Thursday, April 4, 2013

အများပြည်သူများ အမှန်တကယ် ကျေနပ်စေမည့်ဈေးနှုန်းဖြင့် အမှန်အကန် ထွက်ရှိလာပါပြီ။ အမှန်အကန် စားသုံးသူများအား မှန်မှန်ကန်ကန် ရောင်းချပေးဖို.သာ လိုပါသည်။




အများ မျှော်လင့်နေတဲ့ မိုဘိုင်းဖုန်း ကို အများ ကျေနပ်စေမည့်ဈေးဖြင့် အမှန်တကယ် ထွက်ရှိလာပါပြီ။ CDMA 800 MHZ များ ၁၅၀၀ကျပ် နှုန်းဖြင့် စတင် ရောင်းချပေးပါတော့မည်။ CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည် ဟု သိရှိရပါသည်။ နောက်လများတွင် GSM 2.75 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ဖြင့် ချထားပေးပါတော့မည်။  ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။ ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ယက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည် ဖြစ်သောကြောင့် ၂ လအတွင်း ၅၀၀၀ကျပ် မဖြည့်လျှင် အလိုလျောက် ၅၀၀၀ ကျပ် နှုတ်ယူသွားမည်ဟုသိရပါသည်။ မှောင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။ ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟုသိရှိရသည်။ ယနေ့ ည ၈ နာရီသတင်း တွင် အမှန်အကန် ကြေငြာလိုက်ပြီဖြစ်ပါသည်။

အမှန်တကယ် ကြေငြာသွားခြင်းကြောင့် ... အမှန်တကယ် ယုံကြည်လိုက်ရပါတော့မည်။

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS