ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခဇူလိုင်လ ၁ ရက်နေ့မှစတင်၍ပြောင်လဲကောက်ခံမည်။29.6.2016.Yangon
ရန်ကုန်မြို့ပတ်ရထား၏ဆင်ခြေဖုံးလမ်းပိုင်းရထားလက်မှတ်ခနှုန်းထားများကိုရထားစီးခရီးသည်များရထားလက်မှတ်ဝယ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက်လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာခရီးစဉ်နှုန်းထားများကိုပြောင်းလဲကောကခံရန်စီစဉ်နေကြောင်းရထားပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနမြန်မာ့မီးရထားအောက်မြန်မာပြည်ရုံးမှအထွေထွေမန်နေဂျာဦးထွန်းအောင်သင်းမှယနေ့တွင်စာနယ်ဇင်းသတင်းမီဒီယာများကိုရှင်းလင်းပြောကြားပါသည်။အဆိုပါရန်ကုန်မြို့ပတ်ရထားဆင်ခြေဖုံးလမ်းပိုင်းစီးနင်းမှုတွင်ရထားလက်မှတ်ခနှုန်းထားများကိုရထားခရီးစဉ်အကွာအဝေး ၁၅ မိုင်အထိငွေကျပ် ၁၀၀ နှုန်းထားဖြင့်သတ်မှတ်ကောက်ခံမည်ဖြစ်ပြီး ၁၅မိုင်အထက်အကွာအဝေးကိုငွေကျပ် ၂၀၀ နှုန်းထားဖြင့်ပြောင်းလဲကောက်ခံမည်ဖြစ်ကာလက်ရှိရထားလက်မှတ်နှုန်းထားကောက်ခံမှူအခြေအနေဖြစ်သောရထားခရီးစဉ်အကွာအဝေး ၁၅ မိုင်အထိဖြစ်သည့်ရထားလက်မှတ်ခနှုန်းထားငွေကျပ် ၅၀ နှုန်းထားကိုဖျက်သိမ်းသွားမည်ဖြစ်ကြောင်းနှင့်မြို့တပတ်လုံးပတ်မည့်ရထားခရီးစဉ်စီးနင်းခကိုငွေကျပ် ၂၀၀ နှုန်းထားဖြင့်ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်းသိရသည်။ယင်းကဲသို့စတင်မည့်ရက်များ၌ပင်ရထားတွဲဆိုင်ကြီးများနေရာတွင်EBE ရထားတွဲငါးတွဲပါဝင်သောရထားတွဲဆိုင်းလေ...