Saturday, August 6, 2016

ဆုဇူးကီးဖလားပြိုင်ပွဲတွင်မြန်မာအသင်းအုပ်စု( ခ )အုပ်စု၌ပါဝင်ခြင်း။2.8.2016.Yangoon Novotel

မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်၂၀၁၆အာဆီယံဆူဇူးကီးဖလားဘောလုံးပြိုင်ပွဲအုပ်စုမဲခွဲပွဲကျင်းပခြင်းအခမ်းအနားကိုရန်ကုန်မြို့ပြည်လမ်းမကြီးရှိNovotel ဟိုတယ်၌2.8.2016နေ့ညပိုင်းတွင်ကျင်းပပြုလုပ်ရာမြန်မာအသင်းသည်အုပ်စု ( ခ )တွင်မလေးရှား။ဗီယက်နမ်ခြေစစ်ပွဲအောင်အသင်းတို့နှင့်တွဲဖက်ကျရောက်လျှက်ရှိသည်။2016.ခုနှစ်ဆူဇူးကီဖလားမဲခွဲပွဲတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကကြိုဆိုနှူတ်ခွန်းဆက်အမှာစကားပြောကြားပြီးအာဆီယံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်နှင့်တာဝန်ရှိသူများကအမှာစကားပြောကြားကြသည်။ယင်းနောက်၎င်းပြိုင်ပွဲတွင်အသုံးပြုမည့်ဘောလုံးအားပြသပြီးဆူးဇူးကီးဖလားခြေစစ်ပွဲနှင့်နောက်ဆုံးအဆင့်အုပ်စုပွဲစဉ်အသင်းများအားမဲနှိုက်ရေးခွဲကြသည်။
     ၂၀၁၆ခုနှစ်ဆူဇူကီးဖလားပြိုင်ပွဲကိုတိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိသည့်ခုနှစ်သင်း။ခြေစစ်ပွဲအောင်တစ်သင်းတို့ဖြင့်ပြုလုပ်ကျင်းပမည်ဖြစ်ပြီးလေးသင်းနှစ်အုပ်စုခွဲ၍ယှဉ်ပြိုင်မည်ဖြစ်သည်။အုပ်စုခွဲဝေထားရှိမှူအရအုပ်စု ( က )တွင်ဖိလစ်ပိုင်အသင်း။လက်ရှိချန်ပီယံအသင်းအဖြစ်ထိုင်း။အင်ဒိုနီးရှား။စင်ကာပူ။အုပ်စု(ခ)တွင်မြန်မာ။မလေးရှား။ဗီယက်နမ်အသင်းနှင့်ခြေစစ်ပွဲအောင်အသင်းတို့ပါဝင်လျှက်ရှိသည်။အုပ်စု(က)ပွဲစဉ်များကိုဖိလစ်ပိုင်နိုင်ငံ။အုပ်စု(ခ)ပွဲစဉ်များကိုမြန်မာနိုင်ငံတို့တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။အုပ်စုပွဲများကိုသက်ဆိုင်ရာနိုင်ငံများတွင်စီစဉ်ကျင်းပမည်ဖြစ်ပြီးဆီမီးဖိုင်နယ်နှင့်ဗိုလ်လုပွဲများကိုအိမ်ကွင်းအဝေးကွင်းပုံစံဖြင့်နှစ်ကျော့ကစားရမည်ဖြစ်သည်။မြန်မာအသင်းသည်ဆူဇူကီးဖလားပြိုင်ပွဲကိုပထမဦးဆုံးအကြိမ်အိမ်ရှင်အဖြစ်လက်ခံကျင်းခြင်းဖြစ်ပြီးယှဉ်ပြိုင်မှူပြိုင်ပွဲတစ်လျှောက်တွင်အောင်မြင်မှူကြီးကြီးမားမားမရရှိသေးပေ။၂၀၁၄ နှစ်ပြိုင်ပွဲတွင်သာဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီးကျန်အကြိမ်များတွင်အုပ်စုအဆင့်မှနှတ်ထွက်ခဲ့ရသည်။ကျန်အုပ်စုပွဲစဉ်များကိုနိုဝင်ဘာလ၁၉ ရက်မှ ၂၆ ရက်နေ့အထိကျင်းပပြုလုပ်ဖြစ်ကြောင်းသတင်းရှိသည်။Myint Khaing.MANM.

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS