Saturday, April 6, 2013
မောင် ယုံလား နှစ်ယောက်မရှိဘူး... မေဆွိ၊ဟေမာနေ၀င်း၊ထွန်းအိန္ဒြာဗို .. SHOW ပွဲ မိတ်ဆက်
နာမည်ကြီး အမျိုးသမီး တေးသံရှင်များဖြစ်သော မေဆွိ ၊ ဟေမာနေ၀င်း နှင့် ထွန်းအိန္ဒြာဗို တို့၏ နာမည်ကျော်သီချင်းများကို ဖျော်ဖြေပေးမည့် မောင်ယုံလားနှစ်ယောက်မရှိဘူး ရှိုးပွဲအား ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် APRIL 27 2013 တွင် ည ၇ နာရီ အချိန်မှ စတင်ကာ ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။ လက်မှတ်များကို ၃၀၀၀၀ ၊ ၂၀၀၀၀ ၊ ၁၅၀၀၀ ၊ ၇၀၀၀ ကျပ်နှုန်းများဖြင့် ၀ယ်ယူအားပေးနိုင်မည်ဖြစ်ကြောင်း မဆွေ ၊ မခိုင် နှင့် ဟေမာနေ၀င်း ချစ်ပရိသတ်များ ၀ယ်ယူ အားပေးနိုင်ကြပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
Friday, April 5, 2013
'SHINE,ရှိုင်း' ကွန်ဒိုမှ ဓါတ်လှေခါး အရှိန်လွန်ပြီး ၁ပေ ခန့် မြေကြီးထဲ ပြုတ်ကျကျွံဝင်
၃-၄-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံနှင့်ဘဏ်လမ်းထော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
Thursday, April 4, 2013
မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား
မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင်
သံဃာတော် တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ
စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို
ယခုရက်ပိုင်းအတွင်း တရားရုံးတွင် စွဲချက် တင်သွားမည်ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ
ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့
ပြောကြားခဲ့သည်။
မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်
မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းဝယ်ရာမှ
သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင်
ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦးအား ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား
မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူ လေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း
သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ
ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လူတွေ
အများကြီးရှိတယ်။ အဲ့ဒီထဲကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို
အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ
စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင်
ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း
ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး
ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ
ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ
ချမှတ်သွားပါမယ်" ဟု ပြောကြားခဲ့သည်။
ကျန်ရှိနေသည့် ကျူးလွန်သူများကို
ဆက်လက်စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက်တင်ပြီး အရေးယူသွားမည်
ဖြစ်ကြောင်းလည်း သိရသည်။
မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော
မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့အထိ သိရှိရသော
စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့်
လုံခြုံရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။
ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော
မိတ္ထီလာမြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း
သိရသည်။
Eleven Media မှ ကူးယူ ဖော်ပြသည်။
Eleven Media မှ ကူးယူ ဖော်ပြသည်။
အများပြည်သူများ အမှန်တကယ် ကျေနပ်စေမည့်ဈေးနှုန်းဖြင့် အမှန်အကန် ထွက်ရှိလာပါပြီ။ အမှန်အကန် စားသုံးသူများအား မှန်မှန်ကန်ကန် ရောင်းချပေးဖို.သာ လိုပါသည်။
အများ မျှော်လင့်နေတဲ့ မိုဘိုင်းဖုန်း ကို အများ ကျေနပ်စေမည့်ဈေးဖြင့် အမှန်တကယ် ထွက်ရှိလာပါပြီ။ CDMA 800 MHZ များ ၁၅၀၀ကျပ် နှုန်းဖြင့် စတင် ရောင်းချပေးပါတော့မည်။ CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည် ဟု သိရှိရပါသည်။ နောက်လများတွင် GSM 2.75 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ဖြင့် ချထားပေးပါတော့မည်။ ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။ ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ယက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည် ဖြစ်သောကြောင့် ၂ လအတွင်း ၅၀၀၀ကျပ် မဖြည့်လျှင် အလိုလျောက် ၅၀၀၀ ကျပ် နှုတ်ယူသွားမည်ဟုသိရပါသည်။ မှောင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။ ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟုသိရှိရသည်။ ယနေ့ ည ၈ နာရီသတင်း တွင် အမှန်အကန် ကြေငြာလိုက်ပြီဖြစ်ပါသည်။
အမှန်တကယ် ကြေငြာသွားခြင်းကြောင့် ... အမှန်တကယ် ယုံကြည်လိုက်ရပါတော့မည်။
Tuesday, April 2, 2013
ရေကျော်ဗလီ မီးလောင်မှု့မှာ မီးအားမြှင့်စက် ၀ါယာရှော့ခ် ကြောင့်သာဖြစ် ...
အတွင်းပိုင်းတွင်သာ လောင်ကျွမ်းကာ အပြင်မှ ပရောဂ လက္ခဏာ မတွေ့ရပါ။ Photo - MRTV |
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင်
မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ
မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့်
၎ဦးကို ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား မှတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။
မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့ မှ
သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ
အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု
ထုတ်ပြန်ချက်တွင် ဖော်ပြထားသ ည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်လွင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က မီးလောင်မှုနှင့် ပတ်သက်၍ သာမန် ရှင်းပြဝါယာရှော့ခ်မှ စတင်မီးလောင်ခြင်း ဖြစ် ကာ သေဆုံးခြင်း
ဖြစ်ကြောင်း
"အမှန်တကယ်ဆို မသေသင့်ပါဘူး။ အထဲမှာရှိတဲ့ ဗလီဆရာတွေရဲ့ ဆုံးဖြတ်ချက်တွေ
လုပ်ဆောင်ချက်တွေ နှောင့်နှေးကြန့်ကြာတာတို့ ဖြစ်နေတဲ့အတွက်
မီးခိုးမွှန်ပြီး သေဆုံးခဲ့ရကြောင်း မှုခင်းဆရာဝန်တွေရဲ့ စစ်ချက်ရရှိထားပါပြီ" ဟု ရဲမှူးကြီးဝင်းနိုင်က ပြောကြားခဲ့သည်။
မီးလောင်သည့် နေရာသို့ မီးသတ်ကားများ ရောက်ရှိသွားပြီး ဗလီတွင်းတွင် ကလေးများရှိနေသည်ကို သိရှိရသဖြင့် နှစ်ထပ်ခတ်ထားသော သော့အား မီးသတ်ရဲဘော်များက ဖျက်ဆီး၍ ဖွင့်ပေးခဲ့ရကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောသည်။
ထိုမီးလောင်မှုနှင့်ပတ်သက်၍ လက်ရှိတွင် ဗလီတာဝန်ခံနှင့် ဗလီဆရာအား ပေါ့ဆမှု၊ လူသေမှုများဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောကြားခဲ့သည်။
မီးခိုးမွှန်ပြီး သေဆုံးခဲ့ရကြောင်း မှုခင်းဆရာဝန်တွေရဲ့ စစ်ချက်ရရှိထားပါပြီ" ဟု ရဲမှူးကြီးဝင်းနိုင်က ပြောကြားခဲ့သည်။
မီးလောင်သည့် နေရာသို့ မီးသတ်ကားများ ရောက်ရှိသွားပြီး ဗလီတွင်းတွင် ကလေးများရှိနေသည်ကို သိရှိရသဖြင့် နှစ်ထပ်ခတ်ထားသော သော့အား မီးသတ်ရဲဘော်များက ဖျက်ဆီး၍ ဖွင့်ပေးခဲ့ရကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောသည်။
ထိုမီးလောင်မှုနှင့်ပတ်သက်၍ လက်ရှိတွင် ဗလီတာဝန်ခံနှင့် ဗလီဆရာအား ပေါ့ဆမှု၊ လူသေမှုများဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောကြားခဲ့သည်။
သတင်းဓာတ်ပုံများအရ ယခုမီးလောင်မှုသည် သာမန် ပေါ့ဆမီး,မီးအားမြှင့်စက် အပူချိန် လွန်ကဲရာမှ လောင်ကျွမ်းခဲ့သော မီးဖြစ်ပါသည်။ အပြင်မှ ပရောဂ ကြောင့်လောင်ကျွမ်းခြင်း မဟုတ်ပါ။ ပြည်သူများ အနေဖြင့် သတင်းများအား ကိုယ်ပိုင်ဥာဏ်ဖြင့်သာ ချင့်ချိန်ယုံကြပါရန်နှင့် နိုင်ငံပိုင် မီဒီယာများနှင့် ရဲဇာနည်တို့တွင်လည်း သတင်းများ သွားရောက်ကြည့်ရှု့ချင့်ချိန်နိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ သေဆုံးသွားကြသော ကျောင်းသား ကလေးငယ် (၁၃) ဦးအတွက် ၀မ်းနည်းပါကြောင်း နှင့် ကောင်းရာမွန်ရာ ငြိမ်းချမ်းရာသို့ ရောက်ပါစေကြောင်းဆုတောင်းအပ်ပါသည်။
M.A.&.N.M
မည်သို့ပင်ဖြစ်စေကာမူ သေဆုံးသွားကြသော ကျောင်းသား ကလေးငယ် (၁၃) ဦးအတွက် ၀မ်းနည်းပါကြောင်း နှင့် ကောင်းရာမွန်ရာ ငြိမ်းချမ်းရာသို့ ရောက်ပါစေကြောင်းဆုတောင်းအပ်ပါသည်။
M.A.&.N.M
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...