Monday, February 26, 2018

MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပခြင်း။25.2.2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်။မြန်မာနေရှင်နယ်လိဂ်ကော်မတီ။MPT နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသည့် MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ( 25.2.2018 )ယနေ့မွန်းလွဲ 2း 30  နာရီခွဲတွင်သုဝဏ္ဏမြက်ခင်းတုကွင်း၌ကျင်းပပြုလုပ်သည်။အဆိုပါဖွင့်ပွဲတွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကအဖွင့်အမှာစကားပြောကြားပြီးရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမောင်မောင်လှနှင့် MPT Joint Operation COO Mr.Yoshiaki Benino တိုကအမှာစကားပြောကြားခဲ့သည်။ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်။ရန်ုကန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ တင်မောင်လှ။MPT Joint Opetation မှ COO Mr.Yoshiaki Benino တိုကဘောလုံးပြိုင်ပွဲအားဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြသည်။ယင်းနောက်တာဝန်ရှိသူများမှခြေစမ်းပွဲကစားကြမည့်နှစ်သင်းမှကစားသမားများအားလိုက်လံနှတ်ဆက်ကာအမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကြသည်။ထို့နောက်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့်တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းနှင့်MFF Youth အသင်းတို့ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြရာတက္ကသိုလ်လက်ရွေးစင်အသင်းကလေးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရခဲ့သည်။မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအား Title Sponsor အဖြစ်ပံ့ပိုးကူညီနေသည့် MPT သည်လူငယ်ကစားသမားများထွက်ပေါ်လာစေရန်လူငယ်ပြိုင်ပွဲနှင့်တက္ကသိုလ်အဆင့်ပြိုင်ပွဲများကျင်းပနိုင်စေရန်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မြန်မာနေရှင်လိဂ်ကော်မတီတို့နှင့်သဘောတူညီမှူရရှိထားသည်။ယခုပြိုင်ပွတွင်မြန်မာပြည်နှင့်အောက်မြန်မာပြည်ဇုန်နှစ်ခုခွဲ၍ကျင်းပမည်ဖြစ်ပြီးအထက်မြန်မာပြည်ဇုန်တွင် 6 သင်း။အောက်မြန်မာဇုန်တွင် 8 သင်းဖြင့်မေလ(သို့မဟုတ်)ဇွန်လတွင်စတင်ကျင်းပမည်ဖြစ်သည်။ဇုန်အလိုက်အသင်းများဖွဲ့စည်းနိုင်ရန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲများကျင်းပပေးလျှက်ရှိပြီးပြိုင်ပွဲများပြီးဆုံးပါကအသင်းများဖွဲ့စည်းမည်ဖြစ်သည်။ပြိုင်ပွဲများအပြီးတွင်ခြေစွမ်းပြနိုင်သည့်ကစားသမားဖြင့်အထက်မြန်မာပြည်ကိုယ်စားပြုနှစ်သင်းဖွဲ့စည်းမည်ဖြစ်ကာသြဂုတ်လတွင်ရန်ကုန်၌နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS