Saturday, February 16, 2013

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ၏ အရေးပေါ်သတင်းထုတ်ပြန်ချက်



နေ့စွဲ။၂၀၁၃ခု၊ဖေဖေါ်ဝါရီလ(၁၅)ရက်                                          အရေးပေါ်သတင်းထုတ်ပြန်ချက်

အချို့သောရုပ်သံမီဒီယာများမှ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးထုတ်လွှင့်ခဲ့သောTV Program များတွင် အသုံးပြုခဲ့သည့် အချို့သောသီချင်းများအတွက် သက်ဆိုင်ရာ Media များထံမှ ရရန်ရှိသော အနုပညာမူပိုင်ကြေးများအား တောင်းခံခဲ့ရာတွင် ၄င်း Media များမှပေးသွင်းပြီးဖြစ်ကြောင်း တိကျခိုင်လုံစွာ အကြောင်းပြန်ကြားခဲ့သဖြင့်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှစာရင်းများကိုပြန်လည် စစ်ဆေး ခဲ့ရာ လက်ရှိအချိန်တွင် စစ်ဆေးတွေ့ရှိရသည့် စာရင်းပျောက်ဆုံးလျက်ရှိသော ငွေကြေးပမာဏမှာ ကျပ်(၄၉,၄၀၁,၂၀၀/)(ကျပ်လေးရာကိုးဆယ့်လေးသိန်းတစ်ထောင့်နှစ်ရာကျပ်)ဖြစ်ကြောင်း တွေ့ရှိရပြီး ဆက်လက်စစ်ဆေးဖော်ထုတ်နေဆဲဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက ယခင်ကာလနှင့် ယခုကာလတွင်ပါ ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိနေသော ရုံးအဖွဲ့မှူးအားခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြရာ ရုံးအဖွဲ့မှူးမှ အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း ၀န်ခံသောကြောင့် ရုံးအဖွဲ့မှူး ဦးမျိုးတင့်(ခေါ်)ဦးမျိုးနွယ်ဆွေ အား၎င်းထမ်းဆောင်နေသည့် တွဲဖက်အတွင်းရေးမှုးနှင့်ရုံးအဖွဲ့မှုး တာဝန်များ မှလည်းကောင်း၊ ဂီတအစည်းအရုံးအဖွဲ့ဝင်အဖြစ်မှလည်ကောင်း၊ယနေ့ (၁၅-၂-၂၀၁၃) မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) မှ တညီတညွတ်တည်းဆုံးဖြတ်ပါသည်။

အထက်ပါ ငွေကြေးအလွဲသုံးစားမှုအားလိုအပ်သည့် အရေးယူမှုများပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ဥပဒေအကြံပေးအကျိုးတော်ဆောင်အားလိုအပ်သည့်တရားဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန်လွှဲအပ်ထားပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။ 
FB-News

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS