|
U Ye Htut 's facebook
|
from U Ye' Htut's Facebook |
|
U Ye' Htut's facebook |
|
|
Photo - AFP |
|
Photo AFP |
|
Photo AFP |
|
Photo AFP |
|
fotomojaw The VOICE |
|
Photo AFP |
|
U Ye Htut 's facebook |
ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၆၈ နှစ်မြောက်
တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင်
စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသခဲ့သည်။ အခမ်းအနားသို့ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် တပ်မတော်အနေဖြင့်
ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်
အဓိကတာဝန်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိရေးနှင့် လိုက်နာဆောင်ရွက်ရန်အတွက်
တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနှင့်အတူ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီးစုစည်းညီညွတ်သည့် ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု
ကတိတည်မှုနှင့် တိုင်းရင်းသားပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာများ ထားရှိရန် လိုအပ်ကြောင်း၊
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုလိုလားကြောင်း၊ ယနေ့အချိန်တွင်
ဒီမိုကရေစီစနစ်ဖြင့် ချီတက်ရာ၌ တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက
စည်းကမ်းရှိကြရန် ဥပဒေကို လေးစားလိုက်နာကြရန် အရေးကြီးကြောင်း၊ တပ်မတော်အနေဖြင့် စည်းကမ်းပြည့်ဝသည့်
ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားကြောင်း၊ တပ်မတော်သည် နိုင်ငံတော်
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေစီကျင့်စဉ်များနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့ပါသည်။
မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် မည်သည့်အခါမျှ လူမျိုးတုန်းသတ်ဖြတ်မှုများ
ပြုလုပ်ခြင်းမရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၆၈ နှစ်မြေက်
တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောကြားသည်။
"လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဆိုတာ
တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်" ဟု
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
တပ်မတော်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းအား
လေးစားလိုက်နာလျက်ရှိသဖြင့်မည်သည့်စစ်ရာဇ၀တ်မှုကိုမျှ ကျူးလွန်ခြင်းမရှိသကဲ့သို့ စည်းကမ်းဖောက်ဖျက်သော
စစ်သည်များရှိပါကလည်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ
အရေးယူလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိအစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို
လိုလားသကဲ့သို့ မိမိတို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို အခြားသူများထက်
ပို၍လိုလားသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း အဆိုပါပုဂ္ဂိုလ်က
ပြောသည်။
"နိုင်ငံတော်က တပ်မတော်အတွက်
ဘယ်တုန်းကမှမဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ တပ်မတော်ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို
လိုလားတယ်။ အရင်ကလို တိုင်းပြည်ထိခိုက်နစ်နာမှုတွေဖြစ်မှာကို မလိုလားဘူး" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
အဆိုပါ တပ်မတော်နေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဌ ၊ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်
ဂုဏ်ပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ယခုနှစ်တွင် သံချပ်ကာ ကားများ ၊ အမြောက်များ ၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံများ ပါဝင်သော စစ်ကြောင်းဖြင့် ၆၈ နှစ်မြောက် တပ်မတော်နေ့ အား ဂုဏ်ပြုခဲ့ပြီး အဆိုပါစစ်ကြောင်းအား အောင်ဆန်းစစ်ကြောင်း ဟု အမည်ပေးထားသည်။ အဆိုပါ အောင်ဆန်းစစ်ကြောင်း ဟု အမည်ပေးရခြင်းမှာ ကြီးမား လေးနက်သော အဓိပ္ပါယ်ကို ဆောင်ပါကြောင်း ဦးရဲထွဋ်၏ FaceBook တွင် ဖော်ပြထားသည်။
ref: : eleven , 7days
No comments:
Post a Comment