ဂျပန်နိုင်ငံရှိ JCB ( Japan Credit Bureau )ဧရာဝတီဘဏ်နှင့် MPU( Myanmar Payment Union) တို့ပထမဆုံးအကြိမ်ပူးပေါင်း၍နိုင်ငံပေါင်း 190ကျော်တွင် VISA ကတ်ကဲ့သို့ကိုင်ဆောင်အသုံးပြုနိုင်သည့်အပြင်ပြည်တွင်း၌လည်းငွေသားထုတ်ယူသုံးစွဲနိုင်သည့်နိုင်ငံတကာသုံးကတ်အမျိုးအစားကိုယခုလကုန်တွင်ထုတ်လုပ်သွားမည်ဟုသြဂုတ်လ16ရက်နေ့ကပြုလုပ်သောAYA Bank ၏လက်မှတ်ရေးထိုးပွဲအခမ်းအနားသိရှိရသည်။JCB သည် 1961 ခုနှစ်တွင်ဂျပန်နိုင်ငံတွင်းသာသုံးစွဲနိုင်သည့်ကတ်အဖြစ်စတင်ထုတ်လုပ်ခဲ့ပြီး1981 ခုနှစ်နောက်ပိုင်းတွင်နိုင်ငံတကာ၌တွင်ကျယ်စွာအသုံးပြုနိုင်သည့်ကတ်အဖြစ်ရပ်တည်နိုင်ခဲ့သည်။ယခုအချိန်တွင်နိုင်ငံပေါင်း 190 ကျော်၌ဈေးဆိုင်ပေါင်း 31 သန်းအထိအသုံးပြုမှူရှိလာပြီးကတ်သုံးစွဲသူ 93 သန်းရှိကာနိုင်ငံတကာမှဘဏ်ပေါင်း 350 ခန့်ဖြင့်ပူပေါင်းဆောင်ရွက်နေကြောင်းသိရှိရသည်။မြန်မာနိုင်ငံရဲ့ကတ်စနစ်သုံးစွဲ၍ငွေပေးချေမှူဆိုင်ရာဈေးကွက်ကြီးအတွက်နောက်ထပ်မိုင်တိုင်တခုဖြစ်သလိုနိုင်ငံရဲ့ပြောင်းလဲလာတဲ့စီးပွားရေးအခြေအနေမှာငွေသားမဲ့လူမူပတ်ဝန်းကျင်အဖြစ်အဆင့်မြှင့်တင်လာမည်ဖြစ်ကြောင်းဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြားခဲ့ပါသည်။အဆိုပါကတ်ကိုမြန်မာနိုင်ငံတွင်ဧရာဝတီဘဏ်မှပလက်တီနမ်။ရွှေငွေအစရှိသည့်Credit ကတ်အမျိုးအစားသုံးခုနှင့်Debit ကတ်ဟူ၍ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။ယင်းကတ်ဖြင့်မြန်မာပြည်အနှံအပြားရှိ MPU ကတ်နှင့်ချိတ်ဆက်ထားသောဆိုင်များနှင့် ATM စက်များတွင်သာမကနိုင်ငံပေါင်း 190 ကျော်ရှိ JCB ကွန်ယက်ဖြင့်ချိတ်ဆက်ထားသော POS များနှင့်ATM စက်များတွင်းပါငွေပေးချေထုတ်ယူခြင်းများကိုပါပြုလုပ်နိုင်မည်ဟုသိရသည်။အထူးသဖြင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့်မဟာမဲခေါင်မြစ်ဝှမ်းဒေသတွင်းရှိထိုင်းနိုင်ငံ။ဗီယက်နမ်နိုင်ငံနှင့်လာအိုနိုင်ငံများတွင်ပါအသုံးပြုမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment