ooredoo - Myanmar နှင့် Huawei ကုမ္မဏီတို့ပူးပေါင်း၍ 4G Network အသုံးပြုနိုင်မည်ဖြစ်သည့် Huawei Wifi Device စက်ပစ္စည်းအားအင်တာနက်အသုံးပြုသူများနှင့်မိတ်ဆက်ခြင်းအခမ်းအနားကိုရန်ကုန်မြို့စက်မှူ ၁ လမ်းမကြီးရှိမြန်မာပလာဇာတွင်ကျင်းပပြုလုပ်ရာPhoneသုံးစွဲသူများ။နည်းပညာသစ်၏ထုပ်ကုန်ပစ္စည်းအသစ်များကိုစိတ်ဝင်စားသူများ။ကုမ္မဏီအသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသူများ။ဆန်းသစ်သောနည်းပညာသစ်၏ထုတ်ကုန်ပစ္စည်းများကိုသာစိတ်ဝင်စားကြသောလူငယ်များနှင့်ကုမ္မဏီနှစ်ခုမှတာဝန်ရှိပုဂ္ဂိုလ်များယင်းအခမ်းအနားသို့တက်ရောက်ကြသည်။
်အဆိုပါ 4G Wifi Device စက်ငယ်အားသုံးစွဲသူများအနေဖြင့်မိမိတို့၏ရုံးခန်းတွင်သာမကအိမ်အတွင်း၌ပါအဆင်ပြေချောမွေ့စွာနှင့်အင်တာနက်လိုင်းဖြင့်ချိတ်ဆက်၍အသုံးပြုနိုင်မည်ဖြစ်သည်။Huawei ၏ E5577 Wifi Device စက်မှာဖုန်းဟန်းဆက်စ်။Laptop / ကွန်ပြူတာအစရှိသည့် IT ပစ္စည်း( 10 ) မျိုးနှင့်တပြိုင်နက်တည်းအသုံးပြုနေလျှင်တောင်မှမြန်နှုန်းမြင့်အင်တာနက်လိုင်းကိုစွမ်းအားမြင့်တင်နိုင်ပြီးဆင်းကဒ်ဖြင့်တွဲဖက်အသုံးပြုနိုင်သောစက်ဖြစ်သည်။အူရီဒူးမြန်မာ၏လိုင်းဆွဲအားအမြန်ဆုံးဖြစ်သည့် sim ကဒ်များနှင့်တွဲဖက်၍အသုံးပြုနိုင်သောစွမ်းအားမြင့် 4G wifi Device စက်တခုဖြစ်သည်။၎င်းစက်ငယ်ကိုအသုံးပြုနေသူ 10 ဦးအထိတစ်နက်တည်းWifi ချိတ်ဆက်၍အသုံးပြုနိုင်ဖြစ်ပြီးအဆိုပါ 4G Wifi Device စက်ငယ်၏တန်ဘိုးမှာ 89000.ks.ဖြစ်သည်။အိတ်ဆောင်အရွယ်အစားမျှသာရှိ၍မည့်သည့်နေရာသို့မဆိုသယ်ဆောင်သွားနိုင်ပြီး 4G အဆင့် wifi ထုတ်လွှင့်မှူကိုအဆင်ပြေချောမွေ့စွာအသုံးပြုနိုင်မည်ဖြစ်သည်။Huawei Device Myanmar မှCountry Director တဦးဖြစ်သူ Mr. Liu Xue Feng ကပြောကြားရာတွင်Ooredoo ကမြန်မာနိုင်ငံအတွက် 4G network ဝန်ဆောင်မှူကိုစတင်ပေးလျှက်ရှိပြီး Huawi ကုမ္မဏီကလည်းမြန်မာနိုင်ငံ၏တယ်လိဖုန်းသုံးစွဲသူပြည်သူများနှင့်ကိုက်ညီမည့်ဆက်သွယ်ရေးစနစ်အမျိုးမျိုးတို့ကိုထည့်သွင်းထားသည့်ဟန်းဆက်များကိုထူးခြားကောင်မွန်စွာဖြင့်ထုတ်လုပ်ရောင်းချပေးလျှက်ရှိပြီးOoredoo Telecon Company မှလည်း 3G နှင့် 4G Network ကိုအသုံးပြုနိုင်ရန် စနစ်မြှင့်တင်ထားသော Sim ကဒ်များကိုလည်းထုတ်လုပ်ရောင်းချပေးလျှက်ရှိကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
်
Saturday, July 23, 2016
Ooredoo- Myanmar's 4G - ready Huawei Wfi Device မိတ်ဆက်ပွဲအခမ်းအနား။22.7.2016
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment