ချစ်ခြင်းဆိုတာ ကဗျာတစ်ပုဒ်ဆိုရင် အဲဒါ နင်နဲ့တူတူ
ဆိုသီဟစ်ကြူးချင်တဲ့ ချစ်ခြင်းရဲ့ကဗျာ...
တစ်ယောက် တစ်ပိုဒ်စီ ကြိတ်ဆို့ဆို့ဆိုနေရမယ့်
ဆွေးတစွေစွေ .နဲ့..အလွမ်းကဗျာမျိုးတော့
ဘယ်လိုလူမှ ဆိုမှာမဟုတ်ဘူး ... လေ ...
မင်းရော ငါ ရော ... ပေ့ါ ... ။
အဲ့ တော့ ... ငါရောပေါ့ ...
လောကဓံကြုံတာတောင် အတူတူ အပြုံးနဲ့
ဆိုညည်းဖူးတဲ့ တေးသွား တချို့... ဟာ ...
ငွေ ဆိုတာနဲ့ ...တွေ့မှ မျောပါသွားပြီလား ...?
ဘ၀မှာ သတိမထားလိုက်ပဲ ဖြစ်ဖြစ်သွားတတ်တဲ့ ၊ (မှားမှန် ပြန်မသုံးသပ်မိလိုက်တဲ့)
အခိုက်တန့် တချို့ က ဘ၀များ စွာကိုပဲ မဆုံနိုင်အောင် ဝေးကွာသွားတတ်ကြ တယ် ... တချို့ဆို တသံသရာ လုံး ... ရှုံး
သတိမပြုမိတဲ့ မထင်မှတ်တဲ့ အမှား လေး တချို့ အတွက် တောင် သံသရာဟာ ... ရှည်တတ်သတဲ့....
#Amm
No comments:
Post a Comment