Sunday, February 17, 2013

လူမင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေနှင့် မိုးမင်းတို့ကို (MANA) ၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်



လူမင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေနှင့် မိုးမင်းတို့ကို မြန် မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်ခဲ့ကြောင်း မြန် မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ အတွင်းရေး မှူး ဦးမြင့်ခိုင်က ပြောကြားခဲ့သည်။ ပြည်သူလူထုအတွင်း အသိပညာပေး ဆွေးနွေးရာတွင် လူထုအများက စိတ်ဝင် စားမှုရှိသော အနုပညာရှင်များမှ ပါဝင်ဟောပြောခြင်းဖြင့် ပိုမို ထိရောက်နိုင်သောကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အ စည်းအရုံးတို့အား MANA မှ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး အနုပညာရှင်လေးဦး၏ သဘောတူညီချက်အရ အသင်း၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ် သည်။


''ကုန်ပစ္စည်းတွေမှာ သံတမန်ခန့်အပ် ခံရဖူးတယ်။ အခုလို MANA အသင်းကြီးရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီအသင်းကြီးက တကယ့်ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်ကိုင်နေတဲ့ အဖွဲ့ကြီး ဖြစ်တယ်။ ဒီအ သင်းကြီးရဲ့လုပ်ဆောင်ချက်တွေကို ဂုဏ်ယူတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်'' ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းက ပြောပြသည်။

မူးယစ်ဆေးဝါးနှင့် ဓါတုဗေဒ ပစ္စည်းများကို အခြေခံ၍ ထုတ်ဝေထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ အလွဲသုံးစွဲမှုသည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံလျက်ရှိရာ လူထုအားလုံးအတွက် အန္တရာယ်ဆိုးကြီးအဖြစ် ခြိမ်းခြောက်လျက် ရှိနေသောကြောင့် တစ်မျိုးသားလုံးအနေဖြင့် ဝိုင်းဝန်းကာကွယ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အတွင်းရေးမှူး ဦးမြင့်ခိုင်က သုံးသပ်ပြောပြသည်။

Eleven Media Group

ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ်


လက်ရှိ မောင်းနှင်နေသည့် မြန်မာအက္ခရာနံပါတ် ကားများအား အင်္ဂလိပ်အက္ခရာသို့ ပြောင်းရန် 

စီစဉ်နေပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။


“စည်းကမ်းမဲ့ မောင်းနေတဲ့ ယာဉ်တွေကို ဖမ်းဖို့အတွက် တပ်မယ့်စက်တွေက မြန်မာအက္ခရာကို မသိဘူး။ ဒါကြောင့် 

အင်္ဂလိပ်အက္ခရာပြောင်းဖို့ လုပ်ရတာ” ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။


ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစ၍ အငှားယာဉ်အဖြစ် အသုံးပြုသော ယာဉ်များအား AA အက္ခရာဖြင့် 

နံပါတ်များ စတင် ထုတ်ပေးခဲ့သည်။ “အာဆီယံ ပုံစံနမူနာယူပြီး တင်ပြထားတာ၊ ပြည်နယ်တိုင်းဒေသကြီး 

အမည်ကိုရှေ့ကထည့်မလား၊ နောက်ကထည့်မလား အကြံဉာဏ်တောင်းထားတယ်” ဟု 

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။


မကြာသေးမီရက်ပိုင်းကစ၍ ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသော ကားများ အား 

အရေးယူရန်အတွက် ယာဉ်ထိန်းရဲအင်အား တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံတွင် မောင်းနှင် နေသော မော်တော်ယာဉ်စီးရေ လေးသိန်းခန့်နှင့် ဆိုင်ကယ်စီးရေ ၂၃ သိန်းခန့်ရှိကြောင်း 

ကုန်း လမ်းပို့ဆောင်ရေး ဦးစီးဌာနမှ မကြာသေးမီ ရက်ပိုင်းက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။



Saturday, February 16, 2013

ရန်ကုန် ဒလ ကူးတို့ယဉ် အဆင့်မြှင့်တင်မည်။


မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ၏ အရေးပေါ်သတင်းထုတ်ပြန်ချက်



နေ့စွဲ။၂၀၁၃ခု၊ဖေဖေါ်ဝါရီလ(၁၅)ရက်                                          အရေးပေါ်သတင်းထုတ်ပြန်ချက်

အချို့သောရုပ်သံမီဒီယာများမှ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးထုတ်လွှင့်ခဲ့သောTV Program များတွင် အသုံးပြုခဲ့သည့် အချို့သောသီချင်းများအတွက် သက်ဆိုင်ရာ Media များထံမှ ရရန်ရှိသော အနုပညာမူပိုင်ကြေးများအား တောင်းခံခဲ့ရာတွင် ၄င်း Media များမှပေးသွင်းပြီးဖြစ်ကြောင်း တိကျခိုင်လုံစွာ အကြောင်းပြန်ကြားခဲ့သဖြင့်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှစာရင်းများကိုပြန်လည် စစ်ဆေး ခဲ့ရာ လက်ရှိအချိန်တွင် စစ်ဆေးတွေ့ရှိရသည့် စာရင်းပျောက်ဆုံးလျက်ရှိသော ငွေကြေးပမာဏမှာ ကျပ်(၄၉,၄၀၁,၂၀၀/)(ကျပ်လေးရာကိုးဆယ့်လေးသိန်းတစ်ထောင့်နှစ်ရာကျပ်)ဖြစ်ကြောင်း တွေ့ရှိရပြီး ဆက်လက်စစ်ဆေးဖော်ထုတ်နေဆဲဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက ယခင်ကာလနှင့် ယခုကာလတွင်ပါ ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိနေသော ရုံးအဖွဲ့မှူးအားခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြရာ ရုံးအဖွဲ့မှူးမှ အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း ၀န်ခံသောကြောင့် ရုံးအဖွဲ့မှူး ဦးမျိုးတင့်(ခေါ်)ဦးမျိုးနွယ်ဆွေ အား၎င်းထမ်းဆောင်နေသည့် တွဲဖက်အတွင်းရေးမှုးနှင့်ရုံးအဖွဲ့မှုး တာဝန်များ မှလည်းကောင်း၊ ဂီတအစည်းအရုံးအဖွဲ့ဝင်အဖြစ်မှလည်ကောင်း၊ယနေ့ (၁၅-၂-၂၀၁၃) မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) မှ တညီတညွတ်တည်းဆုံးဖြတ်ပါသည်။

အထက်ပါ ငွေကြေးအလွဲသုံးစားမှုအားလိုအပ်သည့် အရေးယူမှုများပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ဥပဒေအကြံပေးအကျိုးတော်ဆောင်အားလိုအပ်သည့်တရားဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန်လွှဲအပ်ထားပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။ 
FB-News

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီ နည်းပညာ အကြံပေးအဖြစ် တာဝန်ယူ












မြန်မာနှင့်ထိုင်းတို့ ပူးပေါင်းဆောင်ရွက်နေသော ထားဝယ်  ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များဖွံ့ ဖြိုးရေး
စီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီသည် နည်းပညာ ပိုင်းအကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။
အဆိုပါထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းကို ထားဝယ်ဖွံ့ ဖြိုးရေး ကုမ္ပဏီကတည်ဆောက်မည်ဖြစ်ပြီး၊ ယင်းတွင် ပင်လယ်ရေနက် ဆိပ်ကမ်းတစ်ခု၊ စက် မှုဇုန်မြေနေရာများ၊ သယ်ယူပို့ ဆောင်ရေးအတွက် လမ်းကြောင်းများလည်း ပါဝင်မည်ဖြစ်သည်။
မောင်းမကန်ပင်လယ်အော်တွင်တည်ရှိပြီး ထားဝယ်မြို့မြောက်ဘက် ၂၈ ကီလိုမီတာတွင်ရှိသော အဆိုပါစီမံကိန်းကို ဆယ်နှစ်အတွင်း အဆင့်သုံးဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ် သည်။
ရေနက်ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့်သင်္ဘောများမှ ကုန်တန်ချိန်သန်း ၂၅၀ ခန့် ကိုပို့ ဆောင်ပေးနိုင်မည်ဖြစ်ပြီး
စက်မှုဇုန်များ၏ အကျယ် အဝန်း မှာ ၂၅၀ စတုရန်းကီလိုမီတာ အကျယ်ရှိမည်ဖြစ်သည်။
စက်မှုဇုန်တွင် အသေးစားနှင့် အကြီးစားစက်မှုလုပ်ငန်းများ၊ရေနံနှင့် ဓါတ်ငွေ့ စက်ရုံများ၊ဓါတုဗေဒစက်ရုံများ ပါဝင်မည် ဖြစ်သည်။
မော့တ်မက် ဒေါ် နယ်သည် ထားဝယ်ဖွံ့ ဖြိုးရေး မဟာစီမံကိန်း မူကြမ်းကိုလေ့လာခဲ့ပြီးနောက် စက်မှုဇုန်များ
အတွက် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး၊ ရေသွယ်ယူစွန့်ထုတ်မှု စနစ်ကောင်းမွန်ရေးတို့အတွက် အကြံပေးခဲ့ပြီး စီမံကိန်း၏ လမ်းများဒီဇိုင်း၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် စက်ရုံများ အတွက် လည်းကောင်း၊ စက်မှုဇုန်ဖေါ်ဆောင်ရာတွင် လိုအပ်သော သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ ကိုင်တွယ်ဖြေရှင်းနိုင်ရေးတို့ကို လည်းကောင်း လိုအပ်သည့် အကြံ ဥာဏ်များ ပေးခဲ့သည်။
မော့တ်မက်ဒေါ်နယ်၏ စီမံကိန်းမန်နေဂျာ ခရီယက်တီဆတ် ဆရီရာယမ်က “ထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းဟာ
ဒေသအတွက် အဓိကကုန်သွယ် ရေးနဲ့  သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဗဟိုချက် တစ်ခု ဖြစ်လာပါလိမ့်မယ်။
မြန်မာနဲ့ ဒေသတွင်းအတွက် စီးပွားရေး အလားအလာကောင်း ဖြစ်ပါ တယ်။ထားဝယ်ရေနက်ဆိပ်ကမ်းသစ်ဟာ မာလက္ကာရေလက်ကြားပေါ် မှီခိုရမှုကို လျှော့ချပြီး အိန္ဒိယ၊ တရုတ်၊ အရှေ့ အလယ်ပိုင်းနဲ့ ဥရောပ၊ အာဖရိကတို့ကို ဆက်သွယ်ပြီး အပြန်အလှန် ကုန်စည်ပို့ဆောင်မှု အချိန်နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာပါ” ဟုပြောကြားသည်။



The Myanmar Age

ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် ကရင်မိန်းကလေးကိစ္စအား မြန်မာအစိုးရ စောင့်ကြည့်သွားမည်

မြန်မာအစိုးရက စေလွှတ်လိုက်သော အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း ဦးဆောင်သည့် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ကမ်ဖယ်ဖစ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဂေဟာမှ ထွက်ခွါခဲ့ရာ ကမ်ဖယ်ဖစ်ခရိုင်ရဲစခန်းသို့ ယနေ့ ညနေပိုင်းတွင် ရောက်ရှိသည်။

ကမ်ဖယ်ဖစ်ခရိုင်ရဲစခန်းတွင် ရဲအုပ်ကြီး ဝမ်းချိုင်းနှင့် တွေ့ဆုံကာ အလုပ်ရှင် ထိုင်းလင်မယားအား တရားဥပဒေကြောင်းအရ ဆောင်ရွက်ထားမှု အခြေအနေများကို အသေးစိတ်မေးမြန်းကြသည်။

အာမခံဖြင့် ထိုင်းလင်မယားအား လွှတ်ပေးထားရခြင်းမှာ အဆိုပါ လင်မယားက ပြစ်မှုကျူးလွန်ကြောင်း ဝန်မခံသောကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ဆွဲချရှေ့နေများနှင့် အမှုများ ပြန်လည်တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ လောလောဆယ် ဖြားယောင်းမှု၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားလက်ခံမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စသည့် ပြစ်မှု (၇) ခုဖြင့် စွဲချက်တင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရဲအုပ်ကြီးဝမ်းချိုင်းက ရှင်းလင်းပြောကြားသည်။

မြန်မာအစိုးရ ညှိနှိုင်းရေးအဖွဲ့က ဤဖြစ်စဉ်ကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် စိတ်မကောင်းဖြစ်၍ အထူး အာရုံစိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အဖွဲ့ အမြန်ဆုံး ရောက်ရှိလာ ခြင်းဖြစ်ကြောင်း၊ ကာယကံရှင်များအား တရားခွင်တွင် စစ်မေးရာ၌လည်း မိမိတို့အစိုးရဘက်မှ ကိုယ်စားလှယ်များ စေလွှတ်သွားလိုကြောင်း၊ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေးကို လိုလားလျက်ရှိကြောင်း ပြောကြားသည်။

ရဲအုပ်ကြီးဝမ်းချိုင်းက ဤအမှုနှင့်ပတ်သက်၍ မီဒီယာများ စဉ်ဆက် မပြတ် ရောက်ရှိလာနေသည်ကို တွေ့မြင်နိုင်ကြောင်း၊ စောင့်ရှောက်ရေးဂေဟာသို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်အမတ်များကိုယ်တိုင် လာရောက် တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ဤအမှုမှာ လွန်စွာ ကြီးလေးသော ပြစ်မှု ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်နိုင်မည်ဟု ထင်မြင်ယူဆကြောင်း ပြန်လည်ရှင်းလင်း ပြောကြားသည်။

တစ်ချိန်တည်းမှာပင် ဘန်ကောက်ရှိ မြန်မာသံရုံး သံအမတ်ကြီးကလည်း မြန်မာအစိုးရကိုယ်စား ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြစ်မှု ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူပေးရန် တောင်းဆိုသည့် စာလွှာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

ညှင်းပမ်းနှိပ်စက်ခြင်းခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် ကရင်အမျိုးသမီးငယ်မှာ မအဲ ဟု အမည်ရပြီး မိဘများမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှ ဦးတင်အောင်နှင့် ဒေါ်မူးအွါသိန်းတို့ ဖြစ်သည်။

ဘန်ကောက် မြန်မာသံရုံး၊ ထိုင်းရောက်မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များအနေဖြင့် ဤအမှုနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ ဖြေရှင်းဆောင်ရွက်ချက်များကို မျက်ခြည်မပြတ် အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ပြီး ကာယကံရှင်များအား စစ်မေးခြင်း၊ တရားစီရင်ခြင်း စသည်တို့တွင် ကိုယ်စားလှယ်များ စေလွှတ်သွားမည် ဖြစ်ကြောင်း၊ အခါအားလျော်စွာ ကိုယ်စားလှယ်အဖွဲ့ လာရောက်၍ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုလေ့လာကာ နေပြည်တော်သို့ ပြန်လည်တင်ပြရမည် ဖြစ်ကြောင်း သိရှိရသည်။

photo - internet

Friday, February 15, 2013

လေယာဉ်မောင် ၊ လေယာဉ်မယ်များ ခေါ်ယူမည်။



မြန်မာ လေကြောင်းလိုင်းက လေယာဉ်မောင်၊ လေယာဉ်မယ် ၂ဝ ကျော် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ လေကြောင်းလိုင်းသည် ထပ်မံတိုးချဲ့ ဝယ်ယူမည့် လေယာဉ်များနှင့် ခရီးစဉ်များ အတွက် ယခုကဲ့သို့ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

၁။ လျှောက်ထားသူသည်
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။ အိမ်ထောင်မရှိသူ လူပျို/ အပျိုဖြစ်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်ကို ပူးတွဲတင်ပြရမည်။
(ခ) (၃၁-၃-၂၀၁၃) ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၂)နှစ်ထက်ကျော်လွန်သူ မဖြစ်စေရ။
(ဂ) လေယာဉ်မောင် အရပ် ၅ ပေ ၆ လက်မ၊ လေယာဉ်မယ် အရပ် ၅ ပေ ၄ လက်မနှင့် အထက် ရှိသူဖြစ်ရမည်။
(ဃ) အရပ်နှင့်ကိုက်ညီသော ကိုယ်အလေးချိန်ရှိရမည်။
(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ မျက်မှန်နှင့် မျက်ကပ်မှန်တပ်ဆင်သူမဖြစ်ရပါ။ (စစ်ဆေးမှုရှိမည်။)
(စ) အင်္ဂလိပ်စာအရေး/အပြော သင့်တင့်စွာ တတ်ကျွမ်းနားလည်ရမည်။ (စစ်ဆေးမှုရှိမည်။)
(ဆ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မူရင်း)ပူးတွဲတင်ပြရမည်။
(ဇ) မြန်မာနိုင်ငံအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပထမနှစ်အောင်မြင်ပြီးသူဖြစ်ရမည်။ သက်ဆိုင်ရာ တက္ကသိုလ်/ ကောလိပ်၏ ပထမနှစ်အောင်မြင်ပြီးကြောင်း ထောက်ခံချက်ကို ပူးတွဲတင်ပြရမည်။
(ဈ) အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံရေးကင်းရှင်းရမည်။
(ည)နိုင်ငံသားစစ်ဆေးရေးကတ်နှင့် အလုပ်သမားမှတ်ပုံတင်မိတ္တူပါရှိရမည်။
(ဋ) ရေကူးတတ်ကျွမ်းသူဖြစ်ရမည်။ (စစ်ဆေးမှုရှိရမည်။)
(ဌ) မြန်မာ့လေကြောင်း၌ အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမည်။
၂။ လျှောက်ထားလိုသူများသည် မိမိလျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများပူးတွဲ၍ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်မှ မတ်လ ၂၈ရက်အထိ မြန်မာ့လေကြောင်း(ရုံးချုပ်)အမှတ် (၁၀၄)၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ နှင့် နယ်မြန်မာလေကြောင်း ဌာနခွဲရုံးများသို့ လူကိုယ်တိုင်လာရောက်ပေးပို့ရမည်။
(က) ရှေ့တည်တည်နှင့် ညာဘက်ဘေးမှရိုက်ထားသည့် တစ်ကိုယ်လုံးပုံ ပိုစ်စကစ်ဆိုဒ်အရွယ် (၅" ၇") (၁)ပုံစီ (၂)ပုံ
(ခ) ပတ်ပိုစ်အရွယ်(၃)ပုံ
(ဂ) နိုင်ငံသားစိစစ်ဆေးရေးကတ်မူရင်း
(ဃ) (၁၀)တန်းအောင်လက်မှတ်မူရင်း
၃။ အရည်အချင်းပြည့်မီသူများအား ၁၁-၃-၂၀၁၃ ရက်မှစတင်၍ ရန်ကုန်မြန်မာ့လေကြောင်း (ရုံးချုပ်)နှင့် မန္တလေး မြန်မာ့လေကြောင်း ဌာနာခွဲတို့တွင် လူတွေ့စစ်ဆေးမည်ဖြစ်၍ မိမိတို့၏ လျှောက်လွှာများတွင် ဖြေဆိုလိုသည့် ဒေသကိုပါ ဖြည့်စွက်ပေးရမည်။
ရွေးချယ်ခံရ သူများသည် မြန်မာ လေကြောင်းလိုင်းတွင် ငါးနှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ 
Photo - Internet

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS