Saturday, April 6, 2013

ATM ငွေထုတ်စက်များ လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြုလုပ်နိုင်




မြန်မာပြည်မှာ မဖြစ် သေးပါဘူး။ သို့ပေမယ့် အိန္ဒိယနဲ့ တရုတ်တွေ မှာတော့ ပုံမှာ ပြထားတဲ့ နည်းလမ်းကို 
အသုံးပြုပြီး လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။


တကယ့် Pin ကုဒ်ရိုက်စရာ Key pad အပေါ်မှာ နောက်ထပ် key pad အတု တစ်ခု ထပ်ခံထားပြီး ကိုယ်ရိုက်သမျှ လျှို့ ဝှက် နံပါတ်များကို မှတ်သား သွားပါတယ်။ ဒါဆို နံပါတ်က သိသွားပါပြီ။ ATM/MPU ကဒ်မရှိပဲတော့ Pin code သိရုံနဲ့ ငွေထုတ်လို့ မရတာလည်း အမှန်ပါပဲ။

သို့ပေမယ့် အမည်တူ၊ လျှို့ဝှက်ကုဒ် နံပါတ်အတူ ထားတတ်တဲ့ သူများ အတွက်ကတော့ ATM မဟုတ်တဲ့ အခြားဘဏ် အကောင့်မှ ငွေများ အလွယ်တကူ ခိုးလို့ရတဲ့ အနေအထား တစ်ခု ဖြစ်သွားပါတယ်။

မတော်လို့ ATM/MPU ကဒ်လည်း ခါးပိုက်ပါ အနှိုက်ခံရ၊ အခိုးခံရင်တော့ အခိုးခံ ရဖို့ ပိုလွယ်ကူ သွားပါတယ်။ ဒီတော့ ငွေအမြောက်အများ ထည့်ထားသူများ အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ခြင် လေ့လာနိုင်ရင် အကောင်းဆုံး ပါပဲ။

မြန်မာပြည်မှာ ဒီလိုရာဇဝတ်မှု ဖြစ်မလာ နိုင်သေးပါဘူး။ မြန်မာပြည်က စက် အတော်များများ မှာက လုံခြုံရေးများ စောင့်ပါတယ်။ သို့သော် သိထား၊ သတိ ရှိထားတာ အကောင်းဆုံးမို့ မျှဝေ ပေးလိုက် ရပါတယ်။



Aung Kham (TSJ team)




No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS