Posts

မောင် ယုံလား နှစ်ယောက်မရှိဘူး... မေဆွိ၊ဟေမာနေ၀င်း၊ထွန်းအိန္ဒြာဗို .. SHOW ပွဲ မိတ်ဆက်

Image
နာမည်ကြီး အမျိုးသမီး တေးသံရှင်များဖြစ်သော မေဆွိ ၊ ဟေမာနေ၀င်း နှင့် ထွန်းအိန္ဒြာဗို တို့၏ နာမည်ကျော်သီချင်းများကို ဖျော်ဖြေပေးမည့် မောင်ယုံလားနှစ်ယောက်မရှိဘူး ရှိုးပွဲအား ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် APRIL 27 2013 တွင် ည ၇ နာရီ အချိန်မှ စတင်ကာ ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။ လက်မှတ်များကို ၃၀၀၀၀ ၊ ၂၀၀၀၀ ၊ ၁၅၀၀၀ ၊ ၇၀၀၀ ကျပ်နှုန်းများဖြင့် ၀ယ်ယူအားပေးနိုင်မည်ဖြစ်ကြောင်း မဆွေ ၊ မခိုင် နှင့် ဟေမာနေ၀င်း ချစ်ပရိသတ်များ ၀ယ်ယူ အားပေးနိုင်ကြပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ 

'SHINE,ရှိုင်း' ကွန်ဒိုမှ ဓါတ်လှေခါး အရှိန်လွန်ပြီး ၁ပေ ခန့် မြေကြီးထဲ ပြုတ်ကျကျွံဝင်

Image
၃-၄-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံနှင့်ဘဏ်လမ်းထော င့်၊ အမှတ်(၃၃/ ၄၉)၊ ““ရှိုင်း””ကွန်ဒိုအဆောက် အဦရှိ ဓါတ်လှေခါး ၃ ခုအနက် အလယ်ပေါက်ဓါတ်လှေကားသည် သတ်မှတ်လူဦးရေ ၁၀ ဦးထက် ၃ ဦး ပိုမိုတင်ဆောင်၍ လူ ၁၃ ဦးဖြင့် (၈)လွှာမှ မြေညီထပ်သို့ဆင်းခဲ့ရာ မြေညီထပ်မရောက်မီ Over Weight ဖြစ်ကာ အရှိန်လွန်ပြီး မြေကြီးအတွင်းသို့ ၁ ပေခန့်ကျွံဝင်သွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား

Image
မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော် တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်းအတွင်း တရားရုံးတွင် စွဲချက် တင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းဝယ်ရာမှ သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူ လေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လ...

အများပြည်သူများ အမှန်တကယ် ကျေနပ်စေမည့်ဈေးနှုန်းဖြင့် အမှန်အကန် ထွက်ရှိလာပါပြီ။ အမှန်အကန် စားသုံးသူများအား မှန်မှန်ကန်ကန် ရောင်းချပေးဖို.သာ လိုပါသည်။

Image
အများ မျှော်လင့်နေတဲ့ မိုဘိုင်းဖုန်း ကို အများ ကျေနပ်စေမည့်ဈေးဖြင့် အမှန်တကယ် ထွက်ရှိလာပါပြီ။ CDMA 800 MHZ များ ၁၅၀၀ကျပ် နှုန်းဖြင့်  စတင် ရောင်းချပေးပါတော့မည်။  CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည် ဟု သိရှိရပါသည်။  နောက်လများတွင် GSM 2.75 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ဖြင့် ချထားပေးပါတော့မည်။   ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။  ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ယက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည် ဖြစ်သောကြောင့် ၂ လအတွင်း ၅၀၀၀ကျပ် မဖြည့်လျှင် အလိုလျောက် ၅၀၀၀ ကျပ် နှုတ်ယူသွားမည်ဟုသိရပါသည်။ေ မှာင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။  ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟုသိရှိရသည်။  ယနေ့ ည ၈ နာရီသတင်း တွင် အမှန်အကန် ကြေငြာလိုက်ပြီဖြစ်ပါသည်။ အမှန်တကယ် ကြေငြာသွားခြင်းကြောင့် ... အမှန်တကယ် ယြုံ...

ရေကျော်ဗလီ မီးလောင်မှု့မှာ မီးအားမြှင့်စက် ၀ါယာရှော့ခ် ကြောင့်သာဖြစ် ...

Image
အတွင်းပိုင်းတွင်သာ လောင်ကျွမ်းကာ အပြင်မှ ပရောဂ လက္ခဏာ မတွေ့ရပါ။ Photo - MRTV ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ဦးကို ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား မှတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။   မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့ မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသ ည် ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်လွင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က   မီးလောင်မှုနှင့် ပတ်သက် ၍ သာမန် ရှင်းပြဝါယာရှော့ခ်မှ စတင်မီးလောင်ခြင်း ဖြစ် ကာ သေဆုံးခြင်း ဖြစ်ကြောင်း "အမှန်တကယ်ဆို မသေသင့်ပါဘူး။ အထဲမှာရှိတဲ့ ဗလီဆရာတွေရဲ့ ဆုံ...

ရွှေဥ ရတနာရွှေဆိုင်၏ အရောင်းမြှင့်တင်ရေးနှင့် ရွှေချစ်သူများအား ဂုဏ်ပြုဧည့်ခံပွဲ

Image
ရွှေဥရာစုသစ် အာမခံ စိန် ၊ ရွှေ ၊ ရတနာဆိုင်မှ ၄င်းတို့အား အချိန်ကြာရှည်စွာ အားပေးလာကြသော Customer များ၏ မေတ္တာကို တုန့်ပြန်သောအားဖြင့် ၃၀% မှ ၅၀% Discount (အလျော့တွက်) ဖြင့် ၃၁-၃-၂၀၁၃ နေ့က Promotion ပွဲတော် အဖြစ် ကန်တော်ကြီးပဲလေ့စ် ဟိုတယ် ၌ နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ပြုလုပ်ကျင်းပရောင်းချခဲ့ကြောင်း သိရှိရသည်။ အဆိုပါပွဲသို ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီး များ ၊မော်ဒယ်များ ၊ မြန်မာပြည်သိန်းတန် နှင့် အခြားအဆိုတော်များလည်း တက်ရောက် အားပေး ခဲ့ကြသည်။