လေယာဉ်မောင် ၊ လေယာဉ်မယ်များ ခေါ်ယူမည်။



မြန်မာ လေကြောင်းလိုင်းက လေယာဉ်မောင်၊ လေယာဉ်မယ် ၂ဝ ကျော် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ လေကြောင်းလိုင်းသည် ထပ်မံတိုးချဲ့ ဝယ်ယူမည့် လေယာဉ်များနှင့် ခရီးစဉ်များ အတွက် ယခုကဲ့သို့ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

၁။ လျှောက်ထားသူသည်
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။ အိမ်ထောင်မရှိသူ လူပျို/ အပျိုဖြစ်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်ကို ပူးတွဲတင်ပြရမည်။
(ခ) (၃၁-၃-၂၀၁၃) ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၂)နှစ်ထက်ကျော်လွန်သူ မဖြစ်စေရ။
(ဂ) လေယာဉ်မောင် အရပ် ၅ ပေ ၆ လက်မ၊ လေယာဉ်မယ် အရပ် ၅ ပေ ၄ လက်မနှင့် အထက် ရှိသူဖြစ်ရမည်။
(ဃ) အရပ်နှင့်ကိုက်ညီသော ကိုယ်အလေးချိန်ရှိရမည်။
(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ မျက်မှန်နှင့် မျက်ကပ်မှန်တပ်ဆင်သူမဖြစ်ရပါ။ (စစ်ဆေးမှုရှိမည်။)
(စ) အင်္ဂလိပ်စာအရေး/အပြော သင့်တင့်စွာ တတ်ကျွမ်းနားလည်ရမည်။ (စစ်ဆေးမှုရှိမည်။)
(ဆ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မူရင်း)ပူးတွဲတင်ပြရမည်။
(ဇ) မြန်မာနိုင်ငံအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပထမနှစ်အောင်မြင်ပြီးသူဖြစ်ရမည်။ သက်ဆိုင်ရာ တက္ကသိုလ်/ ကောလိပ်၏ ပထမနှစ်အောင်မြင်ပြီးကြောင်း ထောက်ခံချက်ကို ပူးတွဲတင်ပြရမည်။
(ဈ) အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံရေးကင်းရှင်းရမည်။
(ည)နိုင်ငံသားစစ်ဆေးရေးကတ်နှင့် အလုပ်သမားမှတ်ပုံတင်မိတ္တူပါရှိရမည်။
(ဋ) ရေကူးတတ်ကျွမ်းသူဖြစ်ရမည်။ (စစ်ဆေးမှုရှိရမည်။)
(ဌ) မြန်မာ့လေကြောင်း၌ အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမည်။
၂။ လျှောက်ထားလိုသူများသည် မိမိလျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများပူးတွဲ၍ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်မှ မတ်လ ၂၈ရက်အထိ မြန်မာ့လေကြောင်း(ရုံးချုပ်)အမှတ် (၁၀၄)၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ နှင့် နယ်မြန်မာလေကြောင်း ဌာနခွဲရုံးများသို့ လူကိုယ်တိုင်လာရောက်ပေးပို့ရမည်။
(က) ရှေ့တည်တည်နှင့် ညာဘက်ဘေးမှရိုက်ထားသည့် တစ်ကိုယ်လုံးပုံ ပိုစ်စကစ်ဆိုဒ်အရွယ် (၅" ၇") (၁)ပုံစီ (၂)ပုံ
(ခ) ပတ်ပိုစ်အရွယ်(၃)ပုံ
(ဂ) နိုင်ငံသားစိစစ်ဆေးရေးကတ်မူရင်း
(ဃ) (၁၀)တန်းအောင်လက်မှတ်မူရင်း
၃။ အရည်အချင်းပြည့်မီသူများအား ၁၁-၃-၂၀၁၃ ရက်မှစတင်၍ ရန်ကုန်မြန်မာ့လေကြောင်း (ရုံးချုပ်)နှင့် မန္တလေး မြန်မာ့လေကြောင်း ဌာနာခွဲတို့တွင် လူတွေ့စစ်ဆေးမည်ဖြစ်၍ မိမိတို့၏ လျှောက်လွှာများတွင် ဖြေဆိုလိုသည့် ဒေသကိုပါ ဖြည့်စွက်ပေးရမည်။
ရွေးချယ်ခံရ သူများသည် မြန်မာ လေကြောင်းလိုင်းတွင် ငါးနှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ 
Photo - Internet

Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ