Wednesday, March 27, 2013

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ၂၇ မတ် ၂၀၁၃

U Ye Htut 's facebook
from U Ye' Htut's Facebook
U Ye' Htut's facebook
Photo - AFP

Photo AFP

Photo AFP

Photo AFP


fotomojaw The VOICE



Photo AFP

U Ye Htut 's facebook 


ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသခဲ့သည်။ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိရေးနှင့် လိုက်နာဆောင်ရွက်ရန်အတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနှင့်အတူ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီးစုစည်းညီညွတ်သည့် ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု ကတိတည်မှုနှင့် တိုင်းရင်းသားပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာများ ထားရှိရန် လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုလိုလားကြောင်း၊ ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ဖြင့် ချီတက်ရာ၌ တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိကြရန် ဥပဒေကို လေးစားလိုက်နာကြရန် အရေးကြီးကြောင်း၊ တပ်မတော်အနေဖြင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားကြောင်း၊ တပ်မတော်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေစီကျင့်စဉ်များနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့ပါသည်။


မြန်မာ့တပ်မတော်သမိုင်းကြော
င်းတွင် မည်သည့်အခါမျှ လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၆၈ နှစ်မြေက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောကြားသည်။
"လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဆိုတာ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

တပ်မတော်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းအား လေးစားလိုက်နာလျက်ရှိသဖြင့်မည်သည့်စစ်ရာဇ၀တ်မှုကိုမျှ ကျူးလွန်ခြင်းမရှိသကဲ့သို့ စည်းကမ်းဖောက်ဖျက်သော စစ်သည်များရှိပါကလည်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိအစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသကဲ့သို့ မိမိတို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို အခြားသူများထက် ပို၍လိုလားသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

"နိုင်ငံတော်က တပ်မတော်အတွက် ဘယ်တုန်းကမှမဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ တပ်မတော်ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို လိုလားတယ်။ အရင်ကလို တိုင်းပြည်ထိခိုက်နစ်နာမှုတွေဖြစ်မှာကို မလိုလားဘူး" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

အဆိုပါ တပ်မတော်နေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ၊ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဂုဏ်ပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ယခုနှစ်တွင် သံချပ်ကာ ကားများ ၊ အမြောက်များ ၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံများ ပါဝင်သော စစ်ကြောင်းဖြင့် ၆၈ နှစ်မြောက် တပ်မတော်နေ့ အား ဂုဏ်ပြုခဲ့ပြီး အဆိုပါစစ်ကြောင်းအား အောင်ဆန်းစစ်ကြောင်း ဟု အမည်ပေးထားသည်။ အဆိုပါ အောင်ဆန်းစစ်ကြောင်း ဟု အမည်ပေးရခြင်းမှာ ကြီးမား လေးနက်သော အဓိပ္ပါယ်ကို ဆောင်ပါကြောင်း ဦးရဲထွဋ်၏ FaceBook တွင် ဖော်ပြထားသည်။

ref:     : eleven , 7days



ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး အဖြစ် တိုးမြင့်တာဝန်ယူ



နိုင်ငံတော်၏ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အား ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဆင့်မှ ဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအား ဒုတိယဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း မတ် ၂၅ရက်က တိုးမြှင့်လိုက်ကြောင်းသိရသည်။

အဆိုပါရာထူးအဆင့်အသစ်များဖြင့် ၆၈နှစ်မြောက်တပ်မတော်နေ့ (ဖက်ဆစ် တော်လှန်ရေးနေ့) အခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး မေမြို့ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ဗိုလ်ချုပ်မှူးကြီးတစ်ဦး ဖြစ်လာမည် ဖြစ်သည်။

အလားတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကိုလည်း ဒုဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ 

Ref : MM EXp


အကြမ်းဖက်မှု့များ မဖြစ်ပေါ်အောင် ပါတီများအနေဖြင့် ထိန်းသိမ်းပေးရန်လိုကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား


ရန်ကုန်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်ဖက်မှုဖြစ်အောင် လှုံ့ဆော်နေတဲ့ ဖြစ်ရပ်တချို့မှာ အောက်ခြေ နိုင်ငံရေးပါတီဝင်တချို့ ပါဝင်နေတာတွေ့ရတဲ့အတွက် ပါတီတွေအနေနဲ့ ထိန်းသိမ်းပေးဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒီနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်ဦးမြင့်ဆွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဒီပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သဘောတူတယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
 
ဦးဥာဏ်ဝင်း
ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့က တချို့နေရာတွေမှာ ရန်ကုန်မှာ အခုလတ်တလောဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေမှာ အောက်ခြေပါတီဝင်တချို့ ပါတာ တွေ့တယ်တဲ့။ ဘယ်ပါတီလဲဆိုတာ မပြောဘူး။ အဲဒါတွေ ထိန်းသိမ်းပေးဖို့၊ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့။ အဲဒါတွေပြောတယ်။ ကျနော်တို့ကလည်း ဒါကို သဘောတူပါတယ်။ ကျနော်တို့ဆီက လုံခြုံရေးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ ရပ်မိရပ်ဖတွေနဲ့ ဒီလိုအဖြစ်အပျက်တွေ မကြီးထွားလာအောင် ဆောင်ရွက်ကြဖို့ မနေ့ကတည်းက ညွှန်ကြားချက်ထုတ်ပြီးသားပါ။ ဒါတွေဆွေးနွေးပါတယ်။ တခြားပါတီတွေကလည်း ဒီကိစ္စနဲ့ တိုက်ရိုက်မဆိုင်သော်လည်း စိတ်ဝင်စားတာလေးတွေ ဆွေးနွေးကြပါတယ်။”
အခု ရန်ကုန်အနေအထားကရော ဘယ်လိုရှိပါလဲ။
“ကျနော် နေရာအနှံ့တော့ မရောက်ဘူး။ ကျနော်မြင်ရတဲ့နေရာတော့ အေးချမ်းသွားပြီ၊ အရင်ရက်တွေလောက် စိုးရိမ်ပူပန်မှုနည်းသွားပြီ။ မရှိတော့ဘူး။”
မနေ့က ဘာကြေညာချက်ထုတ်ပြန်ထားတာပါလဲ။
“မနေ့က ရန်ကုန်တိုင်းအနေနဲ့ မြို့နယ်တွေကို ညွှန်ကြားတယ်။ ဒီလိုကိစ္စတွေမှာ မိမိနဲ့ မဆိုင်တာမှာ ပါဝင်ပတ်သက်မှု မရှိဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စာထုတ်တာပါ။”
တွေ့ဆုံပွဲမှာ မွတ်စလင် ပါတီ ၂ ပါတီကလည်း ဆွေးနွေးတယ်ပြောတယ်။ သူတို့ရော ဘာဆွေးနွေးဖြစ်ကြလဲ။
“သူတို့ကတော့ သူတို့က တိုင်းရင်းသားပါပဲ၊ နိုင်ငံသားပါပဲ။ ဘာသာမတူတာပဲရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။ ဒါတွေ ဆွေးနွေးတင်ပြပါတယ်။”
ဝန်ကြီးတွေပြောသွားတဲ့အထဲ၊ လုံခြုံရေးဝန်ကြီးတို့ပြောသွားတဲ့အထဲ ရန်ကုန်လုံခြုံရေးနဲ့ ပတ်သက်လို့ တင်ပြသွားတာမှာ စိတ်ကျေနပ်မှုရှိလား။
“လုံခြုံရေးအတွက် ဘယ်လိုစီမံထားတယ်ဆိုတာတော့ မပြောဘူး။ သို့သော် လုံခြုံရေးအတွက် လုပ်နေတယ်။ ရန်ကုန်ဟာ အရေးကြီးတဲ့နေရာတခုပဲ။ ရန်ကုန်မှာ ဖြစ်ခဲ့ရင် ကျန်တဲ့နေရာတွေ ကူးစက်လွယ်တယ်ပေါ့။ ဒါကြောင့် ရန်ကုန်မဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောတယ်။”
တခြားဖြည့်စွက်ပြောလိုတာရှိရင်ပြောပေးပါ။
“အဓိကကတော့ နိုင်ငံရေးပါတီတွေအားလုံး မီးပွားကနေ မီးမလောင်အောင်၊ စိုးရိမ်ကြောင့်ကြနေရတဲ့အဖြစ်တွေ မဖြစ်ရအောင် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တဲ့ပွဲလို့ ပြောရင်ရတယ်။”

Credit to DVB

ပုဂ္ဂလိက သတင်းစာများ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်ရှု့ရတော့မည်။


ယခင် ထုတ်ဝေခွင့်ရရှိသော သတင်းစာများမှာ  မဇ္ဇျိမ၊  ခေတ်မိုး၊ ပြည်ထောင်စုနေ့စဉ်၊ ရွှေနိုင်ငံသစ်၊ အင်ပါယာ၊ The Messenger ၊ မြန်မာနယူးစ်ဝိခ်၊ နောက်ဆုံးရနေ့စဉ်သတင်းစာ တို့ ဖြစ်သည်။ ထို့ကြောင့် ယခု လက်ရှိတွင် ထုတ်ဝေခွင့်ရ နေ့စဉ်သတင်းစာ ၁၆ စောင်အထိရှိပြိဖြစ်သည်။

ကောလဟာလနှင့် သွေးထိုးစကား ပြောမည်ဆိုပါက၊ ကောလဟာလနှင့် သွေးထိုးစကား ကြားရပါက (သို့ ) အပြောခံရပါက။

ကောလဟာလနှင့် သွေးထိုးစကား ပြောမည်ဆိုပါက၊ ကောလဟာလနှင့် သွေးထိုးစကား ကြားရပါက (သို့ ) အပြောခံရပါက။


၁။ အကြောင်းအရာ အဖြစ်အပျက်ကို မှန်သည် မှားသည်ကို ချက်ချင်း မသုံးသပ် မဆုံးဖြတ်ပါနှင့်။ 

၂။ အချိန်ခေတ္တယူပြီး သုံးသပ်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော အချက်အလက်များ တိကျခိုင်မာသော အချက်အလက်များ ပိုမို ပြည့်စုံအောင် ဆောင်ရွက်ပါ။ 

၃။ သူစိမ်းဖြစ်စေ ရင်းနှီးသူဖြစ်စေ မည်သူပြောသည်ဖြစ်စေ ပုဂ္ဂိုလ်ဘက်လိုက်မှုအပေါ် အခြေခံ၍ မဆုံးဖြတ်ပါနှင့်။ 

၎။ ကိုယ်သာ ကိုယ့်လူသာ ကိုယ့်လူမျိုးသာ ကိုယ့်ဘာသာသာ ကိုယ့်ယုံကြည်ခံယူချက်သာ ကိုယ်သာ အမှန်ဖြစ်ရမည်ဟူသော တစ်ဘက်သတ်ဖြစ်မှုအား ရှောင်ရှားတွေးတောပါ။ 

၅။ မိမိကိုယ်တိုင် စုံစမ်းပါ၊ မျက်မြင်ကိုယ်တွေ့ ဖြစ်အောင် ကြိုပမ်းပါ။ 

ဒီသင့်တော်တဲ့ သိသင့်သိထိုက်တဲ့ အခြေအနေ အနေအထားတွေ မရှိဘဲနဲ့  - 

လူတစ်ယောက်ကို မုန်းရမလားဆိုရင် ဘာကြောင့် မုန်းတီးသင့်တာလည်း၊ လူတစ်ယောက်ကို ရိုက်ပုတ်သတ်ဖြတ်ဆိုရင် ဘာကြောင့် ရိုက်ပုတ်သတ်ဖြတ်ရမှာလည်း၊ လူတစ်ယောက်ကို သတ်ဆိုရင် ဘာကြောင့် သတ်ရမှာလည်း၊ မုန်းတီး ရိုက်ပုတ်သတ်ဖြတ်မှု လုပ်ရင် လုပ်သင့်လုပ်ထိုက်သလား၊ မုန်းတီး ရိုက်ပုတ် သတ်ဖြတ်ဖြစ်ရင်တောင် ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်သလား။ မုန်းတီး ရိုက်ပုတ် သတ်ဖြတ်တာဟာ ပဋိပက္ခတစ်ခု ပပျောက်ဖို့  စစ်မှန်တဲ့ ဖြေရှင်းခြင်း ဟုတ်ရဲ့ လား ဆိုတာတွေကို ကိုယ့်ဖာသာ သုံးသပ်ကြည့်ပါ။ 

ဒီနေရာမှာ - အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဆိုကရေးတီးရဲ့  ပြောကြားချက်နဲ့  သုံးသပ်ဆုံးဖြတ်ချက်ကို အတုယူထိုက်မှုကို သာဓက ပြောပြလိုပါတယ်။ 

ရှေးခေတ် ဘီစီ ၄၆၉ နဲ့  ၃၉၉ အချိန်ကြားကာလတစ်ခုမှာ ဆိုကရေးတီးဟာ အလွန်ထင်ရှားကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ တစ်နေ့ မှာ ဆိုကရေးတီးကို အခြားသောပုဂ္ဂိုလ်တစ်ဦးက လာပြောပါတယ်။ “ဆိုကရေးတီး …. ငါ မင်းရဲ့  တပည့်တစ်ယောက်အကြောင်း ဘာကြားလည်းဆိုတာ မင်းသိသလား” လို့  စတင်ပြောပါတယ်။ 

ဒီအခါမှာ ဆိုကရေးတီးက … “နေဦး နေဦး .. မင်း ကြားတဲ့ အကြောင်းအရာ ငါ့ကို မပြောခင်မှာ … ငါ အနေနဲ့  မင်းကို အရင်ဆုံး မေးချင်တယ်” လို့  ပြောပါတယ်။ 

ဒါနဲ့  ဆိုကရေးတီးက “မင်း မပြောပြခင် ငါအနေနဲ့  သိလိုတာ မေးခွန်းလေး ၃ ခွန်းလောက် မေးပါရစေ” ဆိုပြီး - 

၁။ မင်း ငါ့ကို ပြောပြမယ့် အကြောင်းအရာဟာ အမှန်တကယ် မှန်ကန်ပါတယ်လို ခိုင်လုံစွာ ပြောလို့ ရအောင် မင်းကိုယ်တိုင် မြင်တွေ့  ကြုံတွေ့ ခဲ့ရတာလား၊ ဒါမှ မဟုတ် အခြားသူထံက မင်းကြားရုံ ကြားသိခဲ့ရတာလား။ 

၂။ မင်း ငါ့ကို ပြောပြမယ့် အကြောင်းအရာဟာ အဆိုပါ အပြောခံရသူအတွက် အကျိုးယုတ်စေသော အကြောင်းအရာ ဖြစ်ပါသလား။ အကျိုးယုတ်စေမယ့် အကြောင်းအရာဆိုရင်တောင် အဆိုပါ အကြောင်းအရာဟာ ပထမမေးခွန်းပါအတိုင်း မှန်ကန်မှုရှိတယ်လို့  မပြောနိုင်ဘဲနဲ့  အဆိုပါသူအတွက် အကျိုးယုတ်ပြောမယ့်ဟာသည် ဆက်လက် မှန်ကန်နိုင်ပါ့မလား။ 

၃။ မင်းပြောပြမယ့် အကြောင်းအရာဟာ ငါ့အတွက် ကောင်းကျိုးပြုစေမယ့် အရာ ဖြစ်ပါသလား။ 

ဒီမေးခွန်း ၃ ခုကို အရင် ဖြေကြားပါလို့  ဆိုကရေးတီးက ပြောကြားတဲ့နောက်မှာတော့ - မှန်ကန်မှုကိုလည်း မခိုင်လုံဖူး၊ ကောင်းမွန်မှုလည်း မရှိဖူး၊ ကောင်းကျိုးတရားလည်း မရှိနိုင်ဖူးဆိုရင်တော့ ဒီလို စကားမျိုးကို ပြောကြားမယ့်သူကိုယ်တိုင်ကလည်း ပြောသင့် မပြောသင့်ကို ဆင်ခြင်သင့်သလို၊ လက်ခံနားထောင်မယ့်သူကလည်း နားထောင်ရန် ငြင်းပယ်သင့်ပါတယ် (သို့ ) မှားယွင်းစွာသုံးသပ်ဆုံးဖြတ်မှုကို ရှောင်ကြဉ်သင့်ပါတယ်။ 

ဘယ်သူလည်း ဘာကြောင့်လည်း ဘယ်နေရာမှာလည်း ဘယ်အချိန်ကလည်း ဘယ်လိုဖြစ်တာလည်း ဘယ်သူတွေ မျက်မြင်ရှိသလည်း ဘယ်အချက်တွေ သက်သေခိုင်ခိုင်လုံလုံရှိသလည်း အစရှိတဲ့ မေးခွန်းတွေ မေးလို့  သိရရင်တောင်၊ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့  ကြုံတွေ့ ရရင်တောင် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်မှ တော်ကာကျတယ်ဆိုတာကို ကောလဟာလနှင့် သွေးထိုးစကား ကြားရပါက (သို့ ) အပြောခံရပါက သတိတရား အသိတရားနှင့် ရှိကြစေရန် မေတ္တာစကား ပါးလိုက်ရပါတယ်။ 

ကောလဟာလနှင့် သွေးထိုးစကား ပြောလိုသူများ ဆင်ခြင်တရား ရှိကြပါစေ၊ ကောလဟာလနှင့် သွေးထိုးစကား ကြားရ အပြောခံရသူများလည်း မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်ကြပါစေ။ 

မိသားစုအတွင်း ငြိမ်းချမ်းကြပါစေ၊ လူမှုအဖွဲ့ အစည်းအတွင်း ငြိမ်းချမ်းကြပါစေ၊ တိုင်းပြည်ရပ်ကွက်မြို့ တိုင်းအတွင်း ငြိမ်းချမ်းကြပါစေ …… 

နစ်နေမန်း။ မူရင်း

Monday, March 25, 2013

Xcite Music Show @ Mya Yeik Nyo 5-4-2013 Friday 6:30PM

Xcite Music Show အား The Trees Music Band နှင့်အတူ အာဇာနည် ၊ ဥာဏ်လင်းအောင် ၊ ချမ်းချမ်း ၊ နီနီခင်ဇော် ၊ ဗန်သာဒ်ကျင်း ၊ Hip-Hop အဆိုတော်များဖြစ်သော ဂျောက်ဂျက် ၊ ကျော်ထွဋ်ဆွေ ၊ Snare ၊ လွှမ်းပိုင် ၊ စန္ဒီမြင့်လွင် ၊ Bobby Soxer ၊ မိစန္ဒီ တို့ က ပါဝင်သီဆိုပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Music Show ပွဲအား ၅-၄-၂၀၁၃ ညနေ ၆နာရီခွဲမှ စတင်ကာ မြရိပ်ညို Hotel တွင် ကျင်းပမည်ဖြစ်ပြီး လက်မှတ်များကို မန်းသီရိ တေးသံသွင်း ၊ တော်ဝင်စင်တာ (ပြည်လမ်း ) ၊ စီးတီးမတ် နှင့် အိုးရှင်း ဆိုင်ခွဲများ အားလုံး ၊ ကိုကိုညီညီ ဗျူးတီးဆလွန်း ၊ ဒဂုံစင်တာ ၊ Gadged Ocean (ဘားလမ်း) တို့တွင် ၆၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ကြပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။






Sunday, March 24, 2013

အဆိုတော် ဖြူသီ ၏ မိုင်ပေါင်းကုဋေမှ လမ်းပြကြယ်သို့ ... Live Show

အဆိုတော် ဖြူသီ၏ မိုင်ပေါင်းကုဋေမှ လမ်းပြကြယ်သို့ Live Show အား အမျိုးသားကဇာတ်ရုံ၌ ၂၄-၃-၂၀၁၃ နေ့တွင် အဆိုတော် ဖြူသီနှင့် အတူ အခြား အဆိုတော်များမှ ပါဝင် အားဖြည့်သီဆိုပေးသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။



နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS