* " မြို့ပြကနေ ခဏထွက်ပြီး ပျော်စရာတွေ ရှာဖွေရအောင်" *

နေ့စဉ် လှုပ်ရှား ရုန်းကန်နေရတဲ့
လူမှုဘဝတွေထဲက
၃ ရက်လောက်
စိတ်လွတ် ကိုယ်လွတ်

ရုန်းထွက်ခွင့် ရမယ်ဆိုရင်
ဟောဒီလို
တောတွင်း ခရီးလေးတစ်ခုတော့
ထွက်ဖူးသင့်တယ်
မဟုတ်လား။
* " မြို့ပြကနေ ခဏထွက်ပြီး
ပျော်စရာတွေ ရှာဖွေရအောင်" *
------------------------------------------
၂၀၁၆ ၊ အောက်တိုဘာ ၊ ၂၁
~~~~~~~~~~~~~~~~
- သောကြာနေ့ ညနေပိုင်း
အလုပ်သိမ်းချိန်
ကားကြီးနဲ့ အတူတူ
" ဖိုးကျား" ဆင်စခန်းကို သွားကြမယ်။
ဟိုရောက်တဲ့အခါ
သဘာဝရဲ့အသံလေးတွေကို
နားထောင်ရင်း
Camp လေးတွေ ထိုးပြီး နားကြမယ်။
၂၀၁၆ ၊ အောက်တိုဘာ ၊ ၂၂
~~~~~~~~~~~~~~~~~
- စနေနေ့ မနက်မှာ
တောတွင်း လမ်းလျှောက်ရင်း
သဘာဝ အလှတွေ ရှာဖွေ
ကျေးဌက် နဲ့ ဆင်လေးတွေကို
လျှောက်ကြည့်ရင်း
နေ့လည်စာ စားကြမယ်။
ပြီးတာနဲ့
စခန်းပြန် ခဏနား ရေချိုးပြီး
မီးပုံပွဲ နဲ့ လိုက်ဖက်လှတဲ့
DJ တွေရဲ့ ဖျော်ဖြေမှု နဲ့ အတူတူ
ကကြ ခုန်ကြမယ်။
( စဉ်းစားကြည့်ရင် ပျော်စရာကြီးနော် )
၂၀၁၆ ၊ အောက်တိုဘာ ၊ ၂၃
~~~~~~~~~~~~~~~~~
- တနင်္ဂနွေမှာတော့
အိပ်ရေးဝဝအိပ်
မနက်စာ စားပြီး
သံတောင်လေး၊
ကရင်ပြည်နယ် မှာ ရှိတဲ့
ပသီချောင်းမှာ
ပျော်ပွဲစားထွက်ရင်း
ရေကစားကြမယ်။
* ကျသင့်ငွေ *
-------------
ဒီခရီးစဉ်လေးအတွက်
- တစ်ယောက်တည်း လိုက်မယ်ဆိုရင်
၁၃၅၀၀၀ ကျပ်(အစားအသောက် အပြီးအစီး)
- ၆ ယောက်အတူတူသွားမယ်ဆိုရင်
၇၈၅၀၀၀ ကျပ်ပဲ
ပေးရမှာပါ။
* မမေ့နဲ့နော် *
-------------
ယူဆောင်လာဖို့ အကြံပေးချင်တာက
၁။ခြင်မကိုက်အောင် လိမ်းတဲ့ ဆေး
၂။လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်
(နေဒဏ်နဲ့အပင်တွေထိတဲ့အခါကာကွယ်ဖို့)
၃။ရှူးဖိနပ်(ဒါမှမဟုတ်)မနာတဲ့
လမ်းလျှောက်လွယ် ရေစိုခံ ဖိနပ်လေး
၎။တစ်ရှူးစို

FROM ... Hnin Ni 's Facebook HNIN NI

PHOE KYAR CAMPING ADVENTURE 2016

Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ