Spitfire လေယာဉ်များ ပြန်လည်ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီ။



မြန်မာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း က ဗြိတိသျှ တပ်မှ မြှုပ်နှံ ထားခဲ့ သည်ဟု ယူဆရသော စပစ်ဖိုင်း ယားလေ ယာဉ် များကို ရှာဖွေ မှု ကို ယနေ့  ရပ် ဆိုင်း လိုက် ပြီ ဖြစ်သည်။

ထိုရှာဖွေ မှု ကို War Gaming ကုမ္ပဏီ က ငွေကြေး စိုက် ထုတ် ပေး ခြင်း ဖြစ်ရာ ကုမ္ပဏီ က ရှာဖွေ မှု ကို ယနေ့  ရပ်တန့်  လိုက်သည် ဟု သတင်း ထုတ် ပြန် သည်။

ဒုတိယကမ္ဘာ စစ် အတွင်း က ဗြိတိသျှ တော်ဝင် လေတပ် စခန်း ချရာ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် အနီး ရှာ ဖွေ မှု များ ကို စတင် ခဲ့ ခြင်း ဖြစ်သည်။

၃ လာနီးပါးကြာ ရှာဖွေ မှု အတွင်း မည်သည့် သဲလွန် စများ ကို မှ မတွေ့ ရှိရ ၍ ရှာဖွေမှု ကို ရပ် ဆိုင်း လိုက် ခြင်း ဖြစ်သည် ဟု War Gaming မှ Tracy Spaight က ပြောသည်။

Spitfire ရှာဖွေ မှု ကို ရွှေတောင်ပေါ်ကုမ္ပဏီနှင့် မြန်မာ အစိုးရတို့ ၂၀၁၂ ခုနှစ်အောက် တိုဘာလ အတွင်းက သဘောတူ စာချုပ် ချုပ်ဆို ခဲ့ရာ ယင်းစီ မံကိန်းအောင်မြင် ပါက မြန်မာအစိုးရက အကျိုး အမြတ် ၅၀ ရာ ခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းနှင့် ဗြိတိန် နိုင်ငံမှ လေကြောင်းရေးရာ ကျွမ်းကျင်သူ လေ့လာရေးသမား ဒေးဗစ်ကင်ဒယ် က၃၀ ရာခိုင်နှုန်း ခွဲဝေရယူကြမည် ဖြစ်သည်။

ရှာဖွေ ရေး အဖွဲ့  ခေါင်းဆောင် မစ္စတာဒေးဗစ်ကင်ဒယ် က မူ ထို ရှာဖွေ မှု ရပ် ဆိုင် လိုက်သည် ဆိုသည့် ဆုံး ဖြတ် ချက် ကြောင့် စိတ်မသက် သာ ဟု ပြောသည်။

ရှာဖွေ မှု သည် ရန်ကုန် နှင့် ကချင် ပြည်နယ် တွင် ပြု လုပ် ခဲ့ ခြင်း ဖြစ်ပြီး ရှာဖွေ တူးဖော် မှု များ ဉ် ရွှံ့ သာ တွေ့ သည် ဟု ဆိုသည်။

ဗြိတိသျှ စစ်ဦးစီးချုပ် လောဒ် မောင်ဘက်တန် ၏ အမိန့်  အရ စပစ် ဖိုင်းယား လေယာဉ်များ ကို ကြွင်း တူးမြုပ် နှံ စဉ် က ရှိ နေခဲ့သည့် အသက် ၉၀ ကျော် အရွယ် စတန်လေ ကွမ်ဘီ လည်း ရှာဖွ တွင် လိုက်ပါခဲ့သည်။

Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ