Sunday, August 25, 2013

အိပ်ချိန်မမှန်လျှင် နာတာရှည်ရောဂါအပြင် စိတ်ကျရောဂါ ဖြစ်ပွားစေနိုင်

Photo Internet

ပုံမှန်အားဖြင့် အိပ်ချိန်မှန်မှန် မအိပ်သည့် သူများသည် နာတာရှည်ရောဂါ အပြင် စိတ်ကျရောဂါကိုပါ ဖြစ်ပွား စေနိုင်ကြောင်း ကျန်းမာရေး ဆရာဝန်တစ်ဦး၏ ပြောပြချက် အရ သိရသည်။

မကြာခဏ အိပ်ရေးပျက် ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများနှင့် အခြားသော ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအပြင် လူ့သက် တမ်းကိုပါ တိုစေကြောင်း၊ လူတစ်ယောက်သည် ခုနစ်နာရီအောက် အိပ်ပါက ဆာလောင် စေသော ဟော်မုန်း ဓာတ်များကို ပိုလာ စေတတ်သောကြောင့် ဝလာနိုင်ကြောင်း သိရသည်။

အိပ်ချိန် နည်းပါးမှုကြောင့် ဆီးချိုရောဂါများ ဖြစ်ပွားလာနိုင်ပြီး အမျိုး သမီးများတွင် ငါးနာရီ အောက်သာ အိပ်သောသူ ဖြစ်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း ရှိကြောင်း၊ အသက်အရွယ် ကြီးရင့်သူများတွင် ရုတ်တရက် လဲကျ သေဆုံးသည်အထိ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

ကလေး သူငယ်များတွင်လည်း ဂနာမငြိမ်ရောဂါ၊ လူငယ်လူရွယ်များတွင် အိပ်ရေးပျက်ခြင်းကြောင့် စိတ်ကျ ရောဂါ ဖြစ်ပွားမှု ပိုများကြောင်း၊ ယင်းအတွက် အိပ်ရေးပျက်ခံ အလုပ်လုပ်သော သူများ၊ နှစ်ခြိုက်စွာ အိပ်ပျော်မှု မရှိသူများတွင် အသက်တိုစေပြီး ကျန်းမာရေးနှင့် အညီ အိပ်စက် အနားယူသည့် အချိန်ကို ဂရုစိုက် ပေးသင့်ကြောင်း သိရသည်။ ။

စိုးမိုး - မြဝတီ

“စင်္ကာပူအမျိုးသားတက္ကသိုလ်မှ PhD ရရှိထားသော Dr.Thirumaran မှ Myanmar As A Tourist Hotspot in 21st Century ခေါင်းစဉ်ဖြင့် ဟော ပြောမည်"




အာဆီယံနိုင်ငံများ၏ ခရီးသွားဖွံဖြိုးမှုကိုသုတေသနပြုလေ့လာနေသော James Cook University ၏ Lecturer တစ်ဦးဖြစ်သူ Dr.Thirumaran မှ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်း၍ Myanmar as a Tourist Hotspot in 21stCentury ခေါင်းစဉ်ဖြင့် သြဂုတ်လ(၃၁)၊စနေနေ့၊ နံနက်(၁ဝ)နာရီမှနေ့လည်(၁၂)နာရီထိ၊CROWN Education တွင် လာရောက် ဟောပြောမည်ဖြစ်ပါသည်၊၊

Dr.Thirumaran သည် စင်ကာပူအမျိုးသားတက္ကသိုလ်မှSouth East Asia Studies-Tourism ဘာသာရပ်ဖြင့်ပါရဂူဘွဲ့ရရှိခဲ့ပြီး၊ စင်ကာပူ၊အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘူတန်နိုင်ငံ များ၏ ခရီးသွား လုပ်ငန်းကိုငါးနှစ်ကျော်ကြာ သုတေသနပြု လေ့လာခဲ့သည်။ Affinity Tourism၊ Luxury Travel၊ Cultural Tourism နယ်ပယ်များတွင်စိတ်ဝင်စားမှုရှိပြီး သတင်းစာ၊ ဂျာနယ်နှင့်စွယ်စုံကျမ်းများတွင် ခရီးသွားဖွံဖြိုးမူပညာရပ် ဆိုင်ရာ ဆောင်းပါးများရေးသားခဲ့သည်။

သင်ကြားခြင်းနှင့်ဟောပြောမှုတွင်ဝါသနာပါသောကြောင့် စင်ကာပူရှိပုဂ္ဂလိကကျောင်း များတွင် အခါအားလျှော်စွာခရီးသွား ပညာရပ်ဆိုင်ရာများကို ဟောပြောပို့ချပေးသည်။

မြန်မာနိုင်ငံတွင်ရှေးဟောင်းအမွေအနှစ်ပေါများခြင်း၊ စေတီပုထိုးများ၊ အရှေ့တောင်အာရှမှာ မြန်မာတစ်နိုင်ငံတည်းသာ ရှိသော ရေခဲတောင် များပိုင်ဆိုင်ထားသောကြောင့် Tourism Market အခြေအနေကောင်း မွန်လာဖို့ရှိကြောင်း ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုသည်မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးကဏ္ဍတွေမှာများစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊သို့သော်မြန်မာနိုင်ငံခရီးသွားဖွံဖြိုးလာစေရန် အခွင့်အလမ်းများသာမက၊ စိန်ခေါ်မှု့နှင့်အခက်အခဲများစွာရှိကြောင်းကို လည်း Dr.Thirumaran မှပြောကြားသည်။

“နှစ်စဉ်လူ သန်း၉ဝဝကျော်က ကမ္ဘာပတ်ပြီးခရီးသွားနေကြတယ်လို့  ဆိုပါတယ်၊၊ မြန်မာနိုင်ငံကိုမရောက်ဘူးသေးတဲ့နိုင်ငံခြားသားတွေ အများကြီးရှိတယ်။ သူတို့ကိုလာအောင်ဘယ်လိုမျိုးဆွဲဆောင်မလဲ။ ဘယ်အရာတွေကသူတို့ကို မရောက်ရောက်အောင် လာဖို့ဆွဲဆောင်နိုင်မလဲ။ အခွင့်အရေးတွေအများကြီးရှိ လျက်သားနဲ့ ပညာ၊စီမံခန့်ခွဲမှုလိုအပ်ချက်ေ တွကြောင့် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်း ကအိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ် လိုက်ရင်တောင်ဖွံဖြိုးမှုမှာ အများကြီး နောက်ကြခဲ့ပါတယ်၊၊ အဲဒီအကြောင်း အရာတွေကိုသိပြီး ဖြေရှင်းနိုင်ရန် ကျွန်တော်တို့ဆီမှာ Toruism နဲ့  ပတ်သက်ပြီး စနစ်တကျ ပညာသင်ယူပြီး၊သုတေသနပြုလေ့လာဖို့ အရေးကြီး ပါတယ်။”ဟု CROWN Education တာဝန်ရှိသူတစ်ဦးမှပြော ကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် Tourism Research နယ်ပယ်တွင် ကမ္ဘာ့အဆင့်(၃)နှင့် Tourism ဘာသာရပ်ပို့ချမှုတွင် ကမ္ဘာ့အဆင့်(၁၂) အဖြစ်သတ်မှတ်ခံ ထားရကာ World Tourism Organization (WTO)မှ အသိအမှတ်ပြုထားသည့် James Cook University မှ Tourism ဘာသာရပ်များကိုပါ ရှင်းလင်းပြောကြားသွားမည်ဖြစ်ပါသည်၊၊

ဘွဲ့တစ်ခုခုရရှိထားသူများအနေဖြင့် Master of International Tourism and Hospitality Management ကိုလည်းကောင်း၊ ၁ဝတန်း အောင်(သို့) တက္ကသိုလ်ပထမနှစ်များအနေဖြင့် Bachelor of Business (Hospitality &Tourism Management) အားလျှောက်ထားနိုင်ကာ James Cook University ၏စင်ကာပူ Campus တွင်တက်ရောက်နိုင်မည့် အကြောင်း များကိုပါ ဆက်လက်ရှင်းလင်းပြောကြားသွားမည်ဖြစ်ပါသည်၊၊

အဆိုပါဟောပြောပွဲသို့တက်ရောက်လိုသူများ နေရာ အခက်အခဲရှိပါသဖြင့် CROWN Education၊ အမှတ်(၂၇ဝ) ၊ပထမထပ်၊ အခန်း(1B)၊ မြေနီကုန်း၊ ပြည်လမ်း၊ ဒဂုံစင်တာ(၂)နှင့် ဓနလှိုင်တာဝါကြား၊ ဖုန်း ဝ၉-၇၃၂ ၇၃၂ ၇၇ ၊ဝ၁- ၅၂၇ ၈၃၈ သို့ ကြိုတင်စာရင်းပေး သွင်းနိုင်ပါသည်။




Friday, August 23, 2013

ကင်တားနားထံ ပေးပို့သော စာ မူရင်း







OTA ပေးပို့သည် ။

ကုလကိုယ်စားလှယ် ကွင်တားနား၏ မဟုတ်မမှန် ပြောကြားချက်နှင့် မြို့ခံများ၏ အသံများ


တစ်ဘက်သတ် အယူတိမ်းကာ လွဲမှားသော ၊ တစ်ဘက်စောင်းနင်း အစီရင်ခံစာများကြောင့် ကုလအထူးကိုယ်စားလှယ်အား  မြန်မာပြည်သူလူထုက အယုံအကြည် မရှိတော့ပေ။ ယင်းအတွက်ကြောင့် မိတ္ထီလာ မြို့ခံများမှ မိမိတို့၏ ဆန္ဒအလျှောက် ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်ကြောင်း ၊ ယခုဆန္ဒဖေါ်ထုတ်မှုအား တရားဝင် စာတင်ကာ ခွင့်ပြုမိန့် တောင်းခံပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသာ ဖြစ်ကြောင်း ၊လေဆိပ်၌ ၄င်းပြောကြားခဲ့သလို မည်သည့် အကြမ်းဖက်မှု ပုံစံမျိုးမျှ မပြုလုပ်ကြကြောင်း  ၊ မိမိတို့ဆန္ဒအား ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦး အမှန်တကယ် လက်တွေ့ မြင်တွေ့သွားကာ ပြည်သူလူထု၏ သဘောထားအမှန်ကို သိစေလိုသော ရည်ရွယ်ရင်းသာဖြစ်ကြောင်း မြို့ခံတစ်ဦးမှ MA&NM အား ပြောကြားသွားခဲ့သည်။
ကုလ ယဉ်တန်းလာစဉ် လမ်းရှင်းပေးနေသော ယဉ်ထိန်းရဲများ - Photo from U Ye' Htut's FB
''မိတ္ထီလာ တံတားထိပ်ကို ရောက်လာတဲ့ အချိန်မှာ ကင်တားနားကို ကန့်ကွက် ဆန္ဒပြနေတဲ့လူ ၁၅၀ ကျော်လောက် ရှိပါတယ်၊ ပထမဆုံး ဖြတ်လာတဲ့ကားမှာ မစ္စတာ ကင်တားနား ပါလာတယ် ထင်ကြတယ်။ နောက် မစ္စတာကင်းတားနားကား ဖြတ်သွားတဲ့ အချိန် မှာ ဆန္ဒပြနေတဲ့ လူအုပ်က သူတို့ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေကို မြင်စေချင်လို့ ရှေ့တိုးလာတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲနဲ့ မြို့ခံတွေက လမ်းရှင်းပေးလိုက်တယ်။ တံတားထိပ်မှာ သုံးမိနစ်တောင် မကြာပါဘူး။ လူအုပ်က ဆန္ဒပြတဲ့ ဆိုင်းဘုတ်ကို မြင်စေချင်တာရယ်၊ ကန့်ကွက်တဲ့ အသံကို ကြားစေချင်တာရယ်ပဲ ရှိပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါဘူး။ ကားတန်းက တစ်မိနစ်လောက် တုံ့ဆိုင်းသွားပြီး ဆက်လက် ထွက်ခွာသွားပါတယ်။ နောက်ပိုင်း ဆက်သွယ်ရေးရိပ်သာကို မြို့ခံသုံးယောက် လိုက်သွားပြီး အိတ်ဖွင့် ပေးစာတစ်စောင် ပေးခဲ့ပါတယ်။ အဆင့်ဆင့် သတင်းပို့ပြိးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့ ပေးလိုက်ပါမယ်ဆိုလို့ စာကို သူတို့လက်ထဲ အပ်ခဲ့ပါတယ်။ 
သူ့ကိုပေးတဲ့ ကန့်ကွက်စာထဲမှာ ကုလသမဂ္ဂကို တင်သွင်းတဲ့ သူရဲ့အစီရင် ခံစာတွေကို သဘောမတူကြောင်းနဲ့ မတ်လအတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုက သံဃာတော် တစ်ပါးကို အစ္စလာမ် ဘာသာဝင်တွေက သတ်ဖြတ်လိုက်လို့ စတင်ခဲ့ရခြင်း ဖြစ်တယ်။ နောက်မင်္ဂလာဇေယုံထဲက အစ္စလာမ် ဘာသာဝင်တွေက တစ်ညလုံး အော်ဟစ်ကြိမ်းမောင်းပြီး ရန်စခဲ့တဲ့အတွက် အခြေအနေက ပိုဆိုးသွားတယ် ဆိုတဲ့ အကြောင်းတွေ ပါပါတယ်'' ဟု ကိုယ်တွေ့ကြုံခဲ့သူ မိတ္ထီ လာမြို့ခံ ဒေါ်မေသက်ဦးက ပြောကြားသည်။ - ဟု ELEVEN MEDIA ၌လည်း ဖေါ်ပြထားသည်။
လုံခြုံရေး ၀န်ထမ်းများ Photo U Ye' Htut's FB
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေသော ပြည်သူများ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် သြဂုတ် ၂၁ ရက် ညပိုင်းက မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိတ္ထီလာ၌ မိမိစီးနင်းလာသော မော်တော်ကားအား လူ ၂၀၀ ခန့်က ထုရိုက်ခြင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အနားတွင်ရှိသော ရဲတပ်ဖွဲ့၏ အကာအကွယ် လုံးဝမရှိသည့် အခြေအနေတွင် ခံစားရသော အကြောက်တရားသည် ပြီးခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု၌ ဒေါသထွက်နေသော လူအုပ်က လူ ၄၃ ဦးကို ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ် ခဲ့သည်ကို ရဲတပ်ဖွဲ့က ရပ်ကြည့်နေသည် ဆိုသော စွပ်စွဲမှုကို သွားမြင်မိသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြသွားခဲ့သည်။ ယင်း ဖေါ်ပြမှုသည် တစ်ဘက်စောင်းနင်း နိုင်လွန်းပြီး ကုလကိုယ်စားလှယ်တစ်ဦး၏ ဝေဘန်ချက်အား အံအားသင့်မိရပါသည်။
မိမိတို့၏ ဆန္ဒအမှန်မှာ ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားခဲ့သော ကိစ္စများအား တိတိကျကျ သေသေချာချာ အကြောင်းရင်းမှန်အား လေ့လာကာ ဖေါ်ထုတ်ပေးစေလိုကြောင်း ၊ တစ်ဘက်သတ်အမြင်များ  ဖြင့် မှန်းဆကာ ပဋိပက္ခဖြစ်ပွားခဲ့မှုအား ပုံမဖေါ်စေလိုကြောင်း ၊ မြို့သူမြို့သားအားလုံးနှင့် နှစ်ဘက်အသိုင်းအ၀န်း (မြန်မာ ၊ မုစ်လင်မ်) မြို့ခံများ အနေဖြင့်လည်း မိမိတို့မြို့ အေးချမ်းသာယာခြင်းအား အမှန်တကယ်လိုလားကြကြောင်း ၊ ယခုကဲ့သို့ မစ္စတာ ကွင်တားနား၏ တစ်ဘက်သတ် စွပ်စွဲချက်အပေါ်တွင် မိမိတို့ ပြစ်တင်ရှုံချ ကြကြောင်း နှင့် ၄င်း၏ တစ်ဘက်သတ် မဆင်မခြင် ပြောဆိုမှုများ အား အံသြမိကြောင်းနှင့် ယခုကဲ့သို့ အခြေအမြစ်မရှိ ပြောကြားခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂကြီး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပြီး ၊  ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်တစ်ဦးဖြစ်သော ၄င်းအားလည်း ပိုလို့ပင် အယုံအကြည် မရှိတော့ကြောင်း ၊ မည်သူပင်ဖြစ်စေကာမူ ပဋိပက္ခဖြစ်ပွားခဲ့ရခြင်းအား မှန်မှန်ကန်ကန် အဖြေရှာ အစီရင်ခံစာရေးသားမှုကို လိုလား ကြို ဆိုကြကြောင်း မိတ္ထီလာမြို့ခံတစ်ဦးမှ ၄င်း ၏ဆန္ဒအား ဖေါ်ထုတ်ပြောကြားသွားခဲ့သည်။

OTA (Myanmar Arts & News Media) ရေးသားပေးပို့သည်။

ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေး နှင့် အဂတိတရား ကင်းစင်ရေး


နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သားအစိုးရအဖွဲ့မှ  နိုင်ငံတော်ကို  ခေတ်မီ တိုးတက်သော ၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတောအဖြစ် ထုဆစ်ပုံဖေါ် တည်ဆောက်ရာ၌ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governnce) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) ဟူသော စူး ၊ ဆောက် ကိရိယာများဖြင့် ထုဆစ် ပုံဖေါ်တည်ဆောက်သွားမည် ဟု ဆိုခဲ့သည်။
အမှန်တကယ် သန့်ရှင်းသော အစိုးရအဖွဲ့ဖြစ်စေရန် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အဓိကထား ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ နိုင်ငံ တစ်နိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖေါ် မဆောင်ရွက်နိုင်သမျှ ယင်းအစိုးရသည် သန့်ရှင်းသော အစိုးရအဖြစ် မည်သည့် အခါမှ ပေါ်ထွန်းလာမည် မဟုတ်ပေ။ ထိုအခါ တရားဥပဒေစိုးမိုးရေးမရှိ မှန်ကန်သော တရားစီရင်ရေးဆိုသည်မှာ ဗလာနတ္ထိ ၊ အဂတိလိုက်စားမှုများက မှိုလိုပေါက်ကာ တိုင်းပြည်ပါ ရေစုန်မျော  လိမ့်မည် ဖြစ်သည် ။
အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီကြီး၏ အဆိုအမိန့် တစ်ရပ်တွင် နိုင်ငံတစ်နိုင်ငံတွင် 
" ဘယ်သူ အုပ်ချုပ်တယ်ဆိုတာ အရေးမကြီးပါဘူး သူ ဘယ်လို အုပ်ချုပ်တယ်ဆိုတာပဲ အရေးကြီးပါတယ်"
ဟု - မိန့်ကြားခဲ့ဖူးသည်။ ယင်းကို ထောက်ရှုခြင်းအားဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်သည် အလွန်အရေးကြီးကြောင်း ထင်ရှားပါသည်။
ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရန် နိုင်ငံတော် အစိုးရအနေဖြင့် တရားမျှတသည့် ဥပဒေ ၊ နည်းဥပဒေ ၊ စည်းမျဉ်းစည်းကမ်း ၊ အမိန့်ညွှန်ကြားချက်များကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ရေးဆွဲချမှတ်ရန် လိုသကဲ့သို့ နိုင်ငံတော် အစိုးရအနေဖြင့်လည်း မိမိကိုယ်တိုင် လေးစားလိုက်နာ ကျင့်သုံးရန် လိုအပ်ပါသည်။
တနည်းဆိုရသော် တရားစီရင်ရာတွင် တရားနှင့်ဓား တစ်သွားတည်းကျလျှက် အမှန်တရားကို ဖေါ်ထုတ်ရန် လိုပါသည်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း မဖြစ်ရန် လိုပါသည်။ သို့မှသာ ပြည်သူက တရားကိုစောင့်ပြီး တရားကပြည်သူကိုစောင့်ကာ အပြန်အလှန် အကျိုးပြုမည်ဖြစ်ပေသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် သန့်ရှင်းသော အစိုးရဟူသော ဆောင်ပုဒ်ကို မှန်ကန်တိကျစွာ ကျင့်သုံးကြရမည်ဖြစ်ပြီး ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ အမိန့်ညွှန်ကြားချက်များသည် စာအုပ်ကြီးထဲတွင် ချကိုက်ခံမနေပဲ မိမိကိုယ်တိုင်နှင့် နိုင်ငံဝန်ထမ်းတိုင်း နိုင်ငံသူနိုင်ငံသားတိုင်း စိတ်ဓာတ်ကောင်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရန် အမြဲလေ့ကျင့်လိုက်နာရန်လည်း အထူးလိုအပ်ပါသည်။
တစ်ချိန်က အုပ်ချုပ်သူ အာဏာရှင်အစိုးရကိုသာ ဗဟိုပြုအုပ်ချုပ်သည့်စနစ်သည် လုံးဝ
ဆိတ်သုဉ်းပြီး ပြည်သူကို ဗဟိုပြုသော ဒီမိုကရေစီ စနစ်သည် ပေါ်ထွန်းစ ပြုလာနေပြီဖြစ်သည်။ ထို့ကြောင့် မွေးကင်းစ ဒီမိုကရေစီစနစ်ကို ပုံမှန်ကြီးထွားကြံ့ခိုင်စေရန်အတွက် နိုင်ငံတော်အစိုးရ သည် (Transparency) ပွင့်လင်း မြင်သာစွာဖြင့် ပြည်သူပြည်သားများ၏ စစ်မှန်သော ၊ တရားမျှတသော ၊ လူ့အခွင့်အရေးနှင့် အကျိုးတရားများကို စနစ်တကျ အကျိုးပြုသည့် ပြည်သူများ နားလည်နိုင်သည့် တရားဥပဒေများကို ပြဌာန်း ဆောင်ရွက်ပေးရန် တာဝန် အပြည့်အ၀ ရှိနေပါသည်။
အုပ်ချုပ်သူလူတန်းစား (အစိုးရ) နှင့် အုပ်ချုပ်ခံလူတန်းစား (နိုင်ငံသူနိုင်ငံသားများ) ကိုယ်ကျင့်တရား ကောင်းမွန်လာသည်နှင့်အမျှ စည်းကမ်းပြည့်ဝသည်နှင့်အမျှ ဒီမိုကရေစီ စနစ်မှ သီးပွင့်လာမည့် လူ့အခွင့်အရေးများ ၊ လွတ်လပ်မှု့ တရားမျှတမှု့ ဟူသော အကျိုးတရားများကို မုချမသွေ ခံစား စံစား ကြရပေလိမ့်မည်ဖြစ်ပေသည်။
 နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ရှိလျှင် တရားမျှတမှုသည် အလိုအလျှောက် ရှိလာပေမည် ။ တရားဥပဒေစိုးမိုးရေးဖြစ်စေရန်အတွက် တရားစီရင်ရေးတိမ်းစောင်းခြင်း (Miscarriage of Justic) မဖြစ်ပေါ်စေရန် အထူးအရေးကြီးပါသည်။

 စိုးညွန့် ရန်ကုန်တက္ကသိုလ် (Myanmar Arts & News Media)
>>> ဆက်လက် ဖေါ်ပြပါအုံးမည်။<<<

Monday, August 19, 2013

(Tomas Ojea Quintana) အား လူစုလူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်



မိတ္ထီလာမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အား လူစုလူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျှက် ရှိကြောင်း သတင်းရှိရပါသည်။

မြို့ခံ တစ်ဦးမှ ဆက်သွယ် ပြောကြားလာသည်မှာ - ယခု ဆန္ဒ ဖော်ထုတ်မှုမှာ မည်သည့် အဖွဲ့ အစည်း မည်သူ တစ်ဦးတစ်ယောက်မှ ဦးဆောင်ခြင်း မဟုတ်ဘဲ မိတ္ထီလာ မြို့သူ မြို့သားများ ၏ ဆန္ဒအလျှောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ၊ မစ္စတာ ကင်တားနား ၏ သံဃာတော်များ အပေါ်တွင် ' အ' ဂါရ၀ ဖြစ်စေသော အပြုအမူများ ပြုမူခြင်းနှင့် ၄င်း တင်သွင်းသော အစီရင်ခံစာ ပါ အချက်အလက်များမှာ အမှန်တကယ် နှင့် ကွဲလွဲ မှားယွင်း နေခြင်း များ အား မကြေနပ်ကြခြင်းကြောင့် ယခုကဲ့ သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ပြောကြား သွားခဲ့ သည်။

သတင်းဓာတ်ပုံ / Credit to OTA (Myanmar Arts & News Media)















နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS