Thursday, February 21, 2013

သက်ကြီး ပန်းချီ ပန်းပု ပညာရှင်ကြီးများအား ပုံတူ ပန်းပု ပန်းချီ ထုလုပ်ရေးဆွဲခြင်း



ပန်းချီ ရွှေမြင့် ၊ ပန်းချီ သာဆန်း နှင့် ကျော်ကျော်မင်း (ပန်းပု) တို့မှ Plus Three Stars အမည်ဖြင့် Art & 

Sculpture Exhibition ကို လောကနတ် ပန်းချီခန်းမ (ပန်းဆိုးတန်းXကုန်သည်လမ်း) တွင် ဖေဖေါ်ဝါရီ ၂၅ 

မှ မတ်လ ၂ ရက်နေ့အထိ ပြုလုပ် ကျင်းပသွားမည် ဖြစ်ပါသည်။

ပြပွဲ အစီအစဉ်များမှာ -  ၂၅-၂-၂၀၁၃ ရက်နေ့တွင် ပန်းချီဆရာကြီး စတားဦးမြသန်း ၊ ၂၆- ရက်နေ့တွင် 

ပန်းချီဆရာကြီး ဦးဘ၀င်း ၊ ၂၇ - ရက်နေ့တွင် ပန်းပု ဆရာကြီး ဦးလွင်မောင် ၊ ၂၈ - ရက်နေ့တွင် 

ပန်းချီဆရာကြီး ဦးရောက်စီတင်ဦး ၊ မတ်လ ၁ - ရက်နေ့တွင် ပန်းချီဆရာကြီး ဦးလှမြင့်ဆွေ ၊ ၂ -  

ရက်နေ့တွင် ပန်းချီ ဆရာကြီး ဦးရှိန်ထွန်း တို့၏ ပုံတူ ပန်းချီနှင့် ပန်းပုများကို ပန်းချီ    ရွှေမြင့်နှင့်  

 ကျော်ကျော်မင်း (ပန်းပု) တို့မှ လက်တွေ့ရေးဆွဲ ဂုဏ်ပြုထုလုပ်ကြမည် ဖြစ်ပါသည်။ 

ဆရာကြီးများ သည် တခေတ် တခါက အောင်မြင်ကျော်ကြားခဲ့သော ကျေးဇူးရှင် ပန်းချီ ၊ ပန်းပု ဆရာကြီး

များဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ ဖြစ်သည့်အပြင် အဖေဆရာ ၊ အဖိုး

ဆရာများ ဖြစ်ကြပါသည်။ ရေးဆွဲထုလုပ် သော ပန်းချီကားများနှင့် ပန်းပု ရုပ်ထုများကို ဆရာကြီးများ အား 

ဂုဏ်ပြုပေးအပ်မည်ဖြစ်ပြီး ဆရာကြီးများမှလည်း အလုပ်ရုံ ဆွေးနွေးပွဲ ပုံစံဖြင့် ပန်းချီ ၊ ပန်းပု 

ပညာအကြောင်းများ ပြန်လည် ဟောပြောပြီး  ရေးဆွဲ သင်ကြားပေး၍ မျိုးဆက်သစ်များသို့ ပညာ 

အမွေ  ပေးမည်ဖြစ်ပါသည် ။ ဆရာကြီးများ၏ ပန်းချီနှင့် ပန်းပုရုပ်တုများသည် နောင်အနာဂါတ်တွင် 

ဆရာကြီးများ၏  သမိုင်းအထောက်အထား များ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည် ။ ဆရာကြီးများ သက်ရှိထင်ရှား 

ရှိပြီး ကျန်းမာရေး ကောင်းစဉ်ကာလတွင် သမိုင်း အထောက်အထားများ ရယူပြီး ဆရာကြီးများ ကို 

ဂုဏ်ပြုကြောင်း စိတ်ဓာတ်ရေးရာအရ ထောက်ခံကြောင်း ဆရာကြီးများ  မျက်ဝါးထင်ထင်  

 တွေ့မြင်ရမည်ဖြစ်သည် ။ သို့ဖြစ်ပါ၍ ပန်းချီ ပန်းပုချစ်သူများ အား ကြွရောက်ပါရန် လေးစားစွာ 

ဖိတ်ကြားအပ်ပါသည် ။ 


                                                                                        

                                                                                                 ကျော်ကျော်မင်း (ပန်းပု)

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS