Thursday, October 3, 2013

ဆောက်လုပ်ရေး ကုမ္ပဏီကြီးပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ အခွန်ထမ်း စာရင်းတွင် ပါဝင်၊ အာဆီယံ နိုင်ငံများအတွင်း ဂျီဒီပီတွင် အခွန်ရရှိမှု အချိုးအနိမ့်ဆုံး နိုင်ငံဖြစ်ပြီး ကြီးမားစွာ အခွန်ရှောင်နေ မှုများအပေါ် ဖော်ထုတ်အခွန်ဆောင်စေခြင်း မပြုနိုင်သေး



မန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ကုမ္ပဏီကြီးပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ ထိပ်ဆုံးအခွန်ထမ်း ၅၀၀ စာရင်းတွင် ပါဝင်ပြီး အခွန်ပေးဆောင်ထိုက်သည့် နာမည်ကျော် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်းများမှာ အခွန်ထမ်းစာရင်းတွင် ပါဝင်လာမှု မရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဆောက်လုပ်ရေး ကဏ္ဍမှာ လက်ရှိမြန်မာနိုင်ငံ၏ မိုးထိုးနေသည့် မြေဈေးနှုန်းအရ များစွာအမြတ်အစွန်းကြီးသည့် လုပ်ငန်းတစ်ခုအဖြစ် ရှိနေသော်လည်း အခွန်ပေးဆောင်မှု မပြုသည့် နာမည်ကျော် ကုမ္ပဏီများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီများ အပေါ်၌မူ ယနေ့အထိ တိကျစွာ စိစစ်ဖော်ထုတ်ကာ လုပ်ငန်းရှုံးခြင်း မရှိဘဲ အခွန်ရှောင်ထားခြင်းများအပေါ် အခွန်ပြန်လည် ကောက်ခံခြင်း၊ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။

လက်ရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၏ စာရင်းဇယားများအရ အသင်းဝင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်ရှိပြီး ကန်ထရိုက်တာ များကိုပါ ထည့်သွင်းတွက်ချက်ပါက ၁၆၀၀ အထိရှိကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တစ်ခုတည်း၌ အထပ်မြင့် အထပ်နိမ့်မျိုးစုံ တည်ဆောက်ခွင့်ရှိသည့် ကန်ထရိုက် လိုင်စင် ရယူထားသည့် အရေအတွက်မှာ ၅၀၀ ကျော်အထိ ရှိကြောင်း၊ တစ်နှစ်လျှင် ရန်ကုန်တစ်မြို့တည်း၌ အထပ်မြင့် အထပ်နိမ့်တိုက်၊ ကွန်ဒို၊ အိမ်ရာ စသည်ဖြင့် အလုံးပေါင်း ၄၀၀၀၊ ၅၀၀၀ (ပျမ်းမျှ) ကို တည်ဆောက်ရောင်းချ လျက်ရှိကြောင်း သိရသည်။

တိုက်၊ ကွန်ဒို၊ အိမ်ရာ အလုံးပေါင်း ၄၀၀၀ မှ ၅၀၀၀ တည်ဆောက်ရောင်းချလျက် ရှိသော်လည်း ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး စာရင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ ၃၂ ခုသာ ပါဝင်လာပြီး ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦးစာရင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ ၄ ခုသာ ပါဝင်လာခဲ့ရာ စုစုပေါင်း ၃၆ ခုသာ အခွန်စာရင်းတွင် ပါရှိသည်။

စာရင်းချုပ်လျှင် မြန်မာနိုင်ငံတွင်ရှိသော ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ကန်ထရိုက်တာများ စုစုပေါင်း၏ ၃ ရာခိုင်နှုန်းကျော်ပင် အခွန်ထမ်းဆောင်ထားသည့် အခြေအနေ ဖြစ်နေသည်။

ဝင်ငွေခွန်ထိပ်ဆုံး ၁၀၀ ဦး စာရင်း၌ Max Myanmar, Htoo construction, A1, Ayer Shwe Wah, T.Z.T.M, Original Group, Kyaw Thar, Asia Metal, Mother Construction, Aung Chan Thar ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ထိပ်ဆုံး ၁၀၀ စာရင်းတွင် Asia Concret Products ကုမ္ပဏီ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ဘားအံမြို့မှ Grand Hill ဆောက်လုပ်ရေး ကုမ္ပဏီသည်ပင် ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ စာရင်းတွင် အဆင့် ၁၃၅ နေရာမှ ပေးဆောင်ထားသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး အမြင့်ဆုံးနှင့် ရောင်းဝယ်မှု အကောင်းဆုံး ရန်ကုန်မြို့ရှိ နာမည်ကျော် ဆောက်လုပ်ရေး ကုမ္ပဏီ အချို့ဖြစ်သည့် Shine, Naing Group, Father Land, Mother Land, Taw Win Family ကုမ္ပဏီ အမည်များအပြင် အခြားသော ဆောက်လုပ်ရေး ကုမ္ပဏီကြီး အချို့မှာ ၅၀၀ ဦးစာရင်း၌ ပါဝင်လာခြင်း မရှိကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ဆောက်လုပ်ရေး ကဏ္ဍအပြင် ကဏ္ဍအလိုက် အခွန်တိမ်းရှောင် ထားမှုများ များပြားသည့်အတွက် အာဆီယံ နိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ ဂျီဒီပီတွင် အခွန်ရရှိမှု အချိုးအနိမ့်ဆုံး နိုင်ငံအဖြစ် ရှိနေပြီး မြန်မာနိုင်ငံ ဂျီဒီပီ၌ အခွန်ရရှိမှု အချိုးမှာ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းကြားသာ ရှိသည်အထိ နည်းပါးနေခြင်းလည်း ဖြစ်ပါသည်။

ဒီမိုကရေစီ နိုင်ငံများသည် ပြည်သူအတွက် ဘတ်ဂျက်ခွဲဝေရာတွင် အခွန်ရရှိမှုအပေါ် မူတည်၍သာ အဓိကအားထား လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ အခွန်တိမ်းရှောင်မှု မြင့်မားခြင်း၊ အခွန်တိမ်းရှောင်မှုများကို တိကျစွာ စစ်ဆေးဖော်ထုတ် အခွန်ထမ်းခိုင်းခြင်းများ မပြုလုပ်နိုင်လျှင် နိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မှုမှာလည်း ထိရောက်ခြင်း ရှိမည်မဟုတ်ကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြခဲ့ကြပြီး ဖြစ်သည်။

ကျပ်ဘီလျံပေါင်း များစွာ အခွန်တိမ်းရှောင် ထားမှုများ အမှန်တကယ် ရှိသည်ဆိုသည်ကိုလည်း လွှတ်တော်မှ အချက်အလက်များဖြင့် ထောက်ပြထားပြီး စိစစ်နိုင်ရန် အတွက်လည်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။

ဘုတ်အဖွဲ့မှလည်း လုပ်ငန်းအရှုံးပြ အခွန်တိမ်းရှောင် ထားမှုများကို ဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူမည်ဟုလည်း ထုတ်ဖော်ပြောကြား ထားသည်ဟု ပြည်တွင်းထုတ် သတင်းစာ အချို့တွင် ဖော်ပြထားပြီး ဖြစ်သည်။

ရှေ့နေများ၊ မိတ္တူဆိုင်များ၊ သတင်းစာ ထုတ်ဝေခြင်း လုပ်ငန်းများ၊ ဆံသဆိုင်များ၊ ပွဲစားလုပ်ငန်းများမှ စကာ တစ်ခွက်ကျပ် ၃၀၀ ဖြင့် ရောင်းသည့် လက်ဖက်ရည်ဆိုင်များအဆုံး ၀န်ဆောင်မှု လုပ်ငန်းတိုင်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်နေရချိန်တွင် ကျပ်သိန်းပေါင်းသောင်း သိန်းချီသည့် ပမာဏများဖြင့် ဆောက်လုပ်ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းမှာလည်း အခွန်ဥပဒေ၏ မညီမျှမှုတစ်ခု ဖြစ်သည်။

ယခု ဆောက်လုပ်ရေး ကဏ္ဍတစ်ခု တည်းမှပင် မြန်မာနိုင်ငံ အနေဖြင့် ကျပ်ဘီလျံပေါင်းများစွာ နစ်နာခဲ့ရခြင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့စဉ်ကလည်း ကျပ်ဘီလျံပေါင်း ၃၀၀ ကျော် ပမာဏရှိသည့် အခွန်များကို မပေးဆောင်ဘဲ ထားရှိသည့်အတွက် များစွာနစ်နာရခြင်း၊ အခြားသော ကဏ္ဍများမှ ကုမ္ပဏီပေါင်း များစွာ၏ အခွန်တိမ်းရှောင်မှုကြောင့် နစ်နာရခြင်းများကို ဖော်ထုတ်မှု မပြုနိုင်ဘဲ နှစ်စဉ်အခွန်ပုံမှန် ထမ်းဆောင်သူများ အပေါ်၌သာ အခွန်တိုးတက်ရရှိရန် ဆောင်ရွက်မှုမှာလည်း နိုင်ငံနှင့် ပုံမှန်အခွန် ထမ်းများအပေါ် ထပ်မံထိခိုက်လျက် ရှိနေကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်သူ ထိပ်ဆုံး ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီနှင့် အဆင့်
အဆင့် ကုမ္ပဏီအမည်
95 Aisa Concret Products Co.ltd
315 Hein Engineering Co.,Ltd
445 Htoo Construction Development Group Co.,Ltd
446 Tun Manufacturing Construciton & Industry Co.,Ltd

ဝင်ငွေခွန် အများဆုံး ပေးဆောင်သူ ထိပ်ဆုံး ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီနှင့် အဆင့်
အဆင့် ကုမ္ပဏီအမည်
7 Max(Myanmar) Construction Co.ltd
13 Htoo Construction Development Group Co.,Ltd
22 A1 Construction Co.,Ltd
32 Ayer Shwe Wah Construction Co.,Ltd
44 T.Z.T.M Construction Co.,Ltd
45 Original Group Co.,Ltd
56 Kyaw Thar Construction Co.,Ltd
66 Asia Metal Construction Co.,Ltd
73 Mother Construction Co.,Ltd
77 Aung Chan Thar Construction & Services Co.,Ltd
101 Dawn(Ah Yone Oo) Construction Co.,Ltd
109 SPA Project Management Co.,Ltd
124 Saung Hay Moon Construction Co.,Ltd
128 Sein & Thaung Family Construction Co.,Ltd
135 Grand Hill Construction Co.,Ltd
176 Same Sky Construction Co.,Ltd
187 Soil Energy Co.,Ltd
220 Myo & Myint Brothers Co.,Ltd
249 နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ(မန္တလေး)
252 Mandalay Strenth Construction Co.,Ltd
257 Three Million Construction Group Co.,Ltd
266 New Earth Win Construction Co.,Ltd
281 ဦးဝင်းဆွေ
293 Gaia Construction Co.,Ltd
315 Champion Construction Materials Co.,Ltd
356 ဦးမြင့်ဇော်
363 Myanmar Shwe Tharaphu Construction &
General Tarding Co.,Ltd(Services)
387 Royal Myint Myat Thu Group Construction Co.,Ltd
407 Joe Yadana Construction Co.,Ltd(Services)
456 Aspidin Construction & Trading co.,Ltd
461 Yadanar Shwe Sin Construction Co.,Ltd
470 ဦးမြင့်ခိုင်


Original Post - Eleven Media Group

သံတွဲမြို့ သတင်း

သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား၊ ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ ပြောင်းလဲ သတ်မှတ်

သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု၊ နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားနေပြီး ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

သံတွဲမြို့ ဗောဓိကုန်း ရပ်ကွက်နှင့် သုံးမိုင်ခန့်ဝေးသော ရော်ဘာခြံရှိ ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် ရွှေလှေပေါက်တောရွာနေ သိန်းဇော်ဝင်း (ကမန်) နှင့် အလုပ်သမားဖြစ်သူ စိုးရန်နိုင်တို့ နှစ်ဦးမှာ ၎င်းတို့နေသည့် လယ်တဲအား မီးရှို့ထွက်ပြေးခဲ့ရာ သပြုချိုင် ရွာသားခြောက်ဦးနှင့် တွေ့ဆုံပြီး စိုးရန်နိုင်၏ခေါင်းတွင် ဂျင်ကလိဒဏ်ရာ ရရှိ၍ တိုက်နယ်ဆေးရုံသို့ပို့ရာ ဆေးရုံတွင် ကျန်းမာရေး ၀န်ထမ်းမရှိ၍ သံတွဲဆေးရုံသို့ ဆက်လက်ပို့ဆောင် ခဲ့ရကြောင်း သိရသည်။

သံတွဲမှ ၁၆ မိုင် ကွာဝေးသော ရွှေလှေသပြုချိုင်ရွာနှင့် ဆင်ခေါင်းရွာတို့မှ ရခိုင်နှင့် မွတ်စလင် လူမျိုးများ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း၊ မွတ်စလင် အကြမ်းဖက် သမားများက မီးရှို့ရန် နံနက် ၃ နာရီ ခွဲခန့်က လာရောက်ဝိုင်းကြစဉ် ဒေသခံကျေးရွာသားများမှ ပြန်လည်ခုခံ သည့်အတွက် နံနက် ၄ နာရီခွဲခန့်မှ စတင်ကာ ဒေသခံများနှင့် မီးရှို့ရန် လာရောက်သူ မွတ်စလင် အကြမ်းဖက် သမားများ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးများမှ အချိန်မီသွားရောက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

နံနက် ၅ နာရီ ၅ မိနစ်တွင် သပြုချိုင် တောင်ပေါ်ရွာသို့ သွားရောက်ရာတွင် ဆင်ခေါင်းရွာဘက်မှ လာသော ရွာသား ၂၀၀ ဦးနှင့် ထိပ်တိုက်တွေ့သဖြင့် သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်း၊ လုံခြုံရေးမှ လိုက်လံဖမ်းဆီးရာ အင်ဒိုင်းကြီးကျေးရွာမှ နှစ်ဦး၊ ဆိုင်ကယ် နှစ်စီး၊ ဆင်ခေါင်းရွာမှ တစ်ဦး၊ ဆိုင်ကယ် တစ်စီးအား အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့၏ လမ်းဆုံလမ်းခွများတွင် တပ်မတော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးများ ချထားပြီး မြို့တွင်းကင်းလှည့်လျက် ရှိနေကြောင်း၊ ဆူပူမှု ထပ်မံဖြစ်ပွားခြင်း မရှိအောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးကျော်တင့်က ဆိုသည်။

"သံတွဲမြို့မှာ မနက်ကတော့ ဗောဓိကုန်းဘက်ကို ကုလားတွေ လာနေပြီတို့၊ ဈေးထဲမှာ ပြဿနာတွေ စဖြစ်ပြီတို့ ကောလာဟလ အသံတွေ မျိုးစုံကြားရတယ်။ သံတွဲဈေးကြီးကတော့ ဒီမနက် ဈေးဆိုင်ခန်းတွေ အကုန်မဖွင့်ကြဘူး၊ ပိတ်ထားကြတယ်။ မနေ့ကတော့ တချို့တ၀က် ဆိုင်တွေဖွင့်ကြသေးတယ်။ ဒီနေ့ကတော့ လုံးလုံးကို ပိတ်ထားကြတယ်။ လုံခြုံရေးတွေကတော့ တစ်မြို့လုံး နီးပါးကို ရဲတွေ တစ်လမ်းတစ်ယောက်လောက်ကို ချထားတယ်။ အခုတော့ မနက် ၆၊ ည ၆ နာရီအတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားပါတယ်" ဟုလည်း အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက သံတွဲမြို့ခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပဋိပက္ခ ဖြစ်စဉ်ကို စက်တင်ဘာလ အတွင်းက ကမန်လူမျိုး မွတ်စလင် ဘာသာဝင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်အရှေ့တွင် ရခိုင်အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်ရပ်သည့် ဖြစ်စဉ်မှစ၍ အပြန်အလှန် စကားများ ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ရခိုင်အမျိုးသား တစ်ဦးက တရားရုံးတွင် အမှုဖွင့်ခဲ့ရာမှ စတင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေး ဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး မင်းအောင်၏ ပြောကြားချက်အရ သိရသည်။

"စဖြစ်တဲ့နေ့က မြို့ပေါ်မှာ ဖြစ်ပွားခဲ့တယ်။ ဒီနေ့မှာတော့ ရွာတွေမှာ ဆက်လက် ဖြစ်ပွားခဲ့တယ်။ အခုချိန်ထိ ပဋိပက္ခ ဖြစ်စဉ်ကြောင့် အိမ် ၄၂ လုံး ပျက်စီးဆုံးရှုံး ခဲ့ပါတယ်။ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ ဆိုင်ကယ်နှစ်စီးနဲ့ လူသုံးယောက်ကို ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ အဲဒီသုံးယောက်ကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက် ပါပြီ။ ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာတော့ အဘွားအိုတစ်ဦး သေဆုံးခဲ့တယ်။ အဲဒီအတွက် ကျူးလွန်သူတွေကို ရှာဖွေနေဆဲပါပဲ။ အခုလက်ရှိ အချိန်မှာတော့ အေးချမ်းမှု ရှိပါတယ်" ဟု ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီတွင် ပြောကြားသည်။

ယင်းပဋိပက္ခ ဖြစ်စဉ်ကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်း အမှတ် (၃၃) မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်က သံတွဲမြို့ရှိ ဈေးဆိုင်တစ်ဆိုင်ရှေ့၌ သုံးဘီးဆိုင်ကယ်တစ်စီး ရပ်ထားသည်ကို ရင့်သီးစွာ ဆဲဆိုရာမှစ၍ ပြဿနာ ဖြစ်ပွားကာ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် နေအိမ်များ ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ စက်တင်ဘာ ၃၀ ရက် ညပိုင်းက သံတွဲမြို့ပေါ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်နှင့် နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း၊ အလားတူ သံတွဲမြို့ရှိ ကျောက်ကြီးကျေးရွာ၊ မန်ကျည်းချောင်း ကျေးရွာတို့တွင် မီးရှို့မှုအချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့တွင် ခိုက်ရန်ဖြစ်ပွားမှုအချို့ ရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းကလည်း သံတွဲမြို့နယ် နေရာအချို့၌ မငြိမ်မသက် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ လုံခြုံရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်နေကြောင်း အောက်တိုဘာ ၁ ရက် ည ၉ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်သွားသည်။


သံတွဲမြို့၊ ၃ ရပ်ကွက်ရှိ ဦးခင်မောင်အေးအိမ်အား စက်တင်ဘာ ၂၉ ရက်က မီးရှို့ခံရပြီးနောက် တွေ့ရစဉ်

Original Post by - EMG

Tuesday, September 10, 2013

Nang Khin Zay Yar by Sculptor Kyaw Kyaw Min & Artist Shwe Myint

နန်းခင်ဇေယျာ ပုံတူ ပန်းချီ ပန်းပု ရေးဆွဲ ထုလုပ်ပွဲ











မြန်မာ့ အလှမယ် နန်းခင်ဇေယျာ၏ ပုံတူ ပန်းချီ နှင့် ပန်းပု ရေးဆွဲထုလုပ်ပွဲအား ၉-၉-၂၀၁၃ ရက်နေ့Mary Chapman , School for Deaf , မေရီချပ်မင်းန်း နားမကြားကျောင်းတွင် ပန်းချီရွှေမြင့် နှင့် ကျော်ကျော်မင်း ပန်းပု တို့မှ လက်တွေ့ ရေးဆွဲကာ ထုလုပ်သွားခဲ့သည်။

ယခု ဒီကျောင်းက ကလေးများဟာ အကြားအာရုံ ချွတ်ယွင်းနေပေမဲ့ အမြင်အာရုံ နဲ့ အာရုံခံစားနိုင်မှုမှာ သာမန်လူလိုပါပဲ ။ အကြားအာရုံများ ချို့တဲ့ နေကြရပေမဲ့ ပန်းချီ ပန်းပု နဲ့ အနုပညာကိုတော့ ကောင်မွန်စွာခံစားနိုင်ကြပါတယ်။ ဒါကြောင့် ကလေးများကို ပန်းချီ ပန်းပု အနုပညာကို ပိုမို  စိတ်ဝင်စားလာကြစေရန် ပြည်သူချစ် အလှမယ် ညီမလေး နန်းခင်ဇေယျာကို အကူအညီတောင်းပြီး ယခုပွဲလေးကို စီ စဉ်ဖြစ်ခဲ့တာဖြစ်ပါတယ် ။
Kyaw Kyaw Min


ပရိသတ်ကြီး မင်္ဂလာပါ…။

နန်းခင် (၉.၉.၂၀၁၃) နေ့ မနက် မှာ ရန်ကုန်မြို့ သံတမန်လမ်းမှာရှိတဲ့ မေရီချက်(ပ်)မင်း 

နားမကြားသောကလေးများကျောင်းကို နောက်ထပ်တဖန်ထပ်မံရောက်ရှိခဲ့ပါတယ်။ 

ကလေးငယ်များနှင့်လည်းရင်းနှီးပြီးဖြစ်သောကြောင့် သူတို့ကလည်းဝမ်းမြောက်ဝမ်းသာ 

ကြိုဆိုကြပြီးပျော်ရွှင်နေကြပါတယ်။

မေရီချက်(ပ်)မင်းကျောင်းမှာ နန်းခင်ဇေယျာ၏ပုံတူအား ပန်းချီပညာရှင်ဦးရွှေမြင့် နှင့် ပန်းချီပညာရှင်များ၊ 

ပန်းပုပညာရှင် ဦးကျော်ကျော်မင်း တို့မှ ကျောင်းသားကျောင်းသူများကို 

လက်တွေ့သရုပ်ပြရေးဆွဲထုလုပ်တဲ့ အခမ်းအနားအစီအစဉ်သို့သွားရောက်ပြီး နံနက် ၁၀ နာရီမှ ညနေ ၃ 

နာရီအထိ သရုပ်ပြကူညီခဲ့ပါတယ်။

အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်သော ဤကျောင်းမှ ကလေးငယ်လေးများသည် 

အကြားအာရုံချို့တဲ့ကြသော်လည်း အမြင်အာရုံစူးရှပြီး မှတ်ဥာဏ်စွမ်းအားကောင်းကြပါတယ်။ 

တီထွင်ကြံဆဥာဏ်များလည်းကောင်းကြပါတယ်။

ကျောင်းသားကျောင်းသူကလေးငယ်များ မြန်မာ့လက်မှုအနုပညာရပ်များထဲမှ 

ပန်းချီနှင့်ပန်းပုပညာရပ်များကို စိတ်ပါဝင်စားလာပြီး သင်ယူတတ်မြောက်လိုစိတ်များဖြစ်ပေါ်လာစေရန်၊

ြ
မန်မာ့လက်မှုအနုပညာများကို တန်ဖိုးထားပြီး အမွေဆက်ခံ 

ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်ပြီး ပန်းပုပညာရှင် ဦးကျော်ကျော်မင်းမှ 

ဒီအစီအစဉ်လေးကိုစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ 

ပန်းချီပန်းပုပညာရှင် ဆရာများမှ နန်းခင်ရဲ့ ပုံတူ ရေးဆွဲထုလုပ်နေစဉ်မှာ နန်းခင် 

ပူးပေါင်းကူညီသရုပ်ပြပေးခဲ့ပါတယ်။ ဆရာတို့မှ ကျောင်းသားကျောင်းသူလေးများကိုလည်း 

သင်ကြားပြသပေးခဲ့ကြပါတယ်။ စိတ်ပါဝင်စားကြတဲ့ ကျောင်းသားကျောင်းသူလေးများကလည်း 

နန်းခင်ပုံတူ ပန်းချီကားချပ်လေးများကိုရေးဆွဲပြီး နန်းခင်ကို လက်ဆောင်ပေးခဲ့ကြပါတယ်။ 

ဒီအစီအစဉ်ဖြစ်မြောက်အောင်စီစဉ်ပေးခဲ့ကြသော ပန်းပုပညာရှင် ဦးကျော်ကျော်မင်း၊ 

ပန်းချီပညာရှင်ဦးရွှေမြင့် နှင့်ပန်းချီပညာရှင်များ၊ မေရီချက်(ပ်)မင်းနားမကြားသောကလေးများ
ကျောင်းမှ ဆရာ ဆရာမများ ၊ ကျောင်းသားကျောင်းသူမောင်ညီမလေးများ၊ ဒီအစီအစဉ်လေးမှာ 

ဓာတ်ပုံမှတ်တမ်းတင်ပေးခဲ့ပါသော ကိုအောင်မျိုးမြင့် AMM Photography နှင့် ကိုထွန်းထွန်းဦး 

(Focus)တို့နှင့်ကူညီဆောင်ရွက်ခဲ့ကြသော ကျေးဇူးတင်ထိုက်သူအားလုံးတို့အား

 ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်ယခုလိုပါဝင်ဆောင်ရွက်ခဲ့ရတဲ့အတွက်လည်းအထူးပင်ဝမ်းမြောက်ဝမ်းသာ

ဖြစ်ရပါကြောင်း နန်းခင်ရဲ့ Facebook စာမျက်နှာမှနေ၍ ပြောကြားပါရစေရှင်…။


နန်းခင်နှင့်အတူ နန်းခင်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း ဝမ်းမြောက်ပီတိဖြစ်စေရန် ရည်သန်၍ …….


“နန်းခင် နှမရဲ့ ရုပ်သွင်ကို 

မြန်မာ့လက်မှု ပန်းချီပန်းပုပညာဖြင့်

မှုန်းခြယ်ထွင်းထုကာအသက်သွင်း

ပညာရှင်များ ဖန်ဆင်းလို့

အနုလက်ရာမြောက်ပါတဲ့ 

နန်းခင်ရဲ့ ပုံတူများ ……”

နန်းခင်ဇေယျာ

Saturday, September 7, 2013

စက်တင်ဘာလ ၂၂ ရက်နေ့ နံပါတ်ပြား အနက် နှင့် ကားများ မသုံးရနေ့


လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင်မော်တော်ယာဉ်များ အားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို မြန်မာနိုင်ငံမှာ ယခုအချိန်ထိ သတ်မှတ် ကျင်းပ သေးတာ မရှိသေးဘဲ တပ်မတော်မှာတော့ ကားမသုံးရနေ့ကို လွန်ခဲ့တဲ့နှစ် ၅၀ ကတည်းက သတ်မှတ်ပြီး လစဉ် တနင်္ဂနွေ နှစ်ရက်ကို သတ်မှတ် ထားရှိ ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့မှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ်ပြင်ပ မြို့နယ်များ မပါဝင်ဘဲ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ်များသာ ပါဝင်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတွေရဲ့ ပြောပြချက် အရ သိပါတယ်။

အဆိုပါ စက်တင်ဘာလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို ကိုယ်ပိုင် မော်တော်ယာဉ် နံပါတ်အနက် ယာဉ်များ မသုံးရနေ့ဟု သတ်မှတ် ထားရှိရ တာဟာ ယာဉ်များ ပိုမိုများပြားလာခြင်း၊ နောက်ဆက်တွဲ ရလဒ်အဖြစ် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း၊ လမ်းလျှောက် သွားသူနဲ့ စက်ဘီးစီးသူများကိုလည်း မြင့်တင်ပေးရာ ရောက်ခြင်း၊ အဆိုပါ နေ့မှာ ယာဉ်အန္တရာယ် ပိုကင်းပြီး စက်သုံးဆီ ချွေတာရာ ရောက်ခြင်းနဲ့ ပြည်ပနိုင်ငံ အသီးသီး မှာလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကို ယာဉ်မသုံးရနေ့ အဖြစ် သတ်မှတ် ထားရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မူရင်း source Original Link

Most Beautiful Girl in the World ... ခင်ဝင့်ဝါ မြန်မာပြည်သို့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်း တွင် ပြန်လည်ရောက်ရှိမည်။



ဓာတ်ပုံအား Miss Supranational Myanmar facebook မှ ကူးယူပါသည်။
မြန်မာအလှမယ် ခင်ဝင့်ဝါသည်


  1.  Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆု
  2. အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ 
  3. Missosology မှ ချီးမြှင့်သော People Choice Award နှင့်
  4.  Face of Miss Supranational 2013 ဆုများဖြင့် စုစုပေါင်း ၄ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
နိုင်ငံတကာ ဆုများ တစ်ပွေ့တစ်ပိုက်နှင့် ပြန်လာသော ပြည်သူ့အချစ်တော် အလှမယ် ခင်ဝင့်ဝါသည်  စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ကြိုဆိုချင်ကြသူအပေါင်း အား လက်တို့ပြီးတော့ ပြောလိုက်ပါကြောင်း ... နှင့်

ကမ္ဘာ့ တတိယအကြီးကျယ်ဆုံးသော Miss ပြိုင်ပွဲဖြစ်သော MissာSupranational  ပြိုင်ပွဲအား မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ပြီး Miss Internet ,People Choice Award , Most Beautiful Girl in the World ,Face of Miss Supranational 2013  စစသည့် ဆုများအား ထိုက်တန်စွာ ဆွတ်ခူးခဲ့ သော ညီမလေး ခင်ဝင့်ဝါ အတွက်  ဂုဏ်ယူပါကြောင်း နှင့် ရှေ့ဆက်လျှောက်လှမ်းမည့် အနုပညာ ခရီးများစွာအတွက် ယခုထက်ပိုပြီး အောင်မြင်ပါစေကြောင်း ဆုတောင်းအပ်ပါသည် ။


နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS