အာကာသ

 

အာကာသ ဆိုသည်မှာ အရာဝတ္ထုနှင့်ဖြစ်ရပ်များထဲတွင် တည်နေရာနှင့် လားရာနှင့်ဆက်နွယ်ပြီး ဘောင်စည်းမျည်းမရှိသော သုံးဒိုင်မင်ရှင်းရှင်နယ် (three dimensional) နေရာလွတ်ပင်ဖြစ်သည်။[၁] ရုပ်ပိုင်းဆိုင်ရာ အာကာသအား လီနီယာ ဒိုင်မင်ရှင်း (linear dimensions) အဖြစ် စဉ်းစားသော်လည်းရူပဗေဒပညာရှင်များသည် အချိန်ကိုပါထပ်ပေါင်းကာ လေးဒိုင်မင်ရှင်နယ် (four dimensional) အဖြစ် စဉ်းစားကြသည်။ ယင်းအား အာကာသအချိန် (spacetime)ဟု သိထားသည်။ အာကာသ အယူအဆသည် စကြာဝဠာအားနားလည်ရန်အတွက် အခြေခံအရေးပါချက်ဖြစ်သည်။ အာကာသသည် စစ်စစ် ဗလနတ္ထိဟု ယခင် ပညာရှိကဝိများက တွေးဆခဲ့ကြလေသည်။ ယင်းတို့တွင် ပလေတို၊ အရစ္စတိုတယ်၊ ဆိုကရေးတီး၊ အစရှိသည်ဖြင့် ပါဝင်ကြသည်။ ဂန္ဓဝင် မက္ကင်းနစ်တွင် နယူတန်က အာကာသဆိုသည်မှာ ပုံသေဖြစ်ပြီး ယင်းတွင် မည်သည့်အရာဝတ္တု ရှိသည်ဖြစ်စေ အမြဲတမ်းနှင့် အမှီအခိုကင်းမဲ့သည်ဟု ဆိုလေသည်။[၂] ၁၉ ရာစုနှင့် ၂ဝ ရာစုများတွင် အာကာသသည် ကွေးညွတ်နိုင်သည်ဟု တွေးဆခဲ့ကြလေသည်။ အိုင်းစတိုင်း၏ ယေဘုယျနှိုင်းရသီအိုရီအရ အာကာသသည် အနီးအနားမှ ဒြပ်ဆွဲငင်အားများကြောင့် ပြောင်းလဲသည်ဟုဆိုသည်။[၃]

Fig

                                                  👆မူရင်း Link အား တိုက်ရိုက် ကြည့်ရန်

Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ