ကမ္ဘာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ရာဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်မည့်ကမ္ဘာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်ယမန်နေ့နံနက်ပိုင်းကဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်အမက ၅ ကျောင်းခန်းမတွင်အသိပညာပေးဟောပြောပွဲတရပ်ကိုကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာယင်းအခန်းအနားသို့တက်ရောက်လာကြသောမြို့နယ်ဌာနဆိုင်ရာများ။ကမ္ဘာကုလသမဂ္ဂ ILO အဖွဲ့ဝင်များ။ရက်ကွက်အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့ဝင်များ။ရပ်မိရပ်ဖများ။အသင်းအဖွဲ့အစည်းမှတာဝန်ရှိသူများ။ကလေးသူငယ်များနှင့်မိဘများကိုဒုတိယမြို့နယ်ပညာရေးမှူးဆရာကြီးဦးသက်လင်းဦးကအဖွင့်စကားပြောကြားအပြီးအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO မှ Mr.SELIM BENAISSA ကကမ္ဘာ့ကလေးအလုပ်သမားနှင့်ပတ်သက်၍သိသင့်သိထိုက်သည်အချက်များနှင့်ILO အဖွဲ့၏လုပ်ငန်းဆောင်ရွက်များကိုရှင်းလင်းပြောကြားပါသည်။ယင်းနောက်ရတနာ့မေတ္တာအဖွဲ့Project Manager က ကလေးသူငယ်စောင့်ရှောက်မှူ့အကြောင်းအရာများနှင့်ကျောင်းနေအရွယ်ကလေးများကျောင်းတက်နိုင်ရေးတွင်ပူးပေါင်းပါဝင်နိုင်ရေးအကြောင်းအရာများကိုဒေါ်မြမဉ္ဇ္ဇူကရှင်းလင်းတင်ပြပြီးကလေးသူငယ်များအားကမ္ဘာကုလသမဂ္ဂအဖွဲ့ILO မှMr.SELIM BENAISSAနှင့်ရတနာမေတ္တာအဖွဲ့လက်ဆောင်ပစ္စည်းများပေးအပ်ပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.329
Monday, June 13, 2016
Sunday, June 12, 2016
PSI Myanmar Aphaw နှင့် Media ချိတ်ဆက်ခြင်း။10.6.2016.Yangon
Saturday, June 11, 2016
မြန်မာဘရူဝါရီလီမိတက်၏( ၁၈ )ကြိမ်စုပေါင်းသွေးလှုူဒါန်းပွဲကျင်းပခြင်း။10.6.2016.Yangon
မြန်မာဘရူဝါရီလီမိတက်ကရုဏာရှေ့ရှုမြန်မာမှုအစီအစဉ်တရပ်၏( ၁၈ )ကြိမ်မြောက်စုပေါင်းသွေးလှုဒါန်းပွဲအခမ်းအနားကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိသွေးလှုဘဏ်ဌာနတွင်ကျင်းပပြုလပ်ရာMr. Ted Sato မှအဖွင့်နှတ်ခွန်းဆက်အမှာစကားပြောကြားပြီးDr.Thida Aung ( Head OF BLOOL Bank ) မှသွေးလှုဒါန်းခြင်းမှရရှိနိုင်သောအကျိုးကျေးဇူးများအကြာင်းကိုရှင်းလင်းတင်ပြပေးပါသည်။ဆက်လက်၍Mr. Ted Sato မှ Dr.Daw Thida Aung အား Blood Donation ဌာနအတွက်အလှုငွေကျပ် ၁၅၀၀၀၀၀ အားပေးအပ်လှူဒါန်းပြီးMyanmar Care TVC အစီအစဉ်ပြသပါသည်။ယင်းနောက်MBL မှတာဝန်ရှိလူကြီးမင်းများနှင့်ဆရာဝန်ကြီးများအထူးဖိတ်ကြားထားသောဧည့်သည်တော်များနှင့်စုပေါင်း၍အမှတ်တရဓါတ်ပုံရိုက်ကြပါသည်။အဆိုပါအခမ်းအနားသို့အလှမယ်အမရာငြိမ်းမှလည်ပါဝင်တက်ရောက်၍မိမိကိုယ်မှသွေးများကိုမွန်မြတ်သောအလှူဒါနအဖြစ်သွေးလှူဒါန်းခဲ့ကြောင်းသိရှိရသည်။ယင်းအခမ်းအနားသို့သတင်းတက်ရောက်ရယူကြသောသတင်းမီဒီယများထဲမှအမျိုးသမီးသတင်းထောက် ၂ ဦးကလည်သွေးလှူဒါန်းခဲ့ကြသည်။
1.6.2016 နေ့တွင်ရန်ကုန်မြန်မာဘရူဝါရီလီမိတက်ရုံးချူပ်တွင်ဝန်ထမ်းများ၏စုပေါင်းသွေးလှူဒါန်းပွဲကို၎င်းရုံး၏ Taven ခန်းမတွင်ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်နှင့်ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့ပြီး 10.6.2016 နေ့တွင်လည်မြန်မာဘရူဝါရီလီမိတက်မှဝန်ထမ်း။မိသားစုဝင်ဆိုင်ပိုင်ရှင်များ။စီပွားဖက်ကိုယ်စားလှယ်တော်ကြီးများစုပေါင်းသွေးလှူဒါန်းပွဲကိုရန်ကုန်ပြည်သူ့ဆေးရုံသွေးဘဏ်ဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။မန္တလေးမြို့တွင်ဇွန်လ 23/ 24 ရက်နေ့ဆက်လက်၍စုပေါင်းသွေးလှူဒါန်းပွဲကိုကျင်းပပြုလုပ်သွားရန်ရှိပြီးတောင်ကြီးမြို့တွင်လည်ဇွန်လ 28 ရက်နေ့တွင်ပြုလုပ်သွားရန်ရှိကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Thursday, June 9, 2016
Miss Global နိုင်ငံတကာအလှမယ်ပြ်ု့င်ပွဲသို့ဝင်ရောက်ယှဉ်မည့်အလှမယ်ဆုပွင့်ဦး။8.6.2016
Miss Global နိုင်တကာအလှမယ်ပြိုင်ပွဲကြီးသို့မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်World - Class Myanmar မှ အလှပြိုင်ပွဲကြီးအတွက်လျှောက်ထားသူ၃၀ ဦးခန့်ရှိခဲ့ပြီးယင်းတို့အနက်မှအလှမယ်ဆုပွင့်ဦးကိုရွေးချယ်ခဲ့ပြီးအလှမယ်ဘွဲ့အပ်နှင်းပွဲကို8.6.2016 နေ့ကCity Star ဟိုတယ်တွင်ကျင်းပပြု့လုပ်ခဲ့သည်။နိုင်ငံကိုယ်စားပြုအလှမယ်တယောက်ကိုရွေးချယ်ရာတွင်ပြိုင်ပွဲဝင်အလှမယ်များအနေဖြင့်မိမိအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်မည့်အလှမယ်ပြိုင်ပွဲကြီးအပေါ်တွင်ထာရှိတဲ့ခံယူချက်။လှပကျော့ရှင်းသည့်ကိုယ်ပာန်အနေအထာ။တန်ဖိုးထားရှိမှူဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်အဆင့်ဆင့်ရွေးချယ်သုံးသပ်ပြီးရွေးချယ်ခဲ့ကြောင်းနှင့်Miss Global ပြိုင်ပွဲကမယ်အမျိုးသမီးတရောက်ရဲ့လှပတင့်တယ်ခြင်း။ကိုယ်ပိုင်စွမ်းဆောင်ရည်။ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှုစတဲ့စံထားသတ်မှတ်ချက်တွေကိုအဓိကထားဃှဉ်ပြိုင်ရမည်ဖြစ်ပြီးပြိုင်ပွဲနဲ့ကိုက်ညီတဲ့အလှမယ်အရည်အချင်းရှိသူကိုရွေးချယ်လိုက်ခြင်းဖြစ်ကြောင်းWorld - Class Myanmar မှCEOတဦးဖြစ်သူ
ဒေါ်အိမွန်ခိုင်ထံမှသိရှိရသည်။
အလှမယ်ဆုပွင့်ဦးသည်အသက်( 25 )နှစ်။အရပ် 5 ပေ 6 လက်မရှိပြီးUKနိုင်ငံ Newcastle မြို့မှBA( Hons )Business with Human Resource Managment ။ Australia နိုင်ငံ Southern Cross တဣသိုလ်မှAdvanced Diploma in International Business Management ။ UK နိုင်ငံBradford တဣသိုလ်မှLCCI Level 3စသည့်ဘာသာရပ်များဖြင့်ဘွဲ့။ဒီပလိုမာဘွဲ့များကိုထူးချွန်စွာဖြင့်အသီးသီးရရှိထားသူဖြစ်သည်။၎င်းသည်ဂျယ်လီအဖွဲ့မှအဆိုတော်တဦးဖြစ်အပြင်ပွင့်ဦးပရိဘောဂကုမ္ပဏီလီမိတက်၏တွဲဖက်ဒါရိုက်တာတဦးလည်းဖြစ်သည်။ခရီးသွားလာခြင်း။ရေကူးခြင်း။စာဖတ်ခြင်းနှင့်လူမှူအကျိုးပြုပရဟိတလုပ်ငန်းများလည်ဝါသနာပါသူတဦးဖြစ်သည်။ဃင်းအပြင်2013 ခုနှစ်တွင်The Face Shop မှပြုလုပ်ကျင်းပသည့်အလှမယ်ပြိုင်ပွဲတွင်ဆုရခဲ့ခြင်းကြောင့်ကိုရီးယားနိုင်ငံဆိုးလ်မြို့တွင်နာမည်ကြီးရုပ်ရှင်မင်းသားဂျီဟိုပေးအပ်သည့်သရဖူကိုရရှိခဲ့သူတဦးလည်ဖြစ်သည်။၎င်းသည်ပြိုင်ပွဲတွင်မြန်မာအမျိုးသမီးတရောက်ရဲ့အရည်အချင်း။ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုကိုယ်ထင်ဟပ်စေမယ့်အနုပညာကကွက်ဆန်းတွေနဲ့ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားဖြစ်ပြီးနိုင်ငံပေါင်း 50 ခန့်မှအလှမယ်များဝင်ရောက်ယှဉ်မည့် 4 ကြိမ်မြောက်ကျင်းပမည့်2016 ခုနှစ် Miss Global ပြိုင်ပွဲကြီးကိုလာမည့် September လတွင်ကျင်းပတော့မည်ဖြစ်သည်။မြန်မာနိုင်ငံမှယင်းပြိုင်ပွဲတွင်ဒုတိယအကြိမ်မြောက်သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Tuesday, June 7, 2016
K L Seven ကားအရောင်းစင်တာသစ်ဖွင့်လှစ်ခြင်း။7..6.2016.ရန်ကုန်
K L Seven ကားအရောင်းစင်တာသစ်ဖွင့်လှစ်ခြင်းကိုအမှတ် ( ၁၀/ ခ ) ဝန်မင်းလမ်း၁၆ရပ်ကွက်။ဘောက်ထောာ်။ရန်ကင်းမြို့နယ်တွင်ယနေ့နံနက် ၉ နာရီအချိန်တွငDr.Soe Tun ဥဣဋ္ဌ။ U ZAW Myint ဒုဥဣဋ္ဌ။ UKyi Thr Han ပိုင်ရှင်ဖြစ်သူ တို့မှ ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ပါသည်။အခမ်းအနားသို့အထူးဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ကားကုမဏ္ဍီအသီးသီးမှမိတ်ဆွေများတက်ရောက်၍အားပေးချီးမြောက်ခဲ့ကြကြောင်းသိရရှိရသည်။ကားကောင်းကားသန့်ဝယ်ယူလိုသူများအနေဖြင့်အကောင်းဆုံးဝန်ဆောင်မှူများကိုပေးအပ်လျှက်ရှိပြီးဝယ်ယူသူများအတွက်မိမိဝယ်ယူသည့်ကားများကိုသက်တောင့်သက်သာဖြင့်ကြည့်ရှုဝယ်ယူနိုင်ပြီး KL Seven ကားအရောင်းစင်တာသို့လာရောက်နိုင်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.
၂၀၁၆ World Most Powerful Woman
Monday, June 6, 2016
မယ်ကမ္ဘာမြန်မာ့အလှမယ်ပြိုင်ပွဲ၂၀၁၆ရွေးချယ်ကျင်းပပြီးစိးခြင်း။4.6.2016.ရန်ကုန်
ရန်ကုန်မြို့ Gandamar Grand Ballroom တွင်Miss Myanmar World 2016 ပြိုင်ပွဲအခမ်းအနားကို( 4.6.2016 )နေ့ညနေ ၆ နာရီ မှည ၁၂ နာရီ အချိန်အထိကျင်းပပြုလုပ်ခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပမည့် ( ၆၆ ) ကြိမ်မြောက်နိုင်ငံတကာမယ်ကမ္ဘာအလှမယ်ပြိုင်ပွဲတွင်နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက်အရည်အချင်းပြည့်ဝပြီးထူးချွန်ထက်မြက်သည့်အမျိုးသမီးတဦးရွေးချယ်ပေးမည့်အလှမယ်တဦးထွန်းပေါက်စေရန်ရီရွယ်ချက်ဖြစ်စီစဉ်ကျင်းပသည့်ပြုင်ပြွဲီကီးဖြစ်သည်။မြန်မာအမျိုးသမီးငယ်တို့၏လှပတင့်တယ်မှုပင်ကိုစွမ်းရည်ဥာဏ္ဍ်ရည်ဥာဏ္ဍ်သွေးထက်မြက်မှုတို့ကိုစိစစ်ရွေးချယ်ပေးခဲ့ပြီးဝင်ရောက်ယှဉ်ပြိုင်သည့်အလှမယ် ၂၀ ဦးထဲမှသုံးဦးကိုရွေးချယ်ပေးခဲ့ရာမယ်ကမ္ဘာမြန်မာ့အလှမယ်ဆုကိုမြတ်သီရိလွင်( or ) Bellaကလည်းကောင်း။1st Runner up ဆုကို Mဂျာဆိုင်း နှင့် 2nd Ruer up ဆုကို လရိပ်ပြာတို့ကလည်းကောင်းအသီးသီးရရှိခဲ့ကြသည်။မယ်ကမ္ဘာမြန်မာအဖြစ်ရွေးချယ်ခံရသူမြတ်သီရိလွင်အနေဖြင့်နိုင်ငံတကာမယ်ကမ္ဘာအလှမယ်ပြိုင်ပွဲကြီးသို့မြန်မာနိုင်ကိုယ်စားပြုအလှမယ်တစ်ဦးအဖြစ်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။အသက်( ၁၇ )နှစ်အရွယ်ရှိအလှမယ်မြတ်သီရိလွင်သည်စိတ်ပညာအဓိကဘာသာရပ်ကျောင်းသူတဦးဖြစ်သည်။ယခုနှစ်ကုန်ပိုင်းတွင်
နိုင်ငံတကာမယ်ကမ္ဘာအလှမယ်၂၀၁၆ပြိုင်ပွဲတွင်မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေဖြင့်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။အလှမယ်မြတ်သီရိလွင်သည်မယ်ကမ္ဘာမြန်မာဆု၂၀၁၆သရဖူဆုအပြင်Best Personality ဆုနှင့်People's Choice Award ဆုကိုပိုင်နိုင်စွာဆွတ်ခူးရရှိခဲ့သူဖြစ်သည်။အလှမယ်သည်သိန်း ၃၅၀ နီးပါးတန်ဖိုးရှိသည့်ယင်းသရဖူနဲ့အတူMiss Myanmar World Organization မှ ပေးအပ်ချီးမြှင့်သည့်ငွေကျပ်သိန်း ၁၀၀ ကိုလည်ရရှိပိုင်ဆိုင်နိုင်ခဲ့သည်။၂၀၁၆ ခုနှစ်အလှမယ်အတွက်သရဖူကိုဒေါင်း၏လှပသည့်အမွှေးကိုကိုယ်စားပြုထားပြီးမြန်မာ့အမွေအနှစ်ဖြစ်သည့်စပါးနှံစေ့လေးများဖြင့်အလှဖော်ကျုးထားသည်။Andaman ပင်လယ်ထဲမှရရှိသည့်ပုလဲကိုဒေါင်းမွှေးပုံသဏ္ဍန်ယူထားသရဖူတွင်တပ်ဆင်ခြယ်သထားပြီးတန်ဖိုးရှိသည့်ကျောက်မျက်အရုင်းတုံးများကိုစပါးနှံပုံစံဖန်းတီးပြီးယင်းသရဖူကိုPhuket Pearl Amorn ကပြုလုပ်ပေးထားခြင်းဖြစ်သည်။ယင်းပြိုင်ပွဲကြီးသို့မြန်မာနိုင်ငံတစဝန်းမှလျှေက်ထားသူ ၉၀ ဦးရှိခဲ့ပြီးဧပြီ ၂၉ရက်မှ မတ်လ ၃ ရက်နေ့အထိ Myanmar Event Parkတွင်လူတွေ့စစ်ဆေးခြင်း။မှတ်တမ်းတင်ခြင်း။ဆေးပညာဆိုင်ရာစစ်ဆေးမှုများပြုလုပ်ကာာပြိုင်ပွဲဝင်အလှမယ် ၅၀ ဦးထဲမှ အလှမယ် ၂၀ ကိုစိစစ်ရွေးချယ်ခဲ့ပြီးမေလ ၂၆ရက်နေ့တွင်အလှမယ်တစ်ဦးချင်းစိ၏ပင်ကိုစွမ်းရည်ထက်မြက်မှူတိုကိုပြိုင်ပွဲများပြုလုပ်ဇကာာတင်ရွေးချယ်ခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...