ပလတ်စတစ်နှင့်ထုတ်ပိုးမှူစက်ပစ္စည်းများနိုင်ငံတကာကုစည်ပြပွဲကိုယနေ့( 8.7.2016).နေ့တပ်မတော်ခန်းမတွင်ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံပလပ်စတစ်လုပ်ငန်းရှင်များအသင်းဥက္ကဌ.ဦးထွန်းမှအဖွင့်ကြိုဆိုနုတ်ခွန်းဆက်အမှာစကားပြေကြားပါသည်။ယင်းနောက်ဦးထွန်း( ဥက္ကဌ )နှင့်ဦးမြင့်သန်း(တွဲဖက်အတွင်းရေးမှူး)မြန်မာနိုင်ငံစက်မှူကုန်ထုတ်လုပ်သူများအသင်း။အိန္ဒိယသံရုံးမှသံရုံးယာယီတာဝန်ခံ Mr.B.Sham။Eatzrprising Rair.IndaမှManaing Director Mr.Swaminathan တို့မှ၎င်းအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးဥက္ကဌ နှင့် အိန္ဒိယသံရုံးများမှအထူးဧည့်သည်တော်များ။လုပ်ရှင်းဧည့်သည်တော်တို့မှပြခန်းများကိုလှည့်လည်ကြည့်ရှုကြကြောင်သတင်းရရှိပါသည်။Myint Khaing.MANM.3329
Friday, July 8, 2016
Wednesday, June 29, 2016
ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခဇူလိုင်လ ၁ ရက်နေ့မှစတင်၍ပြောင်လဲကောက်ခံမည်။29.6.2016.Yangon
ရန်ကုန်မြို့ပတ်ရထား၏ဆင်ခြေဖုံးလမ်းပိုင်းရထားလက်မှတ်ခနှုန်းထားများကိုရထားစီးခရီးသည်များရထားလက်မှတ်ဝယ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက်လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာခရီးစဉ်နှုန်းထားများကိုပြောင်းလဲကောကခံရန်စီစဉ်နေကြောင်းရထားပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနမြန်မာ့မီးရထားအောက်မြန်မာပြည်ရုံးမှအထွေထွေမန်နေဂျာဦးထွန်းအောင်သင်းမှယနေ့တွင်စာနယ်ဇင်းသတင်းမီဒီယာများကိုရှင်းလင်းပြောကြားပါသည်။အဆိုပါရန်ကုန်မြို့ပတ်ရထားဆင်ခြေဖုံးလမ်းပိုင်းစီးနင်းမှုတွင်ရထားလက်မှတ်ခနှုန်းထားများကိုရထားခရီးစဉ်အကွာအဝေး ၁၅ မိုင်အထိငွေကျပ် ၁၀၀ နှုန်းထားဖြင့်သတ်မှတ်ကောက်ခံမည်ဖြစ်ပြီး ၁၅မိုင်အထက်အကွာအဝေးကိုငွေကျပ် ၂၀၀ နှုန်းထားဖြင့်ပြောင်းလဲကောက်ခံမည်ဖြစ်ကာလက်ရှိရထားလက်မှတ်နှုန်းထားကောက်ခံမှူအခြေအနေဖြစ်သောရထားခရီးစဉ်အကွာအဝေး ၁၅ မိုင်အထိဖြစ်သည့်ရထားလက်မှတ်ခနှုန်းထားငွေကျပ် ၅၀ နှုန်းထားကိုဖျက်သိမ်းသွားမည်ဖြစ်ကြောင်းနှင့်မြို့တပတ်လုံးပတ်မည့်ရထားခရီးစဉ်စီးနင်းခကိုငွေကျပ် ၂၀၀ နှုန်းထားဖြင့်ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်းသိရသည်။ယင်းကဲသို့စတင်မည့်ရက်များ၌ပင်ရထားတွဲဆိုင်ကြီးများနေရာတွင်EBE ရထားတွဲငါးတွဲပါဝင်သောရထားတွဲဆိုင်းလေးဆိုင်းဖြင့်အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး၎င်းရထားတွဲဆိုင်းများမှာဏ၁။ ဏ၅ ။ ည နှင့် ဟ ရထားတွဲဆိုင်များဖြစ်ကာရန်ကုန်မြို့ပတ်ရထားနှင့်ဆင်ခြေဖုံးလမ်းပိုင်းရထားလက်မှတ်ခနှုန်းထားများကိုပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်းအဆိုပါလမ်းပိုင်းတွင်ပြေးဆွဲနေသောရထားတွဲဆိုင်းများကိုလည်းRBE ရထားတွဲဆိုင်းများဖြင့်တစ်ပြိုင်တည်းအစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့်လက်ရှိRBEရထားတွဲဆိုင်းများဖြင့်အစားထိုးပြေးဆွဲပေးနေသည့်RBE ရထားတွဲဆိုင်းများအပါအဝင်စုစုပေါင်းRBE ရထားတွဲဆိုင်း ၁၃ ဆိုင်းဖြစ်လာမည်ဖြစ်ကြောင်းသိရှိရသည်။မြန်မာ့မီးရထားတိုင်းအမှတ် ၇ မှ( သွာလာရေး/တိုင်း ) မန်နေဂျာဦးကျော်စိုးလင်းက" လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစတင်၍မြို့ပတ်ရထားစီးနင်းခလက်မှတ်နှုန်းထားမျာကိုလက်မှတ်တစ်စောင်လျှင်ငွေကျပ် ၁၀၀ နဲ့ ငွေကျပ် ၂၀၀သာထားတော့မှာဖြစ်ပြီးခရီးစဉ်အလိုက်သာကောက်ခံမှာဖြစ်၍ခရီးသည်မျာဘယ်ရထားစီးစီးကိုယ်လိုရာခရီးစဉ်ကိုသွားလို့ရပြီးဖြစ်သည်။ရထားစီးခရီးသည်တွေရဲ့ရထားလက်မှတ်မှားယွင်းဝယ်ယူမိတာနဲ့အကြွေးပြန်အမ်းရတဲ့ပြဿနာလည်းမရှိတော့ကြောင်းနှင့်တွဲဆိုင်းတွေလဲတဲ့အခါမှာလည်းအခက်အခဲမရှိတော့၍အားသာချက်ပိုမိုများလာပါတယ်။ရထားစီးခရီးသွားဧည်သည်အများစုကိုမေးမြန်းရာတွင်လည်းသဘောတူကျေနပ်ကြကြောင်းသိရှိရကြောင်းနှင့်လက်ရှိမြန်မာ့မီးရထားကွန်ပျူတာလက်မှတ်စနစ်ကိုအသုးံပြုကာတစ်ရက်လျှင်ရထားလက်မှတ်စောင်ရေပျှမ်းမျှနှစ်သောင်းဝန်းကျင်ရောင်းချပေးနေရကြောင်း။ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများအားရောင်းချပေးနေသောလသုံးလက်မှတ်များမှာလည်းစောင်ရေ ၃၇၀၀အထိရောင်းချပေးထားပြီးဖြစ်ကြောင်း။ထို့အပြင်မြန်မာ့မီးရထားပို့ဆောင်ရေးမှရထားစီးခရီးသည်များအဆင်ပြေချောမွေ့စေရေးအတွက်တစ်ရက်လျှင်ရထားပြေးဆွဲခေါက်ရေ ၂၁၅ ခေါက်ကို RBE ရထားတွဲဆိုင်း ၉ ဆိုင်း။ရထားတွဲဆိုင်ကြီး ၁၄ ဆိုင်းဖြင့်ပြေးဆွဲပေးရှိပြီးရန်ကုန်မြို့တွင်းသွားရထားစီးခရီးသည်ဦးရေမှာတစ်ရက်လျှင်ပျမ်းမျှဦးရေ ၇၂၅၀၀၀ ခန့်အထိလိုက်ပါစီးနင်းသွားလာလျှက်ရှိကြောင်းမြန်မာ့မီးရထားမှသတင်းရရှိပါသည်။Myint Khaing.MANM.3329
Monday, June 27, 2016
Kett Electric Laboratory ဆန်စပါးနှင့်အခြားသီနှံမျိုးစုံအစိုဓါတ်တိုင်းကိရိယာများမိတ်ဆက်ခြင်း။27.6.2016.
ကက်"KETT"ကုမ္မဏီ၏ဆန်စပါးအခြာက်ခံစက်။အစိုဓါတ်တိုင်းကိရိယာစက်အမျိုးမျိုးနှင့်သီနှအမျိုးမျိုးတိုင်းတာမှူစက်များအကြောင်းမိတ်ဆက်ရှင်းလင်းအခမ်းအနားကိုရန်ကုန်မြို့Parkroyal Hotel တွင်Training and Seminar on Moisture Contents;Grain Moisture Testers and Storage Systems အကြောင်းနှင့်ကရိယာများကိုမှန်ကန်စွာကိုင်တွယ်အသုံးပြုမှူအကြောင်းသင်းတန်းပို့ချခြင်းကိုကျင်ပပြလုပ်ခဲ့သည်။ယင်းအခမ်းအနားတွင်Important ofPropet Handling of Grain Moisture အကြောင်းကိုMr.Nori Yosh မှ၎င်း။Hands on activies and products viewing အကြောင်းကိုPioneer Agrobiz Team အဖွဲ့မှ၎င်း။Grain Moisture Content and Storage Systems အကြောင်းကိုDr. Myo Aung Kyaw.မှ၎င်းရှင်းလင်းပြောကြားကြကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.
Sunday, June 26, 2016
အော်တစ်အကြောင်းသိကောင်းစရာဟောပြောပွဲကျင်းပခြင်း။25.6.2016.Yangon.IBC
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့်မြန်မာအော်တစ်ဇင်အသင်းရန်ကုန်တို့ပူးပေါင်း၍အော်တစ်ဇင်အကြောင်းသိကောင်စရာများဟောပြောပွဲကို25.6.2016.ဇွန်လ - နံနက်9း00 နာရီတွင်ရန်ကုန်မြို့ပြည်လမ်းမပေါ်ရှိ IBC ( International Business Center ).၌ကျင်းပပြုလုပ်ရာယင်းအခမ်းအနားသို့ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက်မှအုပ်ချုပ်မှူဒါရိုက်တာများဖြစ်ကြသောဦးမိုးဆန်းအောင်နှင့်ဦးထွန်းလင်း။ကမ္ဘောဇဘဏ်လီမိတက်ဒုတိယအုပ်ချုပ်မှူဒါရိုက်တာဒေါ်မြင့်မြင့်ချို။အထွေထွေမန်နေဂျာဦးအောင်ကျော်စိုး။အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှတာဝန်ရှိပုဂ္ဂိုလ်များ။မြန်မာနိုင်ငံအော်တစ်ဇင်အသင်းရန်ကုန်မှအတိုင်ပင်ခံပါမောက္ခဒေါက်တာဥာဏ်ဝင်းကျော်။အတိုင်ပင်ခံအကြံပေးဒေါက်တာတင်မဖြူ။အော်တစ်ဇင်အသင်းဥက္ကဌဒေါက်တာမြင့်လွင့်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ။အထူးဖိတ်ကြားထားသူများအဆိုပါအခမ်းအနားသို့တက်ရောက်ကြသည်။ရှေးဦးစွာကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေရှင်းဥက္ကဌကိုယ်စားကမ္ဘောဇအိုပ်စုကုမ္ပဏီလီမိတက်အုပ်ချုပ်မှူဒါရိုက်တာဦးမိုးဆန်းအောင်ကအဖွင့်အမှာစကားပြောကြားသည်။ထို့နောက်မြန်မာအော်တစ်ဇင်အသင်းအတိုင်ခံပါမောက္ခဒေါက်တာဥာဏ်ဝင်းကျော်ကအာရုံကြောဖွံ့ဖြိုးမှူဆိုင်ရာရောဂါများနှင့်ပါတ်သက်၍ရှင်းလင်းပြောကြားပါသည်။ယင်းနောက်အော်တစ်ဇင်ဖြစ်ပေါ်လာရခြင်း၏အနက်အဓိပ္ပာယ်သဘောသဘာဝတရားများကိုဒေါက်တာမြင့်လွင်က၎င်းဖြည့်စွက်ရှင်းလင်းတင်ပြအပြီးမြန်မာနိုင်ငံအော်တစ်အသင်းရန်ကုန်၏အတိုင်ပင်ခံဒေါက်တာတင်မဖြူကအော်တစ်ဇင်များ၏ဓလေ့စရိုက်။သင်ကြားမှူပုံစံတို့ကိုရုပ်ပုံကားချပ်သရုပ်ပြဆလိုက်များဖြင့်အသေးစိတ်ရှင်းလင်းပြောကြားပါသည်။မြန်မာနိုင်ငံ၏အော်တစ်ဇင်အသင်းရန်ကုန်အနေဖြင့်ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေရှင်းအနေနှင့်ပထမဆုံးအကြိမ်ပူးပေါင်း၍ယခုကဲ့သို့ဟောပြောပွဲကျင်းပရခြင်းဖြစ်ပြီးဆက်လက်၍လည်းအော်တစ်ဇင်နှင့်ပါတ်သက်သည့်လုပ်ငန်းများကိုဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Wednesday, June 22, 2016
Work.com.mmအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်စာနယ်ရှင်းလင်းခြင်း။22.6.2016.Yangon.
Tuesday, June 21, 2016
သမိုင်းထဲက ဒဏ္ဍာရီ သို့မဟုတ် ဓမ္မစေတီ ခေါင်းလောင်းကြီး
Sunday, June 19, 2016
Yangon JobFair 2016.ပြပွဲအခမ်းအနားကျင်းပခြင်း။19.6.2016.
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...