ခံစားသူအကြိုက် ပန်းချီကား တစ်ချပ်ကို အရသာခံ စားသုံးကြည့်ခြင်း

ဒတ်ခ်ျရွှေခေတ် ၏ အကြီးကျယ်ဆုံး ပန်းချီဆရာများထဲမှ တစ်ဦးဖြစ်သော Johannes Vermeer ၏ 
လက်ကျန်ငွေကိုင်ဆောင်ထားသော အမျိုးသမီး 
အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီရှိ National Gallery of Art ပြတိုက်ရှိ Woman Holding a Balance

Johannes Vermeer သည် ပန်းချီကားအနည်းငယ်သာ ရေးဆွဲခဲ့ပြီး အဓိကအားဖြင့် ပန်းချီရောင်းသူအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ သူသည် မချမ်းသာ။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူမှာ အကြွေးကျန်ခဲ့သည်။

Jan Vermeer ၏ Woman Holding a Balanceလက်ကျန်ငွေကိုင်ဆောင်ထားသော အမျိုးသမီး ပန်းချီကားတွင် 
အမျိုးသမီး၏ ပါးလွှာသော လက်ချောင်းများကြားတွင် ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားသည့် နူးညံ့သော ဟန်ချက်သည် ဤပန်းချီကား၏ ဗဟိုအာရုံကို ဖြစ်ပေါ်စေသည်။ အမျိုးသမီး၏နောက်တွင် ခရစ်တော်၏နောက်ဆုံးတရားစီရင်ခြင်းဆိုင်ရာ ပန်းချီကားကို ဆွဲထားသည်။ 
ဤတွင်၊ Johannes Vermeer သည် သာမန်မြင်ကွင်းတစ်ခုမှတဆင့် မြင့်မြတ်သောဇာတ်လမ်းကို ပြောပြနိုင်စေရန် သင်္ကေတကို အသုံးပြုထားသည်။
ဘဝ၏အရင်းခံ ချိန်ခွင်လျှာကိုရှာဖွေဖော်ထုတ်ရန် ဂရုတစိုက်စီစဉ်ထားသောဖွဲ့စည်းမှုကိုအသုံးပြုသည်။ 
ပန်းချီကား၏ အလယ်ဗဟိုသည် အမျိုးသမီး၏ လက်ချောင်းထိပ်တွင် ဖြစ်ပေါ်သည်။ သူ့ရှေ့က စားပွဲပေါ်မှာ မြေကြီးမှရသော တွင်းထွက်ရတနာတွေဖြစ်တဲ့ ပုလဲနဲ့ ရွှေကြိုးတစ်ချောင်း။ သူ့နောက်မှာ ခရစ်တော်က လူသားတွေကို တရားစီရင်တယ်။ 
နံရံပေါ်တွင် မှန်တစ်ချပ်၊ အပြန်အလှန်သဘော အနတ္တ သို့မဟုတ် လောကတရား၏ ဘုံသင်္ကေတတစ်ခုအဖြစ်ရှိပြီး၊ ရုပ်ပုံတစ်ခွင်တွင် အလင်းရောင်ဖျော့ဖျော့က အတွင်းစိတ်ဝိညာဉ်ရေး စိတ်ပိုင်းဆိုင်ရာခံစားချက် ဖော်ပြချက် တစ်ခုသည်။ တည်ငြိမ်အေးချမ်းသော အမျိုးသမီးသည် အလယ်ဗဟိုတွင် ရပ်နေပြီး အ‌တွင်းစိတ် အခြေအနေကို ဖော်ပြချက်ဖြစ်သည်။

ချိန်ခွင် အကူးအပြောင်း၌ (လောကဓံ)လောကဆိုင်ရာ စိုးရိမ်ပူပန်မှုများကို တည်ငြိမ် အေးဆေးစွာ ချိန်ဆနေပုံ တို့ကို ချယ်မှုန်းထားခြင်းပဲဖြစ်ပါတယ်။ 

၎င်းရဲ့ နာမည်ကျော် ... တခုဖြစ်တဲ့ ပန်းချီကား နောက်တခုကို ကိုယ်တိုင်ခံစားကြည့်ဖို့ တင်ပေးလိုက်ပါတယ် ။ နာမည်ကတော့ 

" Girl With a Pearl Earring " ဆိုတဲ့ ပန်းချီကားပဲ ဖြစ်ပါတယ်။ 
ဖက်ရှင် ၊ အသားအရည် ၊ အလင်းအမှောင် နဲ့ မျက်လုံးအကြည့်နဲ့ တွဲစပ်နေတဲ့ ခပ်ဟဟ အနေအထား နှုတ်ခမ်း နဲ့ ကိုယ်နေဟန် ...
..... စသည်ဖြင့် ... ပန်းချီချစ်မြတ်နိုးသူများအနေနဲ့ ကိုယ့်ရဲ့ ခံစားမှု အမြင်တချို့ လွတ်လပ်စွာ ဝေမျှ ပေးသွားကြပါဦး ။


#Amm #Aimm
#AungMyoMyintAmm

Comments