Thursday, March 16, 2017

Malindo Air လေယာဉ်လိုင်းသစ်မိတ်ဆက်ခြင်းအခမ်းအနား13.3.2017

မြန်မာနိုင်ငံရန်ကုန်မြို့၏အပြည်ပြည်ဆိုင်ရာလေဆိပ်သို့တိုက်ရိုက်ပျံသန်းမည့်မလေးရှားနိုင်ငံအခြေစိုက်လေကြောင်းလိုင်းသစ်တခုဖြစ်သည့်MALINDO AIR လိုင်းသည်နှစ်နိုင်ငံခရီးသွားလာမှူကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်ကာမတ်လကုန်မှစတင်၍တပတ်လေးကြိမ်ရန်ကုန်မြို့သို့တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါလေကြောင်းလိုင်းသည်တနလာင်္။ဗုဒ္ဓဟူး။သောကြာနှင့်တနင်္ဂနွေနေ့များတွင်ကွာလာလမ်ပူမြို့မှရန်ကုန်မြို့သို့လေယာဉ်အမှတ် -OD.550 ဖြင့်ံနက် 8 နာရီခွဲတွင်ထွက်ခွာ၍ရန်ကုမြို့သို့မိနစ် 50 တွင်
ုရောက်ရှိမည်ဖြစ်သည်။ယင်းရက်များတွင်ရန်ကုန်မှကွာလာလမ်ပူသို့OD 551 လေယာဉ်ဖြင့်ထွက်ခွာပြီကွာလာလမ်ပူမြို့သို 2 နာရီ 55မိနစ်တွင်ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။ယင်းနောက်တိုက်ရိုက်ပျံသန်းမှူအတွက် BOEING 737-800 ER လေယာဉ်ဖြင့်ဝန်ဆောင်မှူပေးသွားမည်ဖြစ်ပြီအထူးတန်ထိုင်ခုံ 12 ခုံနှင့်ရိုးရိုးတန်းထိုင်ခုံ 150 ပါရှိမည်ဖြစ်ကြောင်းနှင့်လေယာဉ်ခရီးဝန်ဆောင်ခအဖြစ်ရိုးရိုးတန်းအတွက် 123186 ကျပ်နှင့်အထူးတန်းအတွက် 454441 ကျပ်ကျသင့်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါမလေးရှားလေကြောင်းလိုင်း Malindo Air သည်မလေးရှာနိုင်ငံမြို့တော်ကွာလာလမ်ပူတွင်အခြေစိုက် 2013 ခုနှစ်စတင်ကာပြည်တွင်းလေကြောင်းလိုင်များဖြင့်စတင်ပြေးဆွဲခဲ့ကြောင်းသိရပြီယခုအခါ ATK 72 -600 ဖြင့်လေယာဉ် 16 စင်း။ဘိုရင်းလေယာဉ် 26 စင်းတို့ဖြင့်ပြည်တွင်းလေကြောင်းခရီးစဉ်များအပြင်ပြည်ပနိုင်ငံ 15 နိုင်ငံအထိပြည်ပခရီးစဉ်အဖြစ်ပျံသန်းပြေးဆွဲနိုင်ပြီဖြစ်ကြောင်းနှင့်မြန်မာနိုင်ငံသို့နောက်ဆုံးခရီးစဉ်အဖြစ်ပြေးဆွဲသည့်နိုင်ငံဖြစ်ကြောင်းသိရသည်။ယင်းမလေးရှားနိုင်ငံအခြေစိုက်လေကြောင်းလိုင်းတခုဖြစ်သည့် Malindo Air လိုင်းသည်နှစ်နိုင်ငံခရီးသွားလာရေးကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်ကာမတ်လကုန် 30 ရက်နေ့မှစတင်၍ရန်ကုန်မြို့သို့တစ်ပတ်လေးကြိမ်တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS