Saturday, March 2, 2013

ဟံသာဝတီ ယဉ်ရောင်းဝယ်ရေးစခန်း အ၀င်ပိတ်ပင်မှုကြောင့် ဆန္ဒထုတ်ဖေါ် ...

မတ်တ ၁ ရက်နေ့ တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း အ၀င် အား ပိတ်ပင်တားမြစ်ခြင်းကြောင့် ဆန္ဒဖေါ်ထုတ်မှု့များ ဖြစ်ပေါ်ခဲ့ သည်။ " အစ်ကို တို့ ဖြစ်စေချင်တာ က ဒီ ယဉ်ရောင်းဝယ်ရေးစခန်း က တာဝန်ရှိတဲ့သူရယ် စည်ပင်က တာဝန်ရှိတဲ့သူရယ် ဆွေးနွေးညှိနှိုင်းစေချင်တာပါ ။ ဒါ ကို ဆွေးနွေးလို့ မပြီးသေးပဲ ပိတ်လိုက်တယ်ဆိုတော့  ဆန္ဒ ဖေါ်ထုတ်မှု့တွေ ဖြစ်ပေါ်လာတာပါ " ဟု ယဉ်ရောင်းဝယ်ရေးစခန်းမှ ကိုအေးကျော်မှ ပြောကြားသွားခဲ့ သည် ။ " ကားပွဲစားတန်း ဆန္ဒပြတယ် ဆိုတာ တစ်ချို့က နားမလည် တော့ ကားပွဲစားတွေချည်းပဲ ဆန္ဒပြတယ် ထင်နေတာပါ ။ တကယ်ဆို အစ်ကိုတို့ က ဒီနားမရောင်းရလဲ ဘယ်နားရောင်းရောင်း ၊ ဘယ်နားပြောင်းပြောင်း အရေးမကြီးပါဘူး ...။ ဒါပေမဲ့ ဒီဝန်းထဲမှာ မှီခိုနေရတဲ့ လက်လုပ်လက်စားဈေးသည်တွေ အများကြီး ရှိပါတယ် ။ သူတို့တွေ အတွက်ပါ ထည့်တွက်ရမှာပါ။ အားလုံး ပြေပြေလည်လည်ဖြစ်အောင် ဆွေးနွေးနေပါတယ် ။ ဒါကို ဆွေးနွေးလို့ မပြီးသေးပဲ ၀န်းကို ပိတ်လိုက် ပြီးတော့ ကားတွေ အထွက်ပဲ ရမယ် ၊ အ၀င်မရတော့ဘူး ဆိုပြီး လုပ်လာပါတယ် ။ ဒါ့ကြောင့် ဆန္ဒဖေါ်ထုတ်ကြတာပါ။ ခပ်စောစောကဆို တင်းမာမှု့တွေတောင် ဖြစ်သွားသေးတယ် " ဟု ကားဝန်းအတွင်းမှ ၀ယ်ရောင်း တစ်ဦးမှ ပြောကြားသွားခဲ့ သည်။ 









Thursday, February 21, 2013

သက်ကြီး ပန်းချီ ပန်းပု ပညာရှင်ကြီးများအား ပုံတူ ပန်းပု ပန်းချီ ထုလုပ်ရေးဆွဲခြင်း



ပန်းချီ ရွှေမြင့် ၊ ပန်းချီ သာဆန်း နှင့် ကျော်ကျော်မင်း (ပန်းပု) တို့မှ Plus Three Stars အမည်ဖြင့် Art & 

Sculpture Exhibition ကို လောကနတ် ပန်းချီခန်းမ (ပန်းဆိုးတန်းXကုန်သည်လမ်း) တွင် ဖေဖေါ်ဝါရီ ၂၅ 

မှ မတ်လ ၂ ရက်နေ့အထိ ပြုလုပ် ကျင်းပသွားမည် ဖြစ်ပါသည်။

ပြပွဲ အစီအစဉ်များမှာ -  ၂၅-၂-၂၀၁၃ ရက်နေ့တွင် ပန်းချီဆရာကြီး စတားဦးမြသန်း ၊ ၂၆- ရက်နေ့တွင် 

ပန်းချီဆရာကြီး ဦးဘ၀င်း ၊ ၂၇ - ရက်နေ့တွင် ပန်းပု ဆရာကြီး ဦးလွင်မောင် ၊ ၂၈ - ရက်နေ့တွင် 

ပန်းချီဆရာကြီး ဦးရောက်စီတင်ဦး ၊ မတ်လ ၁ - ရက်နေ့တွင် ပန်းချီဆရာကြီး ဦးလှမြင့်ဆွေ ၊ ၂ -  

ရက်နေ့တွင် ပန်းချီ ဆရာကြီး ဦးရှိန်ထွန်း တို့၏ ပုံတူ ပန်းချီနှင့် ပန်းပုများကို ပန်းချီ    ရွှေမြင့်နှင့်  

 ကျော်ကျော်မင်း (ပန်းပု) တို့မှ လက်တွေ့ရေးဆွဲ ဂုဏ်ပြုထုလုပ်ကြမည် ဖြစ်ပါသည်။ 

ဆရာကြီးများ သည် တခေတ် တခါက အောင်မြင်ကျော်ကြားခဲ့သော ကျေးဇူးရှင် ပန်းချီ ၊ ပန်းပု ဆရာကြီး

များဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ ဖြစ်သည့်အပြင် အဖေဆရာ ၊ အဖိုး

ဆရာများ ဖြစ်ကြပါသည်။ ရေးဆွဲထုလုပ် သော ပန်းချီကားများနှင့် ပန်းပု ရုပ်ထုများကို ဆရာကြီးများ အား 

ဂုဏ်ပြုပေးအပ်မည်ဖြစ်ပြီး ဆရာကြီးများမှလည်း အလုပ်ရုံ ဆွေးနွေးပွဲ ပုံစံဖြင့် ပန်းချီ ၊ ပန်းပု 

ပညာအကြောင်းများ ပြန်လည် ဟောပြောပြီး  ရေးဆွဲ သင်ကြားပေး၍ မျိုးဆက်သစ်များသို့ ပညာ 

အမွေ  ပေးမည်ဖြစ်ပါသည် ။ ဆရာကြီးများ၏ ပန်းချီနှင့် ပန်းပုရုပ်တုများသည် နောင်အနာဂါတ်တွင် 

ဆရာကြီးများ၏  သမိုင်းအထောက်အထား များ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည် ။ ဆရာကြီးများ သက်ရှိထင်ရှား 

ရှိပြီး ကျန်းမာရေး ကောင်းစဉ်ကာလတွင် သမိုင်း အထောက်အထားများ ရယူပြီး ဆရာကြီးများ ကို 

ဂုဏ်ပြုကြောင်း စိတ်ဓာတ်ရေးရာအရ ထောက်ခံကြောင်း ဆရာကြီးများ  မျက်ဝါးထင်ထင်  

 တွေ့မြင်ရမည်ဖြစ်သည် ။ သို့ဖြစ်ပါ၍ ပန်းချီ ပန်းပုချစ်သူများ အား ကြွရောက်ပါရန် လေးစားစွာ 

ဖိတ်ကြားအပ်ပါသည် ။ 


                                                                                        

                                                                                                 ကျော်ကျော်မင်း (ပန်းပု)

Sunday, February 17, 2013

SingTel ကုမ္ပဏီ မြန်မာနိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံမည်။




အရှေ့တောင်အာရှ၏ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Sing Tel သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
စင်ကာပူ၏ ထိပ်သီးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Sing Tel အနေဖြင့်မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ဝင်ရောက်ပြီး နိုင်ငံတကာ ကုမ္ပဏီများ၊ ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ဈေးကွက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Bloomberg သတင်းဌာနမှ ဖော်ပြထားသည်။
Sing Tel အနေဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းရောင်းချခွင့် လိုင်စင်ရယူရန် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းမှ စတင်၍ ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး တင်ဒါရယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး ဈေးကွက်သို့ ဝင်ရောက်လိုမှုနှင့် ပတ်သက်ပြီး
Sing Tel ၏ CEO Chua Sock Koong က ''ဈေးကွက်ချဲ့ထွင်မှုအတွက် အတွေ့အကြုံကောင်းတစ်ခုကို ရှာဖွေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဈေးကွက်က အတော့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ အကြောင်းအရာတွေကို သိရှိနားလည်ဖို့တော့ လိုပါတယ်'' ဟု မီဒီယာနှင့် တွေ့ဆုံခြင်းတွင် ပြောကြားခဲ့သည်။
Sing Tel ကုမ္ပဏီမှာ အာရှဈေးကွက်တွင် အောင်မြင်မှုရရှိနေပြီး ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံများတွင် ကြီးမားသည့် ဈေးကွက်ကို ပိုင်ဆိုင်ထားသည်။ စင်ကာပူအခြေစိုက် Sing Tel ကုမ္ပဏီအနေဖြင့်မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းရောင်းချခွင့် ရရှိခဲ့ပါက ပြည်တွင်းကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး ဝန်ဆောင်မှုများအတွက် ပြည်တွင်းပြည်ပမှ ဝန်ဆောင်မှုပေးလိုသည့် စိတ်ပါဝင်စားသူများအား လုပ်ငန်းလိုင်စင် တင်ဒါအတွက် စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာများ ပေးပို့ရန် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ဖိတ်ခေါ်ထားသည်။
ထိုသို့ ဖိတ်ခေါ်ရာတွင် ပြည်ထောင်စုအစိုးရမှ ဖွဲ့စည်းထားသည့် Telecommunication Operator တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီမှနေ၍ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသည့် Operator များထံသို့ စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (Expression of Interest-EOI)ပေးပို့ရန်အတွက် ဖိတ်ခေါ်ထားခြင်း ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် နှစ်ဝက်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခုအား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ဝင်စားမှုဖော် ပြခြင်းလျှောက်လွှာ (Expression of Interest-EOI) လျှောက်ထားခြင်းအား ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား၍ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ ဆောက်ရွက်ရခြင်းဖြစ်ပြီး ထုတ်ပြန်မှုများအရ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ စုစုပေါင်း ၉ဝ ကျော်လျှောက်ထားခဲ့ကြောင်း သိရသည်။

ကာချုပ် စင်္ကာပူ AFTC လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာ

မြန်မာ့အလင်း သတင်းစာမှ 

Spitfire လေယာဉ်များ ပြန်လည်ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီ။



မြန်မာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း က ဗြိတိသျှ တပ်မှ မြှုပ်နှံ ထားခဲ့ သည်ဟု ယူဆရသော စပစ်ဖိုင်း ယားလေ ယာဉ် များကို ရှာဖွေ မှု ကို ယနေ့  ရပ် ဆိုင်း လိုက် ပြီ ဖြစ်သည်။

ထိုရှာဖွေ မှု ကို War Gaming ကုမ္ပဏီ က ငွေကြေး စိုက် ထုတ် ပေး ခြင်း ဖြစ်ရာ ကုမ္ပဏီ က ရှာဖွေ မှု ကို ယနေ့  ရပ်တန့်  လိုက်သည် ဟု သတင်း ထုတ် ပြန် သည်။

ဒုတိယကမ္ဘာ စစ် အတွင်း က ဗြိတိသျှ တော်ဝင် လေတပ် စခန်း ချရာ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် အနီး ရှာ ဖွေ မှု များ ကို စတင် ခဲ့ ခြင်း ဖြစ်သည်။

၃ လာနီးပါးကြာ ရှာဖွေ မှု အတွင်း မည်သည့် သဲလွန် စများ ကို မှ မတွေ့ ရှိရ ၍ ရှာဖွေမှု ကို ရပ် ဆိုင်း လိုက် ခြင်း ဖြစ်သည် ဟု War Gaming မှ Tracy Spaight က ပြောသည်။

Spitfire ရှာဖွေ မှု ကို ရွှေတောင်ပေါ်ကုမ္ပဏီနှင့် မြန်မာ အစိုးရတို့ ၂၀၁၂ ခုနှစ်အောက် တိုဘာလ အတွင်းက သဘောတူ စာချုပ် ချုပ်ဆို ခဲ့ရာ ယင်းစီ မံကိန်းအောင်မြင် ပါက မြန်မာအစိုးရက အကျိုး အမြတ် ၅၀ ရာ ခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းနှင့် ဗြိတိန် နိုင်ငံမှ လေကြောင်းရေးရာ ကျွမ်းကျင်သူ လေ့လာရေးသမား ဒေးဗစ်ကင်ဒယ် က၃၀ ရာခိုင်နှုန်း ခွဲဝေရယူကြမည် ဖြစ်သည်။

ရှာဖွေ ရေး အဖွဲ့  ခေါင်းဆောင် မစ္စတာဒေးဗစ်ကင်ဒယ် က မူ ထို ရှာဖွေ မှု ရပ် ဆိုင် လိုက်သည် ဆိုသည့် ဆုံး ဖြတ် ချက် ကြောင့် စိတ်မသက် သာ ဟု ပြောသည်။

ရှာဖွေ မှု သည် ရန်ကုန် နှင့် ကချင် ပြည်နယ် တွင် ပြု လုပ် ခဲ့ ခြင်း ဖြစ်ပြီး ရှာဖွေ တူးဖော် မှု များ ဉ် ရွှံ့ သာ တွေ့ သည် ဟု ဆိုသည်။

ဗြိတိသျှ စစ်ဦးစီးချုပ် လောဒ် မောင်ဘက်တန် ၏ အမိန့်  အရ စပစ် ဖိုင်းယား လေယာဉ်များ ကို ကြွင်း တူးမြုပ် နှံ စဉ် က ရှိ နေခဲ့သည့် အသက် ၉၀ ကျော် အရွယ် စတန်လေ ကွမ်ဘီ လည်း ရှာဖွ တွင် လိုက်ပါခဲ့သည်။

လူမင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေနှင့် မိုးမင်းတို့ကို (MANA) ၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်



လူမင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေနှင့် မိုးမင်းတို့ကို မြန် မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်ခဲ့ကြောင်း မြန် မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ အတွင်းရေး မှူး ဦးမြင့်ခိုင်က ပြောကြားခဲ့သည်။ ပြည်သူလူထုအတွင်း အသိပညာပေး ဆွေးနွေးရာတွင် လူထုအများက စိတ်ဝင် စားမှုရှိသော အနုပညာရှင်များမှ ပါဝင်ဟောပြောခြင်းဖြင့် ပိုမို ထိရောက်နိုင်သောကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အ စည်းအရုံးတို့အား MANA မှ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး အနုပညာရှင်လေးဦး၏ သဘောတူညီချက်အရ အသင်း၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ် သည်။


''ကုန်ပစ္စည်းတွေမှာ သံတမန်ခန့်အပ် ခံရဖူးတယ်။ အခုလို MANA အသင်းကြီးရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီအသင်းကြီးက တကယ့်ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်ကိုင်နေတဲ့ အဖွဲ့ကြီး ဖြစ်တယ်။ ဒီအ သင်းကြီးရဲ့လုပ်ဆောင်ချက်တွေကို ဂုဏ်ယူတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်'' ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းက ပြောပြသည်။

မူးယစ်ဆေးဝါးနှင့် ဓါတုဗေဒ ပစ္စည်းများကို အခြေခံ၍ ထုတ်ဝေထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ အလွဲသုံးစွဲမှုသည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံလျက်ရှိရာ လူထုအားလုံးအတွက် အန္တရာယ်ဆိုးကြီးအဖြစ် ခြိမ်းခြောက်လျက် ရှိနေသောကြောင့် တစ်မျိုးသားလုံးအနေဖြင့် ဝိုင်းဝန်းကာကွယ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အတွင်းရေးမှူး ဦးမြင့်ခိုင်က သုံးသပ်ပြောပြသည်။

Eleven Media Group

ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ်


လက်ရှိ မောင်းနှင်နေသည့် မြန်မာအက္ခရာနံပါတ် ကားများအား အင်္ဂလိပ်အက္ခရာသို့ ပြောင်းရန် 

စီစဉ်နေပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။


“စည်းကမ်းမဲ့ မောင်းနေတဲ့ ယာဉ်တွေကို ဖမ်းဖို့အတွက် တပ်မယ့်စက်တွေက မြန်မာအက္ခရာကို မသိဘူး။ ဒါကြောင့် 

အင်္ဂလိပ်အက္ခရာပြောင်းဖို့ လုပ်ရတာ” ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။


ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစ၍ အငှားယာဉ်အဖြစ် အသုံးပြုသော ယာဉ်များအား AA အက္ခရာဖြင့် 

နံပါတ်များ စတင် ထုတ်ပေးခဲ့သည်။ “အာဆီယံ ပုံစံနမူနာယူပြီး တင်ပြထားတာ၊ ပြည်နယ်တိုင်းဒေသကြီး 

အမည်ကိုရှေ့ကထည့်မလား၊ နောက်ကထည့်မလား အကြံဉာဏ်တောင်းထားတယ်” ဟု 

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။


မကြာသေးမီရက်ပိုင်းကစ၍ ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသော ကားများ အား 

အရေးယူရန်အတွက် ယာဉ်ထိန်းရဲအင်အား တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံတွင် မောင်းနှင် နေသော မော်တော်ယာဉ်စီးရေ လေးသိန်းခန့်နှင့် ဆိုင်ကယ်စီးရေ ၂၃ သိန်းခန့်ရှိကြောင်း 

ကုန်း လမ်းပို့ဆောင်ရေး ဦးစီးဌာနမှ မကြာသေးမီ ရက်ပိုင်းက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။



နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS