"အစ်ကို တို့ ဈေးသင်္ဘောရဲ့ အဓိက ရည်ရွယ်ချက်ကို က ဈေးနှုန်းသက်သာစွာနဲ့ စားသုံးသူတွေထံ အရောက်ပို့ပေးချင်တာပါ ။ အစ်ကိုတို့ကို ဆိုင်ခန်းခတွေ ပုဂ္ဂလိက လက်ထက် ရောက်မှ ၂ သောင်း ကနေ ၆ သောင်း (၃ဆ) တိုးကောက်လိုက်တော့ အစ်ကိုတို့ရဲ့ ကုန်ဈေးနှုန်းတွေက လည်း မြင့်သွားရပါတယ်။ ဈေးနှုန်းမြင့်တော့ စားသုံးသူတွေပဲ နစ်နာတာပါ။ "
Sunday, March 10, 2013
Friday, March 8, 2013
ကာမစိတ်ထကြွဆေးရောင်းချမှုဖြင့် စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာမြေညီထပ်ရှိ Orange ဆေးကောင်တာမှ ဝန်ထမ်းအမျိုးသမီးနှစ်ဦးအား တည်ဆဲဥပဒေနှင့် အရေးယူထား
စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange)ဆေးကောင်တာတို့မှ တာဝန်ကျ ၀န် ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုကာ သက်ဆိုင်ရာမှ တည် ဆဲ ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ၀န်ထမ်း တစ်ဦးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အဆိုပါတာဝန်ရှိသူက ပြောကြားရာတွင် တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချမှုကို တားဆီးရန် ပညာေ ပး ကာလအဖြစ် ၅ ရက်ကြိုတင်အကြောင်းကြားပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်၍ စိစစ်အရေး ယူေ ဆာင် ရွက်ရခြင်းဖြစ်ကြောင်း၊ ကာမစိတ်ကြွဆေးများသည် တရားဝင်ခွင့်ပြု ထားသော ဆေးဝါးများ မဟုတ်ကြောင်း ပြောကြားသည်။
တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာမှ တာဝန်ကျ အမျိုးသမီးက “ကျွန်မ ဒီတော်ဝင် စင်တာ (Orange) ဆေးကောင်တာမှာ တာဝန်ထမ်းဆောင်တာ တစ်လခွဲခန့်သာ ရှိသေးတယ်။ လခ ကတော့ ငါးသောင်းကျော် ရပါတယ်။ ကျွန်မတာဝန်က ဆေးကောင်တာဆိုတော့ေ ရာင်းနေ တဲ့ဆေးေ တွ က တရား ၀င်ဆေး ဟုတ်၊ မဟုတ်ဆိုတာ ဘယ် သူမှပြောမထားဘူး။ ယူထားတဲ့ တာဝန်က ဒီကောင်တာ မှာရှိတဲ့ ပစ္စည်း တွေကို လာဝယ်တဲ့သူရှိရင် ရောင်းဖို့ပဲ။ ၀န်ထမ်းဆိုတာ ကုမ္မဏီက ပေးတဲ့တာဝန်ကိုကျေ ပွန်ေ အာင် ဆောင်ရွက်ရတာ။ လာဝယ်တဲ့ ပစ္စည်းကို မရောင်းချင်ဘူးလို့ငြင်းခွင့်မရှိဘူး။ ပေးတာယူ၊ ခိုင်း တာ လုပ်ရတာ ကျွန်မတို့ ၀န်ထမ်းတွေပါ။
တောမှာ အနေအထားခက်ခဲလို့ မြို့တက်ပြီး သင်တန်းတွေ တက်ရင်း ၀န်ထမ်းလုပ်ခါမှ အချုပ်ခန်း ထဲရော က် ရတာ ရင်နာလို့ မဆုံးပါဘူးရှင်။ မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။ ဖြစ်စဉ်တွေကို နယ်က မိဘေ တွ စိတ်ဆင်း ရဲမှာကြောက်လို့ မိဘတွေကို အသိမပေးခဲ့ဘူး။ ဒီပစ္စည်းပိုင်ရှင်က ကျွန်မ မဟုတ်ဘူး” ဟု ပြော သည်။
စိန်ဂေဟာ ဆေးကောင်တာမှ အရောင်းမန်နေဂျာ အမျိုးသမီးက “ဆေးတွေ မိတော့ တာဝန်ကျနေတဲ့ ညီမေ လးတွေက ငိုပြီး ကျွန်မထံကိုပြေးလာတော့ သက်ဆိုင်ရာ စစ်ဆေးတဲ့ ၀န်ထမ်းတွေက သက်သေခံ အဖြစ် ဒီစာရွက်တွေပေါ်မှာ လက်မှတ်ထိုးပြီးရင် စခန်းခဏ လိုက်ခဲ့ပါဆိုပြီး စခန်းရောက်တော့ အချုပ်ထဲ မ၀င် ရင် ဆွဲသွင်းမယ်ပြောပြီး အချုပ်ထဲရောက်ခဲ့ရတယ်။ ဥပဒေ၀န်ထမ်းတွေ၊ ၂၄ နာရီ ပြည်သူ့ဝန် ထမ်းေ တွ က ဒီပစ္စည်းရဲ့ ပိုင်ရှင်ကို မသိတာလား။ ကျွန်မတို့က ၀န်ထမ်းပါ အထက်က ခိုင်းရင်တော့ လုပ်ရမှာပဲ။ ကိုယ် က လုပ်အားရောင်းတယ်။ အလုပ်ရှင်က လုပ်အားဝယ်တယ်။ အဖြေက ရှင်းပါတယ်” ဟုပြောသည်။
ဥပဒေပညာရှင်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “ကျွန်တော် တစ်ခါ ကြုံဖူးတယ်။ ကာစီနို ကစား နည်း အကြွေတွေနဲ့ ဆော့တဲ့ကစား နည်းလေ။ ပိုင်ရှင်က တိုင်းတစ်ပါးသား၊ ၀န်ထမ်းတွေက မြန်မြာ ပည် သူတွေ၊ တကယ်တမ်းအဖမ်းခံရတော့ ကိုယ့်မြန်မာလူမျိုးတွေ ပိုင်ရှင်က သံတမန် နည်းအရ ကင်း လွတ် ခွင့်ရပြီး သူ့နိုင်ငံပြန်သွားတယ်။
ဒီအတွက်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလ ရင် မြန်မာနိုင်ငံက ၀န်ထမ်းတွေအတွက် အကာ အကွ ယ်ပေး မယ့် ဥပဒေဆိုတာ မရှိတော့ ဘူးလား။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးတဲ့အတွက် လူသားချင်း စာနာထောက်ထားပြီး ကာကွယ်ပေးဖို့ ဥပဒေပြင်ဆင်တာ ပြဋ္ဌာန်းတာတွေကို လွှတ်တော်မှာ လုပ် ဖို့သင့်ပြီ” ဟု သုံးသပ်ပြောဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်များကို ဒဂုံ မြို့နယ်ရဲစခန်းမှ (ပ)၃၃/၁၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်းနှင့် ပြစ် မှုမြောက်ပါ က ထောင် ဒဏ် တစ် ရက် မှ ခုနစ်ရက်အထိ ဖြစ်စေ၊ ငွေဒဏ် ငါးထောင်မှ ငါးသောင်းအထိဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ထပ်မံပြောကြား ခဲ့သည်။
အလုပ်သမား နစ်နာမှုများကို ကူညီဆောင်ရွက်ပေးသူ ကြည့်မြင်တိုင်မြို့နယ် မှ ကိုထွန်းအောင်ကျော်က ၀န် ထမ်းတွေ မနစ်နာရေးအတွက် ILO ရုံးများကို တင်ပြပြီး ရှေ့နေများဖြင့် ကြိုးစားဆောင် ရွက်ပေး သွားမည်ဟု ပြောကြားခဲ့သည်။
Saturday, March 2, 2013
ဟံသာဝတီ ယဉ်ရောင်းဝယ်ရေးစခန်း အ၀င်ပိတ်ပင်မှုကြောင့် ဆန္ဒထုတ်ဖေါ် ...
မတ်တ ၁ ရက်နေ့ တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း အ၀င် အား ပိတ်ပင်တားမြစ်ခြင်းကြောင့် ဆန္ဒဖေါ်ထုတ်မှု့များ ဖြစ်ပေါ်ခဲ့ သည်။ " အစ်ကို တို့ ဖြစ်စေချင်တာ က ဒီ ယဉ်ရောင်းဝယ်ရေးစခန်း က တာဝန်ရှိတဲ့သူရယ် စည်ပင်က တာဝန်ရှိတဲ့သူရယ် ဆွေးနွေးညှိနှိုင်းစေချင်တာပါ ။ ဒါ ကို ဆွေးနွေးလို့ မပြီးသေးပဲ ပိတ်လိုက်တယ်ဆိုတော့ ဆန္ဒ ဖေါ်ထုတ်မှု့တွေ ဖြစ်ပေါ်လာတာပါ " ဟု ယဉ်ရောင်းဝယ်ရေးစခန်းမှ ကိုအေးကျော်မှ ပြောကြားသွားခဲ့ သည် ။ " ကားပွဲစားတန်း ဆန္ဒပြတယ် ဆိုတာ တစ်ချို့က နားမလည် တော့ ကားပွဲစားတွေချည်းပဲ ဆန္ဒပြတယ် ထင်နေတာပါ ။ တကယ်ဆို အစ်ကိုတို့ က ဒီနားမရောင်းရလဲ ဘယ်နားရောင်းရောင်း ၊ ဘယ်နားပြောင်းပြောင်း အရေးမကြီးပါဘူး ...။ ဒါပေမဲ့ ဒီဝန်းထဲမှာ မှီခိုနေရတဲ့ လက်လုပ်လက်စားဈေးသည်တွေ အများကြီး ရှိပါတယ် ။ သူတို့တွေ အတွက်ပါ ထည့်တွက်ရမှာပါ။ အားလုံး ပြေပြေလည်လည်ဖြစ်အောင် ဆွေးနွေးနေပါတယ် ။ ဒါကို ဆွေးနွေးလို့ မပြီးသေးပဲ ၀န်းကို ပိတ်လိုက် ပြီးတော့ ကားတွေ အထွက်ပဲ ရမယ် ၊ အ၀င်မရတော့ဘူး ဆိုပြီး လုပ်လာပါတယ် ။ ဒါ့ကြောင့် ဆန္ဒဖေါ်ထုတ်ကြတာပါ။ ခပ်စောစောကဆို တင်းမာမှု့တွေတောင် ဖြစ်သွားသေးတယ် " ဟု ကားဝန်းအတွင်းမှ ၀ယ်ရောင်း တစ်ဦးမှ ပြောကြားသွားခဲ့ သည်။
Thursday, February 21, 2013
သက်ကြီး ပန်းချီ ပန်းပု ပညာရှင်ကြီးများအား ပုံတူ ပန်းပု ပန်းချီ ထုလုပ်ရေးဆွဲခြင်း
ပန်းချီ ရွှေမြင့် ၊ ပန်းချီ သာဆန်း နှင့် ကျော်ကျော်မင်း (ပန်းပု) တို့မှ Plus Three Stars အမည်ဖြင့် Art &
Sculpture Exhibition ကို လောကနတ် ပန်းချီခန်းမ (ပန်းဆိုးတန်းXကုန်သည်လမ်း) တွင် ဖေဖေါ်ဝါရီ ၂၅
မှ မတ်လ ၂ ရက်နေ့အထိ ပြုလုပ် ကျင်းပသွားမည် ဖြစ်ပါသည်။
ပြပွဲ အစီအစဉ်များမှာ - ၂၅-၂-၂၀၁၃ ရက်နေ့တွင် ပန်းချီဆရာကြီး စတားဦးမြသန်း ၊ ၂၆- ရက်နေ့တွင်
ပန်းချီဆရာကြီး ဦးဘ၀င်း ၊ ၂၇ - ရက်နေ့တွင် ပန်းပု ဆရာကြီး ဦးလွင်မောင် ၊ ၂၈ - ရက်နေ့တွင်
ပန်းချီဆရာကြီး ဦးရောက်စီတင်ဦး ၊ မတ်လ ၁ - ရက်နေ့တွင် ပန်းချီဆရာကြီး ဦးလှမြင့်ဆွေ ၊ ၂ -
ရက်နေ့တွင် ပန်းချီ ဆရာကြီး ဦးရှိန်ထွန်း တို့၏ ပုံတူ ပန်းချီနှင့် ပန်းပုများကို ပန်းချီ ရွှေမြင့်နှင့်
ကျော်ကျော်မင်း (ပန်းပု) တို့မှ လက်တွေ့ရေးဆွဲ ဂုဏ်ပြုထုလုပ်ကြမည် ဖြစ်ပါသည်။
ဆရာကြီးများ သည် တခေတ် တခါက အောင်မြင်ကျော်ကြားခဲ့သော ကျေးဇူးရှင် ပန်းချီ ၊ ပန်းပု ဆရာကြီး
များဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ ဖြစ်သည့်အပြင် အဖေဆရာ ၊ အဖိုး
ဆရာများ ဖြစ်ကြပါသည်။ ရေးဆွဲထုလုပ် သော ပန်းချီကားများနှင့် ပန်းပု ရုပ်ထုများကို ဆရာကြီးများ အား
ဂုဏ်ပြုပေးအပ်မည်ဖြစ်ပြီး ဆရာကြီးများမှလည်း အလုပ်ရုံ ဆွေးနွေးပွဲ ပုံစံဖြင့် ပန်းချီ ၊ ပန်းပု
ပညာအကြောင်းများ ပြန်လည် ဟောပြောပြီး ရေးဆွဲ သင်ကြားပေး၍ မျိုးဆက်သစ်များသို့ ပညာ
အမွေ ပေးမည်ဖြစ်ပါသည် ။ ဆရာကြီးများ၏ ပန်းချီနှင့် ပန်းပုရုပ်တုများသည် နောင်အနာဂါတ်တွင်
ဆရာကြီးများ၏ သမိုင်းအထောက်အထား များ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည် ။ ဆရာကြီးများ သက်ရှိထင်ရှား
ရှိပြီး ကျန်းမာရေး ကောင်းစဉ်ကာလတွင် သမိုင်း အထောက်အထားများ ရယူပြီး ဆရာကြီးများ ကို
ဂုဏ်ပြုကြောင်း စိတ်ဓာတ်ရေးရာအရ ထောက်ခံကြောင်း ဆရာကြီးများ မျက်ဝါးထင်ထင်
တွေ့မြင်ရမည်ဖြစ်သည် ။ သို့ဖြစ်ပါ၍ ပန်းချီ ပန်းပုချစ်သူများ အား ကြွရောက်ပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည် ။
ကျော်ကျော်မင်း (ပန်းပု)
Sunday, February 17, 2013
SingTel ကုမ္ပဏီ မြန်မာနိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံမည်။
အရှေ့တောင်အာရှ၏
အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Sing Tel သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
စင်ကာပူ၏ ထိပ်သီးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Sing Tel အနေဖြင့်မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ဝင်ရောက်ပြီး နိုင်ငံတကာ ကုမ္ပဏီများ၊ ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ဈေးကွက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Bloomberg သတင်းဌာနမှ ဖော်ပြထားသည်။
Sing Tel အနေဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းရောင်းချခွင့် လိုင်စင်ရယူရန် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းမှ စတင်၍ ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး တင်ဒါရယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး ဈေးကွက်သို့ ဝင်ရောက်လိုမှုနှင့် ပတ်သက်ပြီး
Sing Tel ၏ CEO Chua Sock Koong က ''ဈေးကွက်ချဲ့ထွင်မှုအတွက် အတွေ့အကြုံကောင်းတစ်ခုကို ရှာဖွေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဈေးကွက်က အတော့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ အကြောင်းအရာတွေကို သိရှိနားလည်ဖို့တော့ လိုပါတယ်'' ဟု မီဒီယာနှင့် တွေ့ဆုံခြင်းတွင် ပြောကြားခဲ့သည်။
Sing Tel ကုမ္ပဏီမှာ အာရှဈေးကွက်တွင် အောင်မြင်မှုရရှိနေပြီး ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံများတွင် ကြီးမားသည့် ဈေးကွက်ကို ပိုင်ဆိုင်ထားသည်။ စင်ကာပူအခြေစိုက် Sing Tel ကုမ္ပဏီအနေဖြင့်မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းရောင်းချခွင့် ရရှိခဲ့ပါက ပြည်တွင်းကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး ဝန်ဆောင်မှုများအတွက် ပြည်တွင်းပြည်ပမှ ဝန်ဆောင်မှုပေးလိုသည့် စိတ်ပါဝင်စားသူများအား လုပ်ငန်းလိုင်စင် တင်ဒါအတွက် စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာများ ပေးပို့ရန် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ဖိတ်ခေါ်ထားသည်။
ထိုသို့ ဖိတ်ခေါ်ရာတွင် ပြည်ထောင်စုအစိုးရမှ ဖွဲ့စည်းထားသည့် Telecommunication Operator တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီမှနေ၍ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသည့် Operator များထံသို့ စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (Expression of Interest-EOI)ပေးပို့ရန်အတွက် ဖိတ်ခေါ်ထားခြင်း ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် နှစ်ဝက်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခုအား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ဝင်စားမှုဖော် ပြခြင်းလျှောက်လွှာ (Expression of Interest-EOI) လျှောက်ထားခြင်းအား ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား၍ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ ဆောက်ရွက်ရခြင်းဖြစ်ပြီး ထုတ်ပြန်မှုများအရ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ စုစုပေါင်း ၉ဝ ကျော်လျှောက်ထားခဲ့ကြောင်း သိရသည်။

Spitfire လေယာဉ်များ ပြန်လည်ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီ။
မြန်မာနိုင်ငံ၌
ဒုတိယကမ္ဘာစစ်အတွင်း က ဗြိတိသျှ တပ်မှ မြှုပ်နှံ ထားခဲ့ သည်ဟု ယူဆရသော စပစ်ဖိုင်း
ယားလေ ယာဉ် များကို ရှာဖွေ မှု ကို ယနေ့  ရပ် ဆိုင်း လိုက် ပြီ ဖြစ်သည်။
ထိုရှာဖွေ
မှု ကို War Gaming ကုမ္ပဏီ က ငွေကြေး စိုက် ထုတ် ပေး ခြင်း ဖြစ်ရာ ကုမ္ပဏီ က ရှာဖွေ
မှု ကို ယနေ့  ရပ်တန့်  လိုက်သည် ဟု သတင်း ထုတ် ပြန် သည်။
ဒုတိယကမ္ဘာ
စစ် အတွင်း က ဗြိတိသျှ တော်ဝင် လေတပ် စခန်း ချရာ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် အနီး ရှာ
ဖွေ မှု များ ကို စတင် ခဲ့ ခြင်း ဖြစ်သည်။
၃
လာနီးပါးကြာ ရှာဖွေ မှု အတွင်း မည်သည့် သဲလွန် စများ ကို မှ မတွေ့ ရှိရ ၍ ရှာဖွေမှု
ကို ရပ် ဆိုင်း လိုက် ခြင်း ဖြစ်သည် ဟု War Gaming မှ Tracy Spaight က ပြောသည်။
Spitfire
ရှာဖွေ မှု ကို ရွှေတောင်ပေါ်ကုမ္ပဏီနှင့် မြန်မာ အစိုးရတို့ ၂၀၁၂ ခုနှစ်အောက် တိုဘာလ
အတွင်းက သဘောတူ စာချုပ် ချုပ်ဆို ခဲ့ရာ ယင်းစီ မံကိန်းအောင်မြင် ပါက မြန်မာအစိုးရက
အကျိုး အမြတ် ၅၀ ရာ ခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းနှင့် ဗြိတိန်
နိုင်ငံမှ လေကြောင်းရေးရာ ကျွမ်းကျင်သူ လေ့လာရေးသမား ဒေးဗစ်ကင်ဒယ် က၃၀
ရာခိုင်နှုန်း ခွဲဝေရယူကြမည် ဖြစ်သည်။
ရှာဖွေ
ရေး အဖွဲ့  ခေါင်းဆောင် မစ္စတာဒေးဗစ်ကင်ဒယ် က မူ ထို ရှာဖွေ မှု ရပ် ဆိုင် လိုက်သည်
ဆိုသည့် ဆုံး ဖြတ် ချက် ကြောင့် စိတ်မသက် သာ ဟု ပြောသည်။
ရှာဖွေ
မှု သည် ရန်ကုန် နှင့် ကချင် ပြည်နယ် တွင် ပြု လုပ် ခဲ့ ခြင်း ဖြစ်ပြီး ရှာဖွေ
တူးဖော် မှု များ ဉ် ရွှံ့ သာ တွေ့ သည် ဟု ဆိုသည်။
ဗြိတိသျှ
စစ်ဦးစီးချုပ် လောဒ် မောင်ဘက်တန် ၏ အမိန့်  အရ စပစ် ဖိုင်းယား လေယာဉ်များ ကို
ကြွင်း တူးမြုပ် နှံ စဉ် က ရှိ နေခဲ့သည့် အသက် ၉၀ ကျော် အရွယ် စတန်လေ ကွမ်ဘီ လည်း
ရှာဖွ တွင် လိုက်ပါခဲ့သည်။
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...