Sunday, April 7, 2013
SAMSUNG (BO AUNG KYAW) ဖွင့်ပွဲ
Saturday, April 6, 2013
ဦးသန့်အထိန်းအမှတ်ပြတိုက် အကြိုဖွင့်ပွဲ
ကုလသမဂ္ဂ
အဖွဲ့ကြီး၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အထိမ်းအမှတ်
ပြတိုက်ဖွင့်လှစ်ပွဲကို
ယနေ့ညနေ (၄း၃၀) အချိန်က ဖ.ဆ.ပ.လ အစိုးရ လက်ထက်တွင် အတွင်းဝန် အဖြစ်
တာဝန်
ထမ်းဆောင်စဉ် နေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ ပန်းဝါလမ်းရှိ
နေအိမ်အား ဦးသန့်ပြတိုက်အဖြစ် ဖွင့်လှစ်ရန်အတွက် ပြန်လည် ပြင်ဆင်လျက်ရှိရာ ဧပြီလ
၆ရက်နေ့တွင်
အကြို ဖွင့်ပွဲအား ဦးသန့်၏သမီးဖြစ်သူ ဒေါ်အေးအေးသန့်နှင့်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
နိုင်ငံခြားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား သတိပေး
Photo credit to AFP |
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတဲ့အတွက် ပြုံယမ်းမြို့မှာ ရှိနေတဲ့ နိုင်ငံခြားသံရုံးတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ဖို့အတွက် စဉ်းစားကြဖို့ မြောက်ကိုရီးယားအစိုးရက တိုက်တွန်းလိုက်ပါတယ်။
ရုရှား နဲ့ ဗြိတိန်သံရုံးက ၀န်ထမ်းတွေကို ဘေးလွတ်ရာကို ရွှေ့ဖို့ မြောက် ကိုရီးယားဘက်က ပန်ကြားချက်ကို သောကြာနေ့က လက်ခံရရှိခဲ့တယ်လို့ ရုရှားနဲ့ ဗြိတိန်နိုင်ငံတို့က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သံရုံး ၀န်ထမ်းတွေကို ချက်ချင်းပြန်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။
ပြုံယမ်းမြို့တော်က အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ရှိနေတယ် လို့ မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ ရုရှားသံရုံးတာဝန်ရှိသူ Denis Samsonov က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံအတွင်းမှ
ဒါ့အပြင် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်၊ အမေရိကန်အပါအ၀င် မြောက်ကိုရီးယားနိုင်ငံနဲ့ ၆ နိုင်ငံဆွေးနွေးပွဲမှာ ပါတဲ့ နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေလုပ်နေတယ်
မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပြီး အမေရိကန်နိုင်ငံကို လည်း နျူကလီယားနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
သတင်း VOA မြန်မာ မူရင်းလင့်ခ်
မီဒီယာတွေ သတ္တိရှိဖို့လိုတယ်။
မီဒီယာတွေ သတ္တိရှိဖို့လိုတယ်။ အရင်တုန်းက သတ္တိရှိဖို့ဆိုတာ အုပ်ချုပ်သူ တွေရဲ့အကြိုက်လိုက်ပြီး မရေးတာက သတ္တိရှိမှု၊ အ
ခုကျတော့ အခြားသတ္တိမျိုး လိုတယ်။ အုပ်ချုပ်သူတွေက သိပ်မ
ပြောရဲတော့ဘူး။ အဲဒီအခါကျတော့ ပြောတတ်၊ ဆိုတတ်၊ ပြောရဲ၊ ဆိုရဲတဲ့သူတွေ မကြိုက်တာကို ရေးရဲဖို့ ခပ်တိုတို ပြောရမယ်ဆိုရင် အမှန်တရားဘက်က ကိုယ်မှန်တယ်ထင်တဲ့ ဘက်က ရပ်တည်ရဲတဲ့
သတ္တိ ရှိရမယ်ပေါ့။
"ဘာမဆို အာဏာပိုင်တွေ ကိုပဲ ဖိတယ်။ ဘာမဆို ရဲကိုပဲ အပြစ်ဆိုတယ် ဆိုတဲ့ အနေအထား မဟုတ်ဘဲ အခြေအနေတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတ သုံးသပ်ပြီးမှ အပြုသဘော ဆောင်တဲ့ ရေးသားချက်မျိုး ဖြစ်
ဖို့ လိုတယ်" ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်
မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဧပြီလ ၁ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ
“မီဒီယာများ သတ္တိရှိရန်လိုကြောင်း ဒီချုပ်ဥက္ကဋ္ဌ ပြောကြား” သတင်းမှ ကောက်နုတ်ချက်
The Voice Weekly ·
ခုကျတော့ အခြားသတ္တိမျိုး လိုတယ်။ အုပ်ချုပ်သူတွေက သိပ်မ
ပြောရဲတော့ဘူး။ အဲဒီအခါကျတော့ ပြောတတ်၊ ဆိုတတ်၊ ပြောရဲ၊ ဆိုရဲတဲ့သူတွေ မကြိုက်တာကို ရေးရဲဖို့ ခပ်တိုတို ပြောရမယ်ဆိုရင် အမှန်တရားဘက်က ကိုယ်မှန်တယ်ထင်တဲ့ ဘက်က ရပ်တည်ရဲတဲ့
သတ္တိ ရှိရမယ်ပေါ့။
"ဘာမဆို အာဏာပိုင်တွေ ကိုပဲ ဖိတယ်။ ဘာမဆို ရဲကိုပဲ အပြစ်ဆိုတယ် ဆိုတဲ့ အနေအထား မဟုတ်ဘဲ အခြေအနေတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတ သုံးသပ်ပြီးမှ အပြုသဘော ဆောင်တဲ့ ရေးသားချက်မျိုး ဖြစ်
ဖို့ လိုတယ်" ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်
မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဧပြီလ ၁ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ
“မီဒီယာများ သတ္တိရှိရန်လိုကြောင်း ဒီချုပ်ဥက္ကဋ္ဌ ပြောကြား” သတင်းမှ ကောက်နုတ်ချက်
The Voice Weekly ·
အကျင့်ပျက်ဝန်ထမ်းများ ပပျောက်စေဖို့
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ မမှန်မကန် ဆောင်ရွက်ပါက တိုင်ကြားရန် ဖုန်းနံပါတ်များသို့ တိုင်ကြားမှုများ ဒုတိယ လတွင် လျော့နည်းသွားကြောင်း၊ ယင်း ဖုန်းလက်ခံ ဖြေကြားသူ တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ မတ်လ ၃၁ ရက်တွင် ပြောကြားသည်။
ယင်းက “ဒီဖုန်းတွေကို ဖေဖော် ဝါရီ ၁၁ ရက်က စဖွင့်ပြီး တိုင်ကြား တာတွေ လက်ခံခဲ့တာပါ။ အဲဒီလ တုန်းက တိုင်ကြားမှု ၁၁၆ ကြိမ်ရှိ ပါတယ်။ အခု မတ်လမှာတော့ ၃၇ ကြိမ်ပဲ တိုင်ကြားထားတာ ရှိပါတယ်။ အဓိက က တော့ ချဲ၊ နှစ်လုံးနဲ့ ဘောလုံးပွဲ လောင်းကစားမှုတွေ အများ ဆုံးတိုင်ပါတယ်။ တချို့က ဥပဒေကို နားမလည်လို့ တိုင်တယ်။ ရဲကလည်း ရဲလုပ်ငန်းနဲ့ လုပ်တာပဲ။ အမှုတိုင်တဲ့လူက အားမရလို့ နှေးနေတယ် ထင်လို့ တိုင်တာတွေ လည်း ရှိတယ်။ ရဲတပ်ဖွဲ့တချို့ရဲ့ မှားယွင်းတဲ့လုပ်ရပ် တွေ၊ တိုင်တာတွေလည်း ရှိတယ်။ တချို့က လည်း တမင်တကာကို မမှန်မကန် တိုင်ကြားမှုတွေ ရှိတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
ယင်းက ဆက်လက်ပြောကြား ရာတွင် “ပထမလတုန်းကတော့ တိုင်တာများတယ်။ အခုလနည်းသွား တယ်။ အားတိုင်းလျှောက်တိုင်နေ တာမျိုး မဟုတ်တော့ဘဲ တကယ်နစ် နာတဲ့သူတွေပဲ တိုင်တာများတယ်။ ကျွန်တော် တို့က ဖြေရှင်းဆောင်ရွက် ပေးနေတာပါပဲ။ တချို့ကိစ္စတွေက ရှုတ်ထွေးတော့ အဖွဲ့လေးတွေဖွဲ့ပြီး ဆောင်ရွက်ရ တာမျိုး ရှိတယ်။ စိတ်မရှည်တဲ့ ပြည်သူတွေက အရေးမယူသေးဘူးလား ဆိုပြီး ပြန်မေးတာတွေတောင် ရှိတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မမှန်မကန် ဆောင်ရွက်ပါက နေပြည်တော် ဝ၆၇၅၅ဝ၃၃၃၊ ရန်ကုန် ဝ၁၂၃ဝ၂၁၉၉၊ မန္တလေး ဝ၂၆၁၄၄၄၄၊ မကွေး ဝ၆၃၂၈ဝ၉၉၊ မွန် ဝ၅၇၂၄၉၈၇၊ ပဲခူး ဝ၅၂၂၃၉၉၉၊ စစ်ကိုင်း ဝ၇၁၂၄၉၉၆၊ ရခိုင် ဝ၄၃၂၂၈၃၃၊ ရှမ်း ဝ၈၁၂၁၂၅၄၅၅၊ ဧရာဝတီ ဝ၄၂၂၃၈၄၄၊ ကရင် ဝ၅၈၂၃၅၅၅ နှင့် ကချင် ဝ၇၄၂၁၄၄၄ သို့ ဆက်သွယ် သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရသည်။
(Myanmar Independent News journal)
အင်တာနက်မှတဆင့် တိုင်ကြားမည်ဆိုလျှင် ဒီလင့်ခ် ကို နှိပ်ပါ။
မြန်မာ ၈ ဦး သေဆုံးမှု အင်ဒိုနီးရှား အစိုးရကို ဖြေရှင်းပေးရန် တောင်းဆို
ဓာတ်ပုံ - ရိုက်တာ |
အင်ဒိုနီးရှားနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး
စခန်းတခု၌ မြန်မာနှင့် မွတ်စလင်များ အချင်းများ တိုက်ခိုက်မှုကြောင့် မြန်မာ ၈
ဦးသေဆုံးမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားရှိ မြန်မာသံရုံးက အင်ဒိုနီးရှား အစိုးရ
တာဝန်ရှိသူများထံ အချက် ၃ ချက်ကို တောင်းမည်ဖြစ်ကြောင်း သိရသည်။
“မှန်မှန်ကန်ကန် တရားမျှတစွာ
စုံစမ်းဖော်ထုတ်ပေးရန်၊(ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ Detention Centre
အတွင်း ရောက်ရှိနေရခြင်း အကြောင်းရင်း၊ Detention Centre ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏
စောင့်ကြပ် ထိန်းသိမ်းမှု အခြေအနေ)၊ စုံစမ်း ဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊
ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်၊
အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးရန်
တောင်းဆိုသွားမည်” ဟု နေပြည်တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏
အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံ
ဆုမတြားမြောက်ပိုင်း ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေး စခန်းတွင်
အင်ဒိုနီးရှား ကမ်းခြေသို့ လှေဖြင့် ခိုးဝင်လာကြသော မွတ်စလင် ၁၀၀ ကျော်နှင့်
တရားမ၀င် ငါးဖမ်းသည့် မြန်မာ ၁၁ ဦးတို့ကို အတူတူ ချုပ်ထား ခဲ့ကြောင်း၊
စခန်းတွင်း၌ အချင်းချင်း တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးပြီး မွတ်စလင် ၁၅
ဦး ဒဏ်ရာရရှိကြောင်း၊ နောက်ထပ် မြန်မာ ၃ ဦးမှာ ထိခိုက်မှုမရှိ
လွတ်မြောက်ခဲ့ကြောင်း နယ်မြေခံ ရဲချုပ် Enfro Kiswanto ကို ကိုးကားပြီး အေပီ
သတင်းတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားရှိ မြန်မာသံရုံး၏
သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ အဆိုပါကိစ္စ ကိုင်တွယ် ဖြေရှင်းပေးရန်အတွက်
အစည်းအဝေး ထိုင်နေကြောင်း သံရုံအမှုထမ်းတဦးက ဧရာဝတီကို ပြောသည်။
“အခု ကျနော်တို့ အဲဒီကိစ္စပဲ အစည်းအဝေး
ထိုင်နေပါတယ်” ဟု အဆိုပါ အမှုထမ်းက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။
ရဲချုပ် Enfro Kiswanto က
မျက်မြင်သက်သေများကို ကိုးကားပြောဆိုရာတွင် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်
ငါးဖမ်းသမားများသည် မြန်မာနိုင်ငံတွင် မကြာခင်က ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမှုရေး
အဓိကရုဏ်း ကိစ္စများကို အခြေခံပြီး အချင်းချင်း စကားများကြရာက တုတ်၊ ဓားများ
ဆွဲကိုင်ကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဓားတွေ ဘယ်လိုရှိနေကြတယ်ဆိုတဲ့ ကိစ္စ
အပါအဝင် အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေရပ်ဆီ မြန်မြန်
ပြန်ပို့ပါတော့မယ်” ဟု ရဲချုပ် Enfro Kiswanto က အေပီ သတင်းဌာနသို့ ပြောသည်။
ဒဏ်ရာရသူ၊ သေဆုံးသွားသူများကို
ဘေလ၀န်မြို့တောင်ဘက် ၁၄ မိုင် ဝေးသော ခရိုင်မြို့တော်ရှိ မေဒင် ဆေးရုံသို့ အရေးပေါ်
ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားခဲ့သော ထိမ်းသိမ်းရေး
စခန်းတွင် ခိုလှုံခွင့်လျှောက်ထားသူ စုစုပေါင်း ၂၈၀ ကျော်နှင့် တရားမ၀င် ငါးဖမ်းမှု၊
အင်ဒိုနီးရှားနိုင်ငံ နယ်နမိတ်အတွင်း ခိုးဝင်မှုများဖြင့် ဖမ်းဆီထားသူ
မြန်မာများကို ထိမ်းသိမ်းထားကြောင်း သိရသည်။
လွန်ခဲ့သည့်လက မြန်မာနိုင်ငံ အလယ်ပိုင်း
မိတ္ထီလာမြို့၌ စတင်ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည်
ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်တချို့သို့ပါ ကူးစက် ပြန့်ပွားသွားခဲ့ရာ ၄၃ ဦး
သေဆုံးပြီး ရာနှင့်ချီသော အိုးအိမ်နှင့် ဘာသာရေး အဆောက်အအုံများ ပျက်ဆီး
ဆုံးရှုံးခဲ့ကာ လူပေါင်း ၁ သောင်းကျော် ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြရသည်။
၂၀၁၂ ခုနှစ်ကလည်း မြန်မာနိုင်ငံ
အနောက်ခြမ်း ရခိုင်ပြည်နယ်တွင် လူအုပ်စုချင်း ပဋိပက္ခဖြစ်ပွားကာ အကြမ်းဖက်
တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး လူ ၁ သိန်းကျော်
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
မူရင်း - ဧရာဝတီ
ATM ငွေထုတ်စက်များ လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြုလုပ်နိုင်
မြန်မာပြည်မှာ မဖြစ် သေးပါဘူး။ သို့ပေမယ့် အိန္ဒိယနဲ့ တရုတ်တွေ မှာတော့ ပုံမှာ ပြထားတဲ့ နည်းလမ်းကို အသုံးပြုပြီး လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။
တကယ့် Pin ကုဒ်ရိုက်စရာ Key pad အပေါ်မှာ နောက်ထပ် key pad အတု တစ်ခု ထပ်ခံထားပြီး ကိုယ်ရိုက်သမျှ လျှို့ ဝှက် နံပါတ်များကို မှတ်သား သွားပါတယ်။ ဒါဆို နံပါတ်က သိသွားပါပြီ။ ATM/MPU ကဒ်မရှိပဲတော့ Pin code သိရုံနဲ့ ငွေထုတ်လို့ မရတာလည်း အမှန်ပါပဲ။
သို့ပေမယ့် အမည်တူ၊ လျှို့ဝှက်ကုဒ် နံပါတ်အတူ ထားတတ်တဲ့ သူများ အတွက်ကတော့ ATM မဟုတ်တဲ့ အခြားဘဏ် အကောင့်မှ ငွေများ အလွယ်တကူ ခိုးလို့ရတဲ့ အနေအထား တစ်ခု ဖြစ်သွားပါတယ်။
မတော်လို့ ATM/MPU ကဒ်လည်း ခါးပိုက်ပါ အနှိုက်ခံရ၊ အခိုးခံရင်တော့ အခိုးခံ ရဖို့ ပိုလွယ်ကူ သွားပါတယ်။ ဒီတော့ ငွေအမြောက်အများ ထည့်ထားသူများ အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ခြင် လေ့လာနိုင်ရင် အကောင်းဆုံး ပါပဲ။
မြန်မာပြည်မှာ ဒီလိုရာဇဝတ်မှု ဖြစ်မလာ နိုင်သေးပါဘူး။ မြန်မာပြည်က စက် အတော်များများ မှာက လုံခြုံရေးများ စောင့်ပါတယ်။ သို့သော် သိထား၊ သတိ ရှိထားတာ အကောင်းဆုံးမို့ မျှဝေ ပေးလိုက် ရပါတယ်။
Aung Kham (TSJ team)
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...