပါဘူး။
နောက်ပွဲတွေ ရှိခဲ့ရင်လည်း ကျွန်တော့်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်" ဟု
သရုပ်ဆောင် အဆိုတော် စိုးသူက ပရိသတ်များသို့ အမှတ်တရစကား ပြောကြားခဲ့ပါသည်။
Plus Three
တီးဝိုင်းနှင့် တွဲဖက်ကာ အဆိုတော် စိုးသူမှ သူ၏ ထင်ရှားခဲ့သည့် တေးသီချင်းများ
သီဆိုမှုဖြင့် စတင်ကာ ဖွင့်လှစ်ခဲ့ပြီး အောင်မြင်ခဲ့သော တေးသီချင်းများစွာကို သူ၏ ချစ်ပရိသတ်အတွက် အားပါးတရ သီဆိုဖျော်ဖြေပေးခဲ့သည်။
အကယ်ဒမီစိုးသူသည်
သူချစ်သော အနုပညာလုပ်ငန်းများ နှင့် ပရိသတ်များအား ၁၁ နှစ်ကြာ စွန့်ခွာ ထားခဲ့ပြီး
အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်ခဲ့သည်။ မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက်
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပြီး မိခင်ဖြစ်သူ
ကွယ်လွန်သွားပြီးချိန်၌ အနုပညာလုပ်ငန်းများ ပြန်လည် လုပ်ဆောင်ခဲ့ရာတွင် ယခုပွဲသည် ပထမဆုံး
ဖျော်ဖြေပွဲတစ်ခုဖြစ်ပြီး လက်ရှိတွင် ရုပ်မြင်သံကြား ကြော်ငြာများ
လက်ခံရိုက်ကူးနေပြီး (အချို့ထုတ်လွှင့်လျက်ရှိ) စိုးသူသည် ဇာတ်ကားများကိုလည်း
မကြာမီ ပြန်လည် ရိုက်ကူးနိုင်ရန် စီစဉ်လျက်ရှိပြီး သူချစ်သောပရိသတ်များသို့ အရောက်ပြန်လာကာ ပြန်လည် ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပရိသတ် ခြောက်သောင်းနီးပါးခန့် သည်းသည်းလှုပ် အားပေးခဲ့ကာ ညည့်နက်သည်အထိ မပြန်ကြသေးပဲ အားပေးခြင်းခဲ့သော ကိုပေါက်စ(ခ) ကိုစိုးသူ ဆက်လက် အောင်မြင် ပျော်ရွှင်ပါစေကြောင်း ဆုတောင်း လိုက်ပါသည်။ Myanmar Arts & News Media
ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ရုံးခန်း နေရာပြောင်းလဲဖွင့်လှစ်
အလုပ်သမားနစ်နာချက်တွေ တိုင်တန်းလိုသူတွေ သိထားရမည့် သတင်းတစ်ခုဖြစ်ပါသည်။ ဧပြီလ ၁ ရက်နေ့ မှ စတင်ပြီး နေရာ သစ်ဖြစ်တဲ့ အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်
ကို ပြောင်းရွှေ့ဖွင့် လှစ် လိုက်ပြီဖြစ်ကြာင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ဆက်သွယ်ရန် ဖုန်းနံပတ်များမှာ ၀၁- ၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၈၉၂၅၊ ၅၇၉ ၉၅၆
ဆက်သွယ်ရန် ဖုန်းနံပတ်များမှာ ၀၁- ၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၈၉၂၅၊ ၅၇၉ ၉၅၆
ဖက်စ်..............၀၁-၅၆၆၅၈၂ ဖြစ်ပြီး Po Box: 679 ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း အတင်း အဓမ္မ အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား၊
အလုပ်သမားရေးဆိုင်ရာ စတဲ့
ပြဿနာများအား ဖြေရှင်း ရန်အတွက် ILO နဲ့ မြန်မာအစိုးရတို့ နားလည်းမှု
စာချွန်လွှာ လက်မှတ်ရေးထိုးပြီး
ရန်ကုန်တွင် ကိုယ်စားလှယ်ထားကာ ရုံးစိုက်ရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက် တိုင်ကြား လိုသူများ ILO ရုံး သစ် အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် သို့ တိုက်ရိုက်ဆက်သွယ် နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...