ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး အဖြစ် တိုးမြင့်တာဝန်ယူ



နိုင်ငံတော်၏ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အား ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဆင့်မှ ဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအား ဒုတိယဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း မတ် ၂၅ရက်က တိုးမြှင့်လိုက်ကြောင်းသိရသည်။

အဆိုပါရာထူးအဆင့်အသစ်များဖြင့် ၆၈နှစ်မြောက်တပ်မတော်နေ့ (ဖက်ဆစ် တော်လှန်ရေးနေ့) အခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး မေမြို့ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ဗိုလ်ချုပ်မှူးကြီးတစ်ဦး ဖြစ်လာမည် ဖြစ်သည်။

အလားတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကိုလည်း ဒုဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ 

Ref : MM EXp


Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ