Saturday, September 10, 2016
77. Cakes Promotion ၏ Lation Dance ကျင်ပခြင်း။ 10.9.2016
Sunday, September 4, 2016
ငလျှင်ဒဏ်ကြောင့်ပုဂံဒေသခရီးသွားလုပ်ငန်းထိခိုက်မှူမရှိခြင်း။
#AMM Photography |
#AMM Photography |
#AMM Photography |
Saturday, September 3, 2016
Yangon ICT Fair ( Computer &Mobile )Sept 2016 ပြပွဲအခမ်းအနားကျင်းပခြင်း။2.9.2016
Sunday, August 28, 2016
OPPO F1s ဖုန်းစတင်ရောင်းချပေးခြင်း။27.8.2016
ရန်ကုန်မြို့လသာလမ်းရှိOPPO myanmar ၏အရာင်းဆိုင်ကြီးတွင်OPPO ချစ်သူများမှအထူးစိတ်ဝင်စားပြီးသြဂုတ်လ ၁၇ ရက်မှသြဂုတ်လ ၂၅ ရက်နေ့အထိPre-order ကြိုတင်မှာယူထားသောOPPO F1s ဖုန်းအများပြည်သူသို့ရောင်းချပေးခြင်းပွဲကို27.8.2016 နေ့တွင်လသာမြို့နယ်ရှိOPPO ဆိုင်နှင့်မြန်မာပလာဇာရှိပရိုမိုးရှင်းဧရိယာတို့တွင်OPPO F1s အားစည်းကာသိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။OPPO F1s တွင်ဖုန်း၏ခန့်ညားသပ်ရပ်သည့်သတ္တုကိုယ်ထည်ဒီဇိုင်း။အထူးကောင်းမွန်သည့်Selfie ကင်မရာ။app များနှင့်ဖုန်ခေါ်ဆိုမှူများကိုပါတိုက်ရိုက်လုပ်ဆောင်နိုင်သည့်Fingerprint စနစ်များကိုအထူးစိတ်ဝင်ကြသောပြည်သူမျာမှOPPOအမှတ်တဆိပ်ကိုမှသဘောကျနှစ်သက်ပြီးဝယ်ယူမှူများပြားခဲ့ကြောင်းသိရှိရသည်။OPPO Myanmar Seles Teamကထုတ်ပြန်ပေးလိုက်သည့်ကြိုတင်အမှာစာရင်းများအရ OPPO F1s ဖုန်းကိုမှာယူထားသူအရေအတွက်မှာအံ့သြစရာကောင်းလောက်အောင်ရာခိုင်နှန်းအထိအောင်မြင်မှူရရှိခဲ့ပြီးကြိုတင်အမှာရယူနိုင်သည့်ဆိုင်များအားလုံး၏ရောင်းအားမှာ ၃၀ ရာခိုင်နှုန်းအထိကို F1s pre - ordet စနစ်ကရယူထားနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Monday, August 22, 2016
ကမ္ဘာချန်ပီယံဗိုလ်လုပွဲတွင်မြန်မာ့လက်ဝှေ့ကျော်ထွန်းထွန်းမင်းကမွေထိုင်ချန်ပီယံချူထိုင်းကိုအနိုင်ရ။21.82016
ပထမအကြိမ်မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဗိုလ်လုပွဲကြီးကိုမြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချူပ်ကြီးပြီး AIR KBZ ကအဓိကပံ့ပိုးကူညီကာမြန်မာမီဒီယာဂရု(ပ်)ကစီစဉ်၍21.8.2016 ယနေ့ ညနေ 5 နာရီတွင်ရန်ကုန်မြို့သုဝဏ္ဏအားကစားရုံ(၁)၌ကျင်းပပြုလုပ်ခဲ့သည်။ 80 ကီလိုအလွတ်တန်းမြန်မာရိုးရာလက်ဝှေ့ချန်ပီယံထွန်းထွန်းမင်း(မြန်မာ)နှင့်ချူးထိုင်း(ထိုင်း)တို့ပွဲစဉ်တွင်ပထမအချီစတင်ကတည်းကပါဝါပြင်းလှသည့်ထွန်းထွန်းမင်း၏လက်သီးတွဲလုံးမျာအောက်တွင်ချူးထိုင်းမှာခေါင်းပင်မထောင်နိုင်ခဲ့ပေ။မထင်မှတ်သောထွန်းထွန်းမင်း၏အားပါလှသည့်ညာဝိုက်လက်သီးကချူထိုင်း၏မျက်နှာကိုထိပြီးလဲကျသွာကာအနားယူခွင့်တောင်းလိုက်ရသည်။ပြန်အထအတည်တွင်ထွန်းထွန်းမင်း၏ဘက်စုံသုံးထိုးသတ်ချက်များဒဏ်ကိုချူးထိုင်းကမခံနိုင်တော့ဘဲလဲကျသွားကာဆက်လက်ယှဉ်ပြိင်နိုင်စွမ်းမရှိတော့သဖြင့်ထွန်းထွန်းမင်းကဒိုင်းပွဲရပ်ဖြင့်ချူးထိုင်းကိုအနိုင်ရရှိခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Saturday, August 20, 2016
OPPO ၏16MPရှိSelfie " F1s" မိတ်ဆက်ခြင်း။16.8.2016.Novotel
OPPO က16MP Selfieဘုရင် " F1s " စမတ်ဖုန်းမိတ်ဆက်ခြင်းအခမ်းအနာကိုရန်ကုန်မြို့ပြည်လမ်းရှိ Novotel Hotel မင်္ဂလာခန်းမကြီးတွင်16.8.2016 နေ့။နေ့လည် 2း00 အချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ဖိတ်ကြားထားသောအနုပညာရှင်များနှင့်အထူးဖိတ်ကြားထားသောဧည့်တော်များ။အရောင်းကိုယ်စလှယ်တော်ကြီးများ။OPPO မှဝန်ထမ်းများစုံညီစွာတက်ရောက်ခဲ့ကြပါသည်။
Selfie ဘုရင်ဖုန်းများဖြစ်သည့် F1နှင့် F1 Plus တို့ကိုအောင်မြင်စွာဖြန့်ဖြူးရောင်းချနိုင်ခဲ့ပြီးဖြစ်သည်။တရုတ်။အိန္ဒိယ။အရှေ့တောင်အာရှနှင့်ကမ္ဘာတစ်ဝန်းရှိအခြားဒေသများတွင်လည်းSelfie ရိုက်ကျွမ်းကျင်သည့်OPPO Smart Phone အသုံးပြုသူ 15 သန်းနီးပါးရှိနေပြီဖြစ်သည်။ယခုအခါOPPO သည်အလယ်လတ်တန်းစားဈေးနှုန်းရှိသည့်မိုဘိုင်ဖုန်းဈေးကွက်တွင်အဆင့်မြင့်selfie လုပ်ဆောင်ချက်များကိုထည့်သွင်းပေးထားသည့်အကောင်းတကအကောင်းဆုံးselfieစနစ်လုပ်ဆောင်ချက်အတွေ့အကြုံများကိုပိုမိုများစွာတွေ့မြင်နိုင်သော Smart Phone တလုံးကိုသုံးစွဲသူပြည်သူများထံပေးအပ်ဆောင်ကြဉ်းပေးခဲ့ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Friday, August 19, 2016
ကတ်စနစ်သုံးစွဲမှူအဆင့်မြှင့်တင်ရေးမြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်ခြင်း16.8.2016
ဂျပန်နိုင်ငံရှိ JCB ( Japan Credit Bureau )ဧရာဝတီဘဏ်နှင့် MPU( Myanmar Payment Union) တို့ပထမဆုံးအကြိမ်ပူးပေါင်း၍နိုင်ငံပေါင်း 190ကျော်တွင် VISA ကတ်ကဲ့သို့ကိုင်ဆောင်အသုံးပြုနိုင်သည့်အပြင်ပြည်တွင်း၌လည်းငွေသားထုတ်ယူသုံးစွဲနိုင်သည့်နိုင်ငံတကာသုံးကတ်အမျိုးအစားကိုယခုလကုန်တွင်ထုတ်လုပ်သွားမည်ဟုသြဂုတ်လ16ရက်နေ့ကပြုလုပ်သောAYA Bank ၏လက်မှတ်ရေးထိုးပွဲအခမ်းအနားသိရှိရသည်။JCB သည် 1961 ခုနှစ်တွင်ဂျပန်နိုင်ငံတွင်းသာသုံးစွဲနိုင်သည့်ကတ်အဖြစ်စတင်ထုတ်လုပ်ခဲ့ပြီး1981 ခုနှစ်နောက်ပိုင်းတွင်နိုင်ငံတကာ၌တွင်ကျယ်စွာအသုံးပြုနိုင်သည့်ကတ်အဖြစ်ရပ်တည်နိုင်ခဲ့သည်။ယခုအချိန်တွင်နိုင်ငံပေါင်း 190 ကျော်၌ဈေးဆိုင်ပေါင်း 31 သန်းအထိအသုံးပြုမှူရှိလာပြီးကတ်သုံးစွဲသူ 93 သန်းရှိကာနိုင်ငံတကာမှဘဏ်ပေါင်း 350 ခန့်ဖြင့်ပူပေါင်းဆောင်ရွက်နေကြောင်းသိရှိရသည်။မြန်မာနိုင်ငံရဲ့ကတ်စနစ်သုံးစွဲ၍ငွေပေးချေမှူဆိုင်ရာဈေးကွက်ကြီးအတွက်နောက်ထပ်မိုင်တိုင်တခုဖြစ်သလိုနိုင်ငံရဲ့ပြောင်းလဲလာတဲ့စီးပွားရေးအခြေအနေမှာငွေသားမဲ့လူမူပတ်ဝန်းကျင်အဖြစ်အဆင့်မြှင့်တင်လာမည်ဖြစ်ကြောင်းဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြားခဲ့ပါသည်။အဆိုပါကတ်ကိုမြန်မာနိုင်ငံတွင်ဧရာဝတီဘဏ်မှပလက်တီနမ်။ရွှေငွေအစရှိသည့်Credit ကတ်အမျိုးအစားသုံးခုနှင့်Debit ကတ်ဟူ၍ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။ယင်းကတ်ဖြင့်မြန်မာပြည်အနှံအပြားရှိ MPU ကတ်နှင့်ချိတ်ဆက်ထားသောဆိုင်များနှင့် ATM စက်များတွင်သာမကနိုင်ငံပေါင်း 190 ကျော်ရှိ JCB ကွန်ယက်ဖြင့်ချိတ်ဆက်ထားသော POS များနှင့်ATM စက်များတွင်းပါငွေပေးချေထုတ်ယူခြင်းများကိုပါပြုလုပ်နိုင်မည်ဟုသိရသည်။အထူးသဖြင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့်မဟာမဲခေါင်မြစ်ဝှမ်းဒေသတွင်းရှိထိုင်းနိုင်ငံ။ဗီယက်နမ်နိုင်ငံနှင့်လာအိုနိုင်ငံများတွင်ပါအသုံးပြုမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...