Thursday, June 16, 2016

အဆောင်အအုံပြီးစီးကြောင်းလက်မှတ်လျောက်ထားခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ဧရိယာအတွင်းအဆောက်အအုံပြီးစီးကြောင်းBBCလက်မှတ်လျှောက်ထားမှူကိုဇွန်လကုန်အထိသာဆောင်ရွက်ပေးမည်ဖြစ်ပြီးသတ်မှတ်ရက်ကျော်လွန်ပါကစည်းမျဉ်းဥပဒေအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အအုံမှတာဝန်ရှိပုဂ္ဂလ်တဦးကပြောကြားသည်။မြို့တော်စည်ပင်သာယာနယ်နိမိတ်ဧရိယာအတွင်းဆောက်လုပ်ပြီးစီးနေသည့်အဆောက်အအုံတိုက်များတွင်အဆောက်အအုံပြီးစီးကြောင်းBBCလက်မှတ်လျှောက်ထားရယူထားမှူမရှိဘဲဝင်ရောက်နေထိုင်အသုံးပြုသူများပြားကာလက်မှတ်လျှောက်ထားသူများလာသည့်အတွက်စီစစ်ခွင့်ပြုချက်ကိုယခုဇွန်လကုန်အထိတိုးမြှင့်ပေးရခြင်းဖြစ်ကြောင်းသိရသည်။သတ်မှတ်ရက်ကာလအတွင်းလက်မှတ်လျှောက်ထားခြင်းမရှိဘဲဆက်လက်နေထိုင်ခြင်းကိုဥပဒေအတိုင်းအရေးယူမှူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းပုဂ္ဂလ်ထံမှသိရှိရသည်။ယင်းကဲ့သို့ဇွန်လကုန်အထိနောက်ဆုံးထားလျှေက်ထားခြင်းမရှိဘဲဝင်ရောက်နေထိုင်ခြင်းကိုတွေ့ရှိပါကသက်ဆိုင်ရာအဆောက်အအုံဆောက်လုပ်ခွင့်လိုင်စင်။ကန်ထရိုက်တာလိုင်စင်။မြေရှင်နှင့်၎င်းအဆောက်အအုံတွင်နေထိုင်သူများအားတည်ဆဲဥပဒေနှင့်အညီအရေးယူမှူကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.M.A.N.M.329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS