မီဒီယာတွေ သတ္တိရှိဖို့လိုတယ်။

မီဒီယာတွေ သတ္တိရှိဖို့လိုတယ်။ အရင်တုန်းက သတ္တိရှိဖို့ဆိုတာ အုပ်ချုပ်သူ တွေရဲ့အကြိုက်လိုက်ပြီး မရေးတာက သတ္တိရှိမှု၊ အ
ခုကျတော့ အခြားသတ္တိမျိုး လိုတယ်။ အုပ်ချုပ်သူတွေက သိပ်မ
ပြောရဲတော့ဘူး။ အဲဒီအခါကျတော့ ပြောတတ်၊ ဆိုတတ်၊ ပြောရဲ၊ ဆိုရဲတဲ့သူတွေ မကြိုက်တာကို ရေးရဲဖို့ ခပ်တိုတို ပြောရမယ်ဆိုရင် အမှန်တရားဘက်က ကိုယ်မှန်တယ်ထင်တဲ့ ဘက်က ရပ်တည်ရဲတဲ့ 
သတ္တိ ရှိရမယ်ပေါ့။

"ဘာမဆို အာဏာပိုင်တွေ ကိုပဲ ဖိတယ်။ ဘာမဆို ရဲကိုပဲ အပြစ်ဆိုတယ် ဆိုတဲ့ အနေအထား မဟုတ်ဘဲ အခြေအနေတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတ သုံးသပ်ပြီးမှ အပြုသဘော ဆောင်တဲ့ ရေးသားချက်မျိုး ဖြစ်
ဖို့ လိုတယ်" ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်
မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဧပြီလ ၁ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ
“မီဒီယာများ သတ္တိရှိရန်လိုကြောင်း ဒီချုပ်ဥက္ကဋ္ဌ ပြောကြား” သတင်းမှ ကောက်နုတ်ချက်

The Voice Weekly ·

Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ