Saturday, December 10, 2016

မြန်မာနိုင်ငံ၏အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲစတုတ္ထအကြိမ်မြောက်ကျင်းပမည်။Yangon.December.7.2016

မြန်မာနိုင်ငံ၏အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုဒ်ဖြစ်သော iMyanmar House.com ကကြီးမှူး၍စတုတ္ထအကြိမ်မြောက်ကျင်းပမည့်မြန်မာနိုင်ငံ၏အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲအခမ်းအနားကိုရန်ကုန်မြို့ဦးဝိစာရလမ်းရှိတပ်မတော်ခန်းမ၌ဒီဇင်ဘာလ 16 ရက်မှ 18 ရက်နေ့အထိ 3 ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းiMyanmar House.com ကရန်ကုန်မြို့ရှိ Central Hotoel တွင်7.12.2016 နေ့၌ကျင်းပပြုလုပ်သောအကြိုစာနယ်ဇင်းရှင်းလင်းပွဲမှသိရသည်။အဆိုပါပြပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍iMyanmar House.com ကပထမအကြိမ်အဖြစ် 2015 ခုနှစ်မေလကလည်းကောင်း။ဒုတိယအကြိမ်အဖြစ် 2015 ခုနှစ်ဒီဇင်ဘာလကလည်းကောင်း။တတိယအကြိမ်အဖြစ် 2016 ခုနှစ်ဇွန်လကလည်းကောင်းကျင်းပပြုလုပ်သွာခဲ့ပြီးပြပွဲကျင်းပခဲ့သောအိမ်ခြံမြေအရောင်းပြပွဲများအတွင်းတိုက်ခန်းနှင့်ကွန်ဒိုအခန်းများရောင်းချရငွေစုစုပေါင်းငွေကျပ် 34 ဘီလီယံကျော်ရရှိခဲ့ပြီးရောင်းသူနှင့်ဝယ်သူနှစ်ဦးနှစ်ဖက်စလုံးအကျိုးကျေးဇူးရရှိသည့်အတွက်ယခုစတုတ္ထအကြိမ်မြောက်ထပ်မံကျင်းပပေးရခြင်းဖြစ်ကြောင်း iMyanmarHouse.com မှတာဝန်ရှိသူ မန်နေးဂျင်းဒါရိုက်တာဦးနေမင်းသူကရှင်းလင်းပြောကြားသည်။အဆိုပါပြပွဲကာလအတွင်းမှာလည်းပြည်တွင်းကအသိပညာရှင်အတတ်ပညာရှင်မျာဖြင့်အိမ်ခြံမြေဆိုင်ရာအသိပညာဗဟုသုတတွေကိုဆွေးနွေးဟောပြောပေးသွားဖြစ်ပြီးယင်းအရောင်းပြပွဲတွင်အိမ်ခြံမြေပြကွက်နှင့်ဆောက်လုပ်ရေးကုမ္မဏီပြခန်းပေါင်း 50 ကျော်ပါဝင်ပြသသွားမည်ဖြစ်ပြီးပြပွဲကာလအတွင်းငွေကျပ်သိန်း 100 အောက်အသင့်နေထိုင်နိုင်မည်ဖြစ်သောနိုင်ငံတကာအဆင့်မီကွန်ဒိုတိုက်ခန်းပေါင်းများစွာကိုတနှစ်မှ 10 နှစ်အထိအရစ်ကျစနစ်ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါပြပွဲသိုတက်ရောက်လာကြသူများအတွက် Samsung ဖုန်း။ငွေကျပ်သိန်း 50 တန်ဖိုးရှိ Tablet များနှင့်လက်ဆောင်ပစ္စည်းများစွာကိုလည်းကံစမ်းမဲဖောက်ပေးသွားဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS