AMB Tarsus Events Group ၏စီစဉ်မှူဖြင့်ပြုလုပ်ကျင်းပသောမြန်မာ့အကြီးအကျယ်ဆုံးစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဆိုင်ရာကုန်စည်ပြပွဲအားရန်ကုန်မြို့ဦးဝိစာရလမ်းရှိတပ်မတော်ခန်းမတွင်ယနေ့7.12.2016.နေ့နံနက် 93း0 ယင်းပြပွဲအားဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများမှအဆိုပါကုန်စည်ပြပွဲအားဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။ယင်းနောက်မြန်မာ့စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဆိုင်ရာနိုင်ငံတကာကုန်စည်ပြပွဲခန်းမအတွင်သို့ဝန်ကြီးချုပ်နှင့်အထူးဧည့်သည်တော်များမှပြခန်းများကိုလှည့်လည်ကြည့်ရှူကြပါသည်
ယင်းကုန်စည်ပြပွဲတွင်မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ။တိရိစ္ဆာန်အစာနှင့်အစေ့အဆံအခြောက်ခံစက်များ။သိုလှောင်စက်များ။တိရိစ္ဆာ္ဆန်ဆေးဝါးများနှင့်အစာကြိတ်စက်များ။အစာထုတ်လုပ်ရာတွင်လိုအပ်သောပစ္စည်းကိရီယာများနှင့်အခြားသောထုတ်ကုန်ပစ္စည်းမျိုးစုံတို့၏အဆန်းသစ်ဆုံးနည်းပညာစနစ်များကို၎င်းပြပွဲတွင်လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ပံ့ပိုးကူညီထောက်ပံမှူကိုရရှိထားပြီးယင်းကုန်စည်ပြပွဲတွင်အဓိကထား၍လာရောက်ပြသကြသောကုမ္မဏီများမှာအမေရိကန်။ပြင်သစ်။အီတလီ။ဂျာမဏီ။နယ်သာလန်။အိန္ဒိယ။တရုတ်။ဗီယက်နမ်။ကိုရီးယားနိုင်ငံနှင့်အခြားနိုင်ငံပေါင်း( 18 )နိုင်ငံမှကုမ္မဏီပေါင်း( 200 )ကျော်လာရောက်၍ပါဝင်ပြသကြပြီAGRILIVSTOCK Myanmar 2016 - PLAINUN SPONSOR အဖြစ် MUYANG( FAMSUN ).JAPFA.BIG DUTCHMAN.နှင့် GOLD SPONSOR အဖြစ် Biomin Singapore Pet Ltd.Qingdao Xingyi Electornic Equipment Co.Ltd.Jiangsu Zhngchang Cereal Oil Feed Machinery CoLtd. တို့နှင့် SILVER SPONOR အဖြစ် Crystal Diamond.Larive Internaitonal.Jamesway တိုမှပြပွဲကြီးအားကူညီအားဖြည့်ပါဝင်ထားကြပြီယင်းပြပွဲအားဒီဇင်ဘာလ 7 ရက်မှ 9 ရက်နေ့အထိဖွင့်လှစ်ပြသထားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Wednesday, December 7, 2016
စ်ုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဆိုင်ရာနိုင်ငံတကာကုန်စည်ပြပွဲဖွင့်လှစ်ခြင်း။Yangon.December.7. 2016
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment