ကမ္ဘာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ရာဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်မည့်ကမ္ဘာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်ယမန်နေ့နံနက်ပိုင်းကဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်အမက ၅ ကျောင်းခန်းမတွင်အသိပညာပေးဟောပြောပွဲတရပ်ကိုကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာယင်းအခန်းအနားသို့တက်ရောက်လာကြသောမြို့နယ်ဌာနဆိုင်ရာများ။ကမ္ဘာကုလသမဂ္ဂ ILO အဖွဲ့ဝင်များ။ရက်ကွက်အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့ဝင်များ။ရပ်မိရပ်ဖများ။အသင်းအဖွဲ့အစည်းမှတာဝန်ရှိသူများ။ကလေးသူငယ်များနှင့်မိဘများကိုဒုတိယမြို့နယ်ပညာရေးမှူးဆရာကြီးဦးသက်လင်းဦးကအဖွင့်စကားပြောကြားအပြီးအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO မှ Mr.SELIM BENAISSA ကကမ္ဘာ့ကလေးအလုပ်သမားနှင့်ပတ်သက်၍သိသင့်သိထိုက်သည်အချက်များနှင့်ILO အဖွဲ့၏လုပ်ငန်းဆောင်ရွက်များကိုရှင်းလင်းပြောကြားပါသည်။ယင်းနောက်ရတနာ့မေတ္တာအဖွဲ့Project Manager က ကလေးသူငယ်စောင့်ရှောက်မှူ့အကြောင်းအရာများနှင့်ကျောင်းနေအရွယ်ကလေးများကျောင်းတက်နိုင်ရေးတွင်ပူးပေါင်းပါဝင်နိုင်ရေးအကြောင်းအရာများကိုဒေါ်မြမဉ္ဇ္ဇူကရှင်းလင်းတင်ပြပြီးကလေးသူငယ်များအားကမ္ဘာကုလသမဂ္ဂအဖွဲ့ILO မှMr.SELIM BENAISSAနှင့်ရတနာမေတ္တာအဖွဲ့လက်ဆောင်ပစ္စည်းများပေးအပ်ပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment