Sunday, September 18, 2016

Myanmar International Travel Mart 2016.ကျင်းပခြင်း။17.9.2016

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ Myanmar International Travel Mart 2016 ပြပွဲအခမ်းအနားကိုရန်ကုန်မြို့ရှိ  Sedona Hotel  Grand Ballroom ၌စက်တင်ဘာလ 17/ 18 ရက်နေ့တွင်နေ့စဉ်နံနက် 9 နာရီမှညနေ 5 နာရီ ကျင်းပပြုလုပ်ခဲ့ပါသည်။မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုး( UMTA )မှအဖွင့်နှတ်ခွန်းဆက်အမှာစကားပြောကြားပြီဟိုတယ်နှင့်ခရီးသွားဝန်ကြီးဋ္ဌာနမှဒုတိယညွန်းကြားရေးမှူးချုပ်ဦးဌေးဝင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နော်ပန်းသဉ္ဇာမျိုးတို့မှလည်အဖွင့်အမှာစကားပြောကြပါသည်။အဆိုပါပြပွဲအားဦးဌေးဝင်း။ဒေါ်နော်ပန်းသဉ္ဇာမျိုး။ဦးရန်ဝင်း။ဦးသက်လွင်တိုး။ဦးလင်းထိန်တို့မှဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပါသည်။မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကိုစတင်တည်ထောင်ခဲ့တာ 15 နှစ်နီးပါးရှိပြီပြည်ပနိုင်ငံများသို့ထွက်ပြီပြပွဲကျင်းပပြုလုပ်တာလည်ရှိပြီပြည်ပကလည်ပြည်တွင်းသို့လာပြီအပြန်အလှန်ရောင်းဝယ်ကြတာရှိကြောင်းနှင့်မီးခိုးမထွက်တဲ့ထုတ်ကုန်တွေခရီးသွားဝန်ဆောင်မှူတွေကိုရောင်းဝယ်ကြကြေင်းသိရှိရပြီOutbaudလိုင်စင်ရခရီးသွားကုမ္မဏီများ။ပြည်တွင်းပြည်ပလေကြောင်းလိုင်းများ။နိုင်ငံတကာဟိုတည်လုပ်ငန်းများ။ပြည်ပဆေးရုံများ။ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်ကုမ္မဏီများနှင့်ပါဝင်ပြသကြသည့်ပြခန်းပေါင်း( 80 )ကျော်ပါဝင်ပြသကြပြီOutboud လိုင်စင်ရခရီးသွားကုမ္မဏီများအနေနှင့်လည်အလုပ်အကိုင်အခွင့်အလမ်း-ပြည်တွင်းပြည်ပခရီးစဉ်များဖြင့်သွားလာရေးလုပ်ငန်းတွင်ဈေးကွက်ပိုမိုဖွင့်ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီးခင်းကျင်းပြသသောပြပွဲဖြစ်ပြီအဆိုပါပြပွဲသို့လာရောက်လေ့လာကြည့်ရှုသူများအတွက်လည်နိုင်ငံတကာသို့အလည်အပတ်သွားရောက်အပန်းဖြေလိုသူများနှင့်နိုင်ငံခြားတွင်ကျောင်းတက်လိုသူများ။ပြည်ပဆေးရုံကြီးများတွင်သွရောက်ဆေးကုသလိုသူများ။ပြည်ပနိုင်ငံများသို့ Shopping ထွက်လိုသူများအနေနဲ့လည်ယုံကြည်စိတ်ချရတဲ့ကုမ္မဏီများနှင့်တနေရာတည်းတစုတစည်းတည်းတိုက်ရိုက်ဆက်သွယ်၍ခရီးသွားလုပ်ငန်းနှင့်ပါတ်သက်၍ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS