Tuesday, February 27, 2018

အထက( 6 )စိန်ပေါလ်-ဗိုလ်တထောင်ကျောင်းစာနယ်ဇင်းရှင်းလင်းပွဲကျင်းပခြင်း။27.2.2018

အထက 6 ( စိန်ပေါလ် )ဗိုလ်တထောင်ကျောင်းရဲ့အကြိမ် 20 မြောက်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုကျောင်သားဟောင်းများဖြင့်စည်ကာစွာကျင်းပပြုလုပ်မည့်အကြောင်းစာနယ်ဇင်းအကြိုရှင်းလင်းပွဲကို27.2.2018.အထက 6 ဗိုလ်တထောင်ကျောင်း၏မြဝတီခန်းမ၌ယနေ့နံနက် 11း 00 နာရီတွင်ကျင်းပပြုလုပ်ရာမြတ်ဆရာပူဇော်ပွဲကော်မတီဥက္ကဋ္ဌဖြစ်သူဒေါက်တာ သာရင်မြတ်ကရှင်းလင်းပြောကြားရာလာမည့်မတ်လ 2 ရက်နေ့တွင်အဆိုပါကျောင်းဝင်းအတွင်းကျောင်းသားဟောင်းများစုံညီစွာဖြင့်ကျင်းပပြုလုပ်မည့်အကြောင်းပြောကြားပါသည်။မြတ်ဆရာပူဇော်ကန့်တော့ပွဲဖြစ်မြောက်ရေးကော်မတီဖုန်း-09501605709/095502038/095527277 သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှင့်မြတ်ဆရာပူဇော်နှင့်ပါတ်သက်၍စုံမေးမြန်းနိုင်သတင်းရရှိပါသည်။Myint Khaing.MANM.3329

Monday, February 26, 2018

MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပခြင်း။25.2.2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်။မြန်မာနေရှင်နယ်လိဂ်ကော်မတီ။MPT နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသည့် MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ( 25.2.2018 )ယနေ့မွန်းလွဲ 2း 30  နာရီခွဲတွင်သုဝဏ္ဏမြက်ခင်းတုကွင်း၌ကျင်းပပြုလုပ်သည်။အဆိုပါဖွင့်ပွဲတွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကအဖွင့်အမှာစကားပြောကြားပြီးရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမောင်မောင်လှနှင့် MPT Joint Operation COO Mr.Yoshiaki Benino တိုကအမှာစကားပြောကြားခဲ့သည်။ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်။ရန်ုကန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ တင်မောင်လှ။MPT Joint Opetation မှ COO Mr.Yoshiaki Benino တိုကဘောလုံးပြိုင်ပွဲအားဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြသည်။ယင်းနောက်တာဝန်ရှိသူများမှခြေစမ်းပွဲကစားကြမည့်နှစ်သင်းမှကစားသမားများအားလိုက်လံနှတ်ဆက်ကာအမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကြသည်။ထို့နောက်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့်တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းနှင့်MFF Youth အသင်းတို့ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြရာတက္ကသိုလ်လက်ရွေးစင်အသင်းကလေးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရခဲ့သည်။မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအား Title Sponsor အဖြစ်ပံ့ပိုးကူညီနေသည့် MPT သည်လူငယ်ကစားသမားများထွက်ပေါ်လာစေရန်လူငယ်ပြိုင်ပွဲနှင့်တက္ကသိုလ်အဆင့်ပြိုင်ပွဲများကျင်းပနိုင်စေရန်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မြန်မာနေရှင်လိဂ်ကော်မတီတို့နှင့်သဘောတူညီမှူရရှိထားသည်။ယခုပြိုင်ပွတွင်မြန်မာပြည်နှင့်အောက်မြန်မာပြည်ဇုန်နှစ်ခုခွဲ၍ကျင်းပမည်ဖြစ်ပြီးအထက်မြန်မာပြည်ဇုန်တွင် 6 သင်း။အောက်မြန်မာဇုန်တွင် 8 သင်းဖြင့်မေလ(သို့မဟုတ်)ဇွန်လတွင်စတင်ကျင်းပမည်ဖြစ်သည်။ဇုန်အလိုက်အသင်းများဖွဲ့စည်းနိုင်ရန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲများကျင်းပပေးလျှက်ရှိပြီးပြိုင်ပွဲများပြီးဆုံးပါကအသင်းများဖွဲ့စည်းမည်ဖြစ်သည်။ပြိုင်ပွဲများအပြီးတွင်ခြေစွမ်းပြနိုင်သည့်ကစားသမားဖြင့်အထက်မြန်မာပြည်ကိုယ်စားပြုနှစ်သင်းဖွဲ့စည်းမည်ဖြစ်ကာသြဂုတ်လတွင်ရန်ကုန်၌နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

Friday, February 23, 2018

3rd.Housing and Building 2018 ကျင်းပခြင်း။19.1.2019

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ပံ့ပိုးကူညီမှူဖြင့်တတိယအကြိမ်အိမ်ရာနှင့်အဆောက်အအုံဆိုင်ရာ 2018 ပြပွဲကိုရန်ကုန်မြို့ဒဂုံမြို့နယ်ဦးဝိစာရလမ်းရှိတပ်မတော်ခန်းမ၌ 19.1.2018 ယနေ့နံနက်ပိုင်းတွင်ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွဲအတွင်းရေးမှူး - ဦးသန်း။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကုန်သွယ်မှူသင်တန်ူကျောင်း( TTI )မှ Assistant Director - ဦးသိန်မြင့်ဝေ။ရန်ကုန်တိုင်းဒေသကြီးအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ - ဦးစိုင်းခွန်နောင်။Blue Dolphin Internation Company Limited ManagingbDirector - U Moe Thet Tin ။ Shwe Taung Real Estate မှ Deputy Chief Execuutive Officer - Daw Mi Mi Khaing ။ Marketing Director- U Khin Maung Phyu နှင့် Dagon Exhibitions Limited မှ Director U Aung Aung တို့မှပြပွဲအားဖဲကြိုဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

Tuesday, December 12, 2017

အောင်သီရိစိန်တိုက်အမှတ် 2 စိန်ဆိုင်အားရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ်တွင်ဖွင့်လှစ်ခြင်း။12.12.2017

အောင်သီရိစိန်တိုက်ဆိုင်အမှတ်- 2 စိန်တိုက်ဆိုင်သစ်ကြီးကိုယနေ့နံနက်ပိုင်း 12.12.2017 နေ့ 11 နာရီ 35 မိနစ်အချိန်တွင်ရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ်ရှိ 31 လမ်းနှင့် 32 လမ်းကြားအဆိုပါအဆောက်အအုံတည်ရှိရာဆူးလေဘုရားအနီး၌အောင်သီရိစိန်တိုက်ဆိုင်သစ်ကိုဖွင့်လှစ်ရာမော်ဒယ်သရုပ်ဆောင် ရွှေအိမ်စည်( မသီရိမောင်)။ဦးအောင်သက်ထွန်း- ဒေါ်နွယ်နီထွန်း။ဦးဆန်နီ(အောင်သီရိစိန်တိုက်)တို့ကဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပါသည်။ဆိုင်ဖွင့်ပွဲအခမ်းအနားသို့စိန်ချစ်သူဧည့်ပရိတ်သတ်များ။အနုပညာရှင်များ။အထူးဖိတ်ကြားထားသောဧည့်တော်ကြီးများ။စာနယ်ဇင်းသတင်းမီဒီယာသမားများတက်ရောက်ခဲ့ကြပါတယ်ပထမဦးဆုံးလာရောက်ဝယ်ယူအားပေးသူများအားမေတ္တာလက်ဆောင်အဖြစ်စိန်ပွင့်များကိုထပ်မံလက်ဆောင်ပေးအပ်ခဲ့ပြီကံစမ်းမဲအစီအစဉ်အနေဖြင့်ဗလာမပါကံစမ်းမဲများကိုလည်ကျေးဇူးတုံပြန့်သောအားဖြင့်မဲများဖောက်ပေးခဲ့ကြောင်းသိရပါတယ်။ကံစမ်းမဲများကိုလည်အောင်သီရိဆိုင်သစ်ဖွင့်လှစ်ခြင်းအထိမ်းအမီတ်အဖြစ်ဒီဇင်ဘာလ 12 ရက်နေ့မှဒီဇင်ဘာလ 18 နေ့အထိသတ်မှထားပြီအောင်သီရိစိန်တိုက်ဆိုင်သို့လာရောက်ဝယ်ယူအားပေးကြသူများကိုကံစမ်းမဲများဖောက်ပေးဖြစ်ကြောင်းသိရသည်။အောင်သီရိစိန်တိုက်ဆိုင်အမှတ် 1 ကိုလည်းအမှတ်-177.လမ်း 80.28လမ်းနှင့်29လမ်းကြား။မန္တလေးမြို့တွင်ဖွင့်လှစ်ထားရှိကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS