ရန်ကုန်မြို့ပတ်ရထား၏ဆင်ခြေဖုံးလမ်းပိုင်းရထားလက်မှတ်ခနှုန်းထားများကိုရထားစီးခရီးသည်များရထားလက်မှတ်ဝယ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက်လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာခရီးစဉ်နှုန်းထားများကိုပြောင်းလဲကောကခံရန်စီစဉ်နေကြောင်းရထားပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနမြန်မာ့မီးရထားအောက်မြန်မာပြည်ရုံးမှအထွေထွေမန်နေဂျာဦးထွန်းအောင်သင်းမှယနေ့တွင်စာနယ်ဇင်းသတင်းမီဒီယာများကိုရှင်းလင်းပြောကြားပါသည်။အဆိုပါရန်ကုန်မြို့ပတ်ရထားဆင်ခြေဖုံးလမ်းပိုင်းစီးနင်းမှုတွင်ရထားလက်မှတ်ခနှုန်းထားများကိုရထားခရီးစဉ်အကွာအဝေး ၁၅ မိုင်အထိငွေကျပ် ၁၀၀ နှုန်းထားဖြင့်သတ်မှတ်ကောက်ခံမည်ဖြစ်ပြီး ၁၅မိုင်အထက်အကွာအဝေးကိုငွေကျပ် ၂၀၀ နှုန်းထားဖြင့်ပြောင်းလဲကောက်ခံမည်ဖြစ်ကာလက်ရှိရထားလက်မှတ်နှုန်းထားကောက်ခံမှူအခြေအနေဖြစ်သောရထားခရီးစဉ်အကွာအဝေး ၁၅ မိုင်အထိဖြစ်သည့်ရထားလက်မှတ်ခနှုန်းထားငွေကျပ် ၅၀ နှုန်းထားကိုဖျက်သိမ်းသွားမည်ဖြစ်ကြောင်းနှင့်မြို့တပတ်လုံးပတ်မည့်ရထားခရီးစဉ်စီးနင်းခကိုငွေကျပ် ၂၀၀ နှုန်းထားဖြင့်ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်းသိရသည်။ယင်းကဲသို့စတင်မည့်ရက်များ၌ပင်ရထားတွဲဆိုင်ကြီးများနေရာတွင်EBE ရထားတွဲငါးတွဲပါဝင်သောရထားတွဲဆိုင်းလေးဆိုင်းဖြင့်အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး၎င်းရထားတွဲဆိုင်းများမှာဏ၁။ ဏ၅ ။ ည နှင့် ဟ ရထားတွဲဆိုင်များဖြစ်ကာရန်ကုန်မြို့ပတ်ရထားနှင့်ဆင်ခြေဖုံးလမ်းပိုင်းရထားလက်မှတ်ခနှုန်းထားများကိုပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်းအဆိုပါလမ်းပိုင်းတွင်ပြေးဆွဲနေသောရထားတွဲဆိုင်းများကိုလည်းRBE ရထားတွဲဆိုင်းများဖြင့်တစ်ပြိုင်တည်းအစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့်လက်ရှိRBEရထားတွဲဆိုင်းများဖြင့်အစားထိုးပြေးဆွဲပေးနေသည့်RBE ရထားတွဲဆိုင်းများအပါအဝင်စုစုပေါင်းRBE ရထားတွဲဆိုင်း ၁၃ ဆိုင်းဖြစ်လာမည်ဖြစ်ကြောင်းသိရှိရသည်။မြန်မာ့မီးရထားတိုင်းအမှတ် ၇ မှ( သွာလာရေး/တိုင်း ) မန်နေဂျာဦးကျော်စိုးလင်းက" လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစတင်၍မြို့ပတ်ရထားစီးနင်းခလက်မှတ်နှုန်းထားမျာကိုလက်မှတ်တစ်စောင်လျှင်ငွေကျပ် ၁၀၀ နဲ့ ငွေကျပ် ၂၀၀သာထားတော့မှာဖြစ်ပြီးခရီးစဉ်အလိုက်သာကောက်ခံမှာဖြစ်၍ခရီးသည်မျာဘယ်ရထားစီးစီးကိုယ်လိုရာခရီးစဉ်ကိုသွားလို့ရပြီးဖြစ်သည်။ရထားစီးခရီးသည်တွေရဲ့ရထားလက်မှတ်မှားယွင်းဝယ်ယူမိတာနဲ့အကြွေးပြန်အမ်းရတဲ့ပြဿနာလည်းမရှိတော့ကြောင်းနှင့်တွဲဆိုင်းတွေလဲတဲ့အခါမှာလည်းအခက်အခဲမရှိတော့၍အားသာချက်ပိုမိုများလာပါတယ်။ရထားစီးခရီးသွားဧည်သည်အများစုကိုမေးမြန်းရာတွင်လည်းသဘောတူကျေနပ်ကြကြောင်းသိရှိရကြောင်းနှင့်လက်ရှိမြန်မာ့မီးရထားကွန်ပျူတာလက်မှတ်စနစ်ကိုအသုးံပြုကာတစ်ရက်လျှင်ရထားလက်မှတ်စောင်ရေပျှမ်းမျှနှစ်သောင်းဝန်းကျင်ရောင်းချပေးနေရကြောင်း။ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများအားရောင်းချပေးနေသောလသုံးလက်မှတ်များမှာလည်းစောင်ရေ ၃၇၀၀အထိရောင်းချပေးထားပြီးဖြစ်ကြောင်း။ထို့အပြင်မြန်မာ့မီးရထားပို့ဆောင်ရေးမှရထားစီးခရီးသည်များအဆင်ပြေချောမွေ့စေရေးအတွက်တစ်ရက်လျှင်ရထားပြေးဆွဲခေါက်ရေ ၂၁၅ ခေါက်ကို RBE ရထားတွဲဆိုင်း ၉ ဆိုင်း။ရထားတွဲဆိုင်ကြီး ၁၄ ဆိုင်းဖြင့်ပြေးဆွဲပေးရှိပြီးရန်ကုန်မြို့တွင်းသွားရထားစီးခရီးသည်ဦးရေမှာတစ်ရက်လျှင်ပျမ်းမျှဦးရေ ၇၂၅၀၀၀ ခန့်အထိလိုက်ပါစီးနင်းသွားလာလျှက်ရှိကြောင်းမြန်မာ့မီးရထားမှသတင်းရရှိပါသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment