မြန်မာ့အကောင်းဆုံးယာဉ်အပိုပစ္စည်းများနှင့်ဝန်ဆောင်လုပ်ငန်းဆိုင်ရာနိုင်ငံတကာစက်မှူကုန်စည်ပြပွဲအခမ်းအနားကိုရန်ကုန်မြို့-ဒဂုံမြို့နယ်-ရှင်စောပုလမ်းရှိMyanmar Event Park ၌28.10.2016 နေ့နံနက် 9း 30 နာရီတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများကအဆိုပါအခမ်းအနားကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီပြပွဲအတွင်းခင်းကျင်းပြသထားသောယာဉ်အပိုပစ္စည်းပြခန်းများအားဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသောဧည့်သည်တော်များကလှည့်လည်ကြည့်ရှူအားပေးကြကြောင်းသိရသည်။အဆိုပါနိုင်ငံတကာစက်မှူကုန်စည်ပြပွဲတွင် တရုတ်။တောင်ကိုရီးယား။မလေးရှား။တရုတ်( တိုင်ပေ )။စင်ကာပူ။ထိုင်းနိုင်ငံအစရှိသည့်နိုင်ငံပေါင်း 18 နိုင်ငံမှပြခန်းပေါင်း 250 ကျော်ပါဝင်ပြသလျှက်ရှိပြီမော်တော်ယာဉ်ကြီးများ။ဘတ်စ်ကား။ကုန်တင်ယာဉ်ကြီးများ။ယာဉ်နှင့်ပါတ်သက်သည့်အပိုပစ္စည်းများ။တောလမ်းခရီးကြမ်းသုံးမော်တော်ယာဉ်များ။ကားဘီးတာယာအမျိုးမျိုး။ဘရိတ်ဆီ။စက်ဆီ။ချောဆီ။မော်တော်ယာဉ်အစိတ်အပိုင်းများ။အဲယားကွန်းအစိတ်အပိုင်းများမော်တော်ယာဉ်အတွင်းတပ်ဆင်သောမီးသီးများ။မော်တော်ယာဉ်အလှဆင်ပစ္စည်းများကိုပြပွဲအတွင်းခင်းကျင်းပြသထားကြောင်းသိရသည်။ယာဉ်အပိုပစ္စည်းများနှင့်ခရီးသွားမော်တော်ယာဉ်ဝန်ဆောင်မှူလုပ်ငန်းဆိုင်ရာနိုင်ငံတကာစက်မှူကုန်စည်ပြပွဲအခမ်းအနားကိုအောက်တိုဘာလ 28
ရက်မှ 30 ရက်နေ့အထိနံနက် 10း 00 မှညနေ 5 နာရီအထိဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Saturday, October 29, 2016
Myanmar's No.1 Bus & Truck Exhibition ပြပွဲကျင်းပခြင်း။28.10.2016
Sunday, October 23, 2016
Zeekwat Mobile Applicationနှင့်မိတ်ဆက်ခြင်း2310.2016
Moe Yan Zeekwat Technology Company Limted ၏ Zeekwat Mobile Application နှင့်မိတ်ဆက်ခြင်းအခမ်းအနားကို23.102016.နေ့နံနက်11း00 တွင်ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမကြီးရှိ Meliar Hotel ကျင်းပပြုလုပ်ခဲ့သည်။Comelot Ltd.၏ CEO Mr.Tarkarharshi နှင့် Star Moeyan Group of Company ၏ CEO Daw TinTin Myint တို့၏အကျိုးတူနှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်းကိုလည်ယင်းနေ့၌တဆက်တည်းကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ Application နှင့်ပါတ်သက်၍CEO - Daw Tin Tin Myint မှရှင်းလင်းပြောကြားခဲ့ပါသည်။စာနယ်ဇင်းများမှသိလိုသည်များကိုမေးမြန်းခဲ့ကြသည်။မြန်မာပလာဇာ၏ပရိုမိုးရှင်းဧရီယာတွင်သရုပ်ပြဖျော်ဖြေခြင်းကိုလည်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Saturday, October 22, 2016
KBZ Bank မှအကြွေးဝယ်ကဒ်များစတင်မိတ်ဆက်ခြင်း။22.102016
ကမ္ဘောဇဘဏ်လီမိတက်မှ KBZ bank ၏ Union Pay အကြွေးဝယ်ကဒ်များကိုသုံးစွဲသူပြည်သူများအားစတင်ထုတ်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။အကြွေးဝယ်ကဒ်များသည် Union Pay International= UPI )ငွေပေးချေမှူကွန်ယက်အောက်တွင်ရှိပြီ Classic ကဒ်နှင့်Platinum ကဒ်ဟူ၍ပုံစံနှစ်မျိုးဖြင့်ထုတ်လုပ်ထားသည်။ကဒ်သုံးစွဲသူများသည်အဆိုပါအကြွေးဝယ်ကဒ်များနှင့်ကုန်ပစ္စည်းများ။ဝန်ဆောင်မှူများအတွက်ငွေပေးချေနိုင်မည့်အပြင်ငွေသားထုတ်ယူမှူများကိုလည်းကဒ်သုံးစွဲသူတစ်ဦးချင်းစီ၏ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ကန့်သတ်ချက်တစ်ခုအနေဖြင့်ဆောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါအကြွေးဝယ်ကဒ်များသည် Smart Chip စနစ်ဖြင့်တည်ဆောက်ထားပြီကဒ်လုံခြုံရေးအတွက်ပင့်ဒ်ကုဒ်နံပါတ်ပါဝင်သည်။ထို့အပြင်မြန်မာနိုင်ငံအနှံ့အပြားရှိ ATM စက်များအားလုံးနှင့်ကမ္ဘာတစ်ဝှမ်းလုံးရှိ UPI ကွန်ယက်အောက်တွင်ရှိသော ATM စက်များအားလုံးတွင်ငွေထုတ်ယူခြင်းပြုလုပ်နိုင်သကဲ့သို့အွန်လိုင်းမှငွေပေးချေခြင်များအတွက်လည်းအသုံးပြုနိုင်မည်ဖြစ်သည်။အကြွေးဝယ်ကဒ်အသုံးပြုရာတွင်အခြေခံငွေကြေးစနစ်မှာကျပ်ငွေဖြစ်သည့်အတွက်ကမ္ဘာဇဘဏ်၏အကြွေးဝယ်ကဒ်ကိုင်ဆောင်ထားသူမြန်မာခရီသွားပြည်သူများအနေဖြင့်နိုင်ငံတကာမှစတိုးဆိုင်များတွင်ငွေထုတ်ယူခြင်း။ငွေပေးချေခြင်းများကိုအဆိုပါနိုင်ငံများမှငွေကြေးလဲလှယ်နှုန်းထားအလိုက်အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်သည်။အကြွေးဝယ်ကဒ်ဖြင့်ကြိုတင်အသုံးပြုထားသောငွေများကိုလွယ်ကူစွာပြန်လည်ပေးဆပ်ရန်အတွက်ကမ္ဘောဇဘဏ်ကအကြွေးဝယ်ကဒ်သုံးစွဲသူများ၏မူလဘဏ်အကောင့်ထဲမှပင်ဝယ်ယူထားသောပစ္စည်းများ၏ငွေကြေးတန်ဖိုးများကိုပြန်လည်နုတ်ယူသွားမည်ဖြစ်သည်။၎င်းတို့၏ကြွေးမြီများကိုဘဏ်အကောင့်ထဲသို့လစဉ်ပုံမှန်ပြန်လည်ပေးဆပ်ခြင်းဖြင့်ထည့်သွင်းပေးသွားရမည့်ပုံစုံဖြစ်သည်။ကဒ်သုံးစွဲလိုသူသည်တိုက်ရိုက်အကြွေးယူခွင့်လျှောက်ထားပါကပေးဆောင်ရမည့်အကြွေးပမာဏကိုအထက်ပါကဲ့သို့ကမ္ဘောဇဘဏ်၏မိမိအကောင့်ထဲမှအလိုအလျှောက်လစဉ်ပြန်လည်နုတ်ယူသွားမည်ဖြစ်သည်။ထို့အပြင်ကဒ်သုံးစွဲသူများသည်နိုင်ငံတစ်ဝှမ်းရှိကမ္ဘောဇဘဏ်ခွဲများတွင်ထိုနည်းစနစ်ဖြင့်မိမိဘဏ်အကောင့်မှဖြစ်စေ။ငွေသားလက်ငင်းပေးချေ၍ဖြစ်စေအကြွေးငွေများပြန်လည်ပေးဆပ်နိုင်မည်ဖြစ်သည်။Union Pay Intermational( UPI ) သည်Union Pay၏ကွန်ယက်အောက်ရှိတကမ္ဘာလုံးဆိုင်ရာငွေပေးချေမှူလုပ်ငန်းတိုးတက်ကြီးထွားလာစေရေးကိုကမ္ဘောဇဘဏ်မှအလေးထားဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။Union Pay ကွန်ယက်ကိုနိုင်ငံပေါင်း 160 ကျော်တွင်လက်ခံအသုံးပြုပြီး 35 သန်းသောအရောင်းဆိုင်များ၌ 2 သန်းကျော်သော ATM စက်များတွင်အသုံးပြုနေပြီဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Wednesday, October 19, 2016
Sule Shangri -La.Yangon Celebrates 20th' Anniversary.1910.2016
ရန်ကုန်မြို့ဆူးလေဘုရားလမ်းရှိ Sule Shangri-La Hotel တွင် Gallery Bar ၌ Yangon Sule Shangri- La ၏ 20th Anniversary Celebrates ကိုပြု့လုပ်ရာဟိုတည်၏တာဝန်ရှိပုဂ္ဂိုလ်များနှင့်အထူးဖိတ်ကြားသောဧည့်သည်များ။သတင်းမီဒီယာများတက်ရောက်ခဲ့ကြပါသည်ရန်ကုန်မြို့၏အထင်ကရထည်ဝါလှသည့်ဆူးလေရှန်ဂရီလာဟော်တည်ကြီး၏ ( 20 )နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားပွဲကြီးကိုနိုဝင်ဘာလ 14 ရက်နေ့တွင်ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်မည့်အပြင်နိုဝင်ဘာလတစ်လလုံးအတွက်အထူးအစီအစဉ်အဖြစ်ဧည့်သည်တော်မိတ်ဆွေများကိုအကောင်းဆုံးသောအထူးဝန်ဆောင်မှူများဖြင့်ဧည့်ခံပါမည့်အကြောင်းမိတ်ဆွေမျးထံသို့သတင်းကောင်းပါးအပ်ပါသည်။Sule Shangri-La Hotel သို့ကြွရောက်လာကြသောဧည့်သည်တော်များအားနိုဝင်ဘာလတလလုံး၌အောက်ပါအထူးဝန်ဆောင်မှူများဖြင့်ကျွန်ုပ်တို့၏ Restaurants များတွင်ဧည့်ခံပါမည့်အကြောင်းနှင့်နိုဝင်ဘာလမွေးနေ့ရှင်များအတွက် Cafe Sule တွင်ဧည့်သည် 2 ဦးအတွက်နေ့လည်စာ ( သို့မဟုတ် )ညစာစားခွင့်အခမဲ့ရရှိမည်ဖြစ်ကြောင်းသိရသည်။Gallery Bar တွငိကြိက်နှစ်သက်ရာအစားစာနှင့်အဖျော်ယမကာ။ဝိုင်။ဘီယာတိုကို US$ -20 နှူန်းနှင့် 7-Course menu ကိုဧည့်သည်တဦးလျှင်US$ 20 နှူန်းဖြင့် Summer Palace တွင်စားသုံးနိုင်မည်ဖြစ်သည်။ နိုဝင်ဘာလအတွက် Suite Room များကိုလည်း 20% Discount ဖြင့်ခံစားတည်ခိုခွင့်ရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Monday, October 17, 2016
YOMA Bank ၏ Facebook Workplace ကိုအသုံပြုခြင်းYangon.October.17
မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းနယ်ပယ်တွင်နည်းပညာနှင့်ဆက်သွယ်ရေးအဆောက်အအုံအားနည်းလျှက်ရှိပြီဘဏ်ခွဲများသည်နည်းပညာကိုအကန့်အသတ်ဖြင့်အသုံးနေရပြီဘဏ်ခွဲတခုနှင့်တခုဆက်သွယ်ပြောဆိုမှူသည်ကျယ်ကျယ်ပြန့်ပြန့်မရှိသေးကြောင်းသိရသည်။ရိုးမဘဏ်က Facebookရဲ့Workplace ရဲ့ သီးခြားApplication ကိုအသုံးပြုပြီဘဏ်လုပ်ငန်းတွေဆောင်ရွက်ရာတွင်ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ပြီးဝန်ထမ်းများအားလုံးပါဝင်တဲ့ဆက်သွယ်ရေးပလက်ဖောင်းတခုကိုသုံးစွဲနိုင်နေပြီဖြစ်ကြောင်းသိရသည်။Workpace ကိုအသုံးပြုခြင်းဖြင့်" One Bank " ရည်မှန်ချက်ကိုအကောင်အထည်ဖော်ခြင်းဖြစ်ပြီရိုးမဘဏ်သည် Facebook နှင့်လက်တွဲ၍ဝန်ထမ်းများအားလုံး၏သတင်းအချက်အလက်များသိရှိနိုင်ခြင်း။အထက်လူကြီးမျာ၏လမ်းညွန်းချက်များကိုသိရှိနိုင်ခြင်း။လုပ်ငန်းခွင်အရည်အချင်းတိုးတက်နိုင်ခြင်း။စွမ်းရည်မြင့်မားသောလုပ်ငန်းခွင်တည်ဆောက်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။ယခုအသစ်မိတ်ဆက်လိုက်သည့် Facebook ၏ Workplace သည်
ဆက်သွယ်ရေးနည်းပညာ၏လူအများနှင့်ရင်းနှီးပြီသားဖြစ်သည့် Facebook ၏ Feature များကဲ့သို့ပင် News Feed ။ Group များ။ Message များပေးပို့ခြင်းပါဝင်မည်ဖြစ်ပြီRoyal Bank ofScotland ။ Starbuck ။ Booking.com အစရှိသည့်ကမ္ဘာကျော်ကုမ္မဏီများနှင့်အတူရိုးမဘဏ်က Facebook ၏တကမ္ဘာလုံးဆိုင်ရာ Workplace ကိုစတင်မိတ်ဆက်အသုံးပြုခွင့်ရသည့်အတွက်ရိုးမဘဏ်မှဂုဏ်ယူဝမ်းမြောက်ကြောင်းသိရသည်။Workplace သည်ရိုးမဘဏ်လုပ်ငန်းခွင်အတွင်းဝန်ထမ်းအချင်းချင်းပြောဆိုဆက်သွယ်နိုင်ခြင်း။ရိုးမဘဏ်ရဲ့ဝန်ထမ်း 3000 ကျော်ကသတင်းအချက်အလက်တွေကိုရယူခြင်း။ကိုယ့်အတွေးအမြင်မျှဝေနိုင်ခြင်း။မိမိရဲ့သဘောထားတွေကိုထုတ်ဖော်ပြောဆိုနိုင်ခြင်းအစရှိသည်များကိုအဆင့်မြင့်ဒီဂျစ်ဒယ်နည်းပညာကိုအသုံးပြု၍ရိုးမဘဏ်၏လုပ်ငန်းဆောင်တာများကိုပြည်သူ့ဝန်ထမ်းကောင်းတွေအဖြစ်ဝန်ဆောင်မှူအပြည့်အဝပေးနိုင်ဖြစ်ကြောင်းရိုးမဘဏ်၏ Special Advisor to Chairman & CEO တဦးစြစ်သူ Hal Bosher ကပြောကြားခဲ့ကြောင်းသိရှိရသည်။ရိုးမဘဏ်ကယခုလို Workplace ကိုကနဦးအဆင့်စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီပူးပေါင်းဆောင်မှူရှိစွာနဲ့ရိုးမဘဏ်၏လုပ်ငန်းဆောင်ရွက်ချက်တွေကိုပိုမိုတိုးတက်ကောင်းမွန်အောင်ထိရောက်စွာဆောင်ရွက်နိုင်ခြင်းအတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်း Facebook မှအာရှပစိဖိတ်ဒေသ Workplace ဌာန၏တာဝန်ခံ Ramesh Gopalkrishnna ကရှင်းလင်းပြောကြားပါသည်။
Workplace သည်လက်ရှိသုံးစွဲနေသောပုဂ္ဂိုလ်ရေးသုံး Facebook နှင့်သုံးစွဲပုံသုံးစွဲနည်းမတူညီကြောင်းနှင့်ရိုးမဘဏ်၏ဝန်ထမ်းများသည်ပုဂ္ဂိုလ် Facebook Account ရှိသည်ဖြစ်စေမရှိသည်ဖြစ် Workplace ကိုကွန်ပျူတာနှင့်ရောမိုဘိုင်းဖုန်းနှင့်ပါအသုံးပြုနိုင်မည်ဖြစ်သည်။Workplace တွင်မျှဝေအသုံးပြုသောသတင်းအချက်အလက်များအားလုံးသည် Workplace အတွင်း၌သာတည်ရှိနေပြီယင်းကိုအသုံးပြုလုပ်ဆောင်နေသည့်ကုမ္မဏီအတွင်း၌သာရှိနေပြီဌာနအသီးသီးရှိဝန်ထမ်းများကသိခွင့် မျှဝေခွင့်ရှိမည်ဖြစ်ကြောင်းနှင့်Workplace ကကုမ္မဏီ၏ရုံးတွင်းပြောဆိုဆက်သွယ်ရေးမှာပိုမိုတိုးတက်ကောင်းလာပြီဘဏ်ခွဲဝန်ထမ်းများကစီမံခန့်ခွဲမှူဘုတ်အဖွဲ့ကိုတိုက်ရိုက်ပြောဆိုခွင့်ရရှိလာသည့်အပြင်ကုမ္မဏီရဲ့အထက်အရာတွေကနေဝန်ထမ်းတွေအထိပွင့်လင်းမြင်သာမှူပိုမိုရရှိလာကြောင်းနှင့်Workplace ကဆက်သွယ်မှူစနစ်မြန်ဆန်မှူကိုမျာစွာအထောက်အကူပြုကြောင်းရိုးမဘဏ်၏ Communication & Marketing ၏ Deputy Head မမေဦးထံမှသတင်းရှိပါသည်။Myint Khaing.MANM.3329
53 ကြိမ်မြောက်ရှပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်ပခြင်း။Yangon.October.13
96 နှစ်ပြည့်မြန်မာ့ရှပ်ရှင်နေ့နှင့် 53 ကြိမ်မြောက်ရှပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို 13.102016 နေ့နံနက် 9 နာရီတွင်ကျင်းပပြုလုပ်ရာရန်ကုန်မြို့ ဝင်္ဂဘာလမ်းရှိမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ရှေ့ဦးစွာ 96 နှစ်ပြည့်မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားကိုပဏမအစီအစဉ်အဖြစ်စတင်ကျင်းပရာမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးလူမင်းကမြန်မာ့ရုပ်ရှင်းနေ့အထိမ်းအမှတ်နေ့အခမ်းအနားတွင်ကြိုဆိုနှတ်ခွန်းဆက်စကားပြောကြားပြီပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနညွှန်းကြားရေးမှူးချုပ်ဦးမောင်ဖေ။ဆရာဗိုလ်ကလေးတင့်အောင်။အကယ်ဒမီဒေါ်မြင့်မြင့်ခင်နှင့်မြန်မာ့နိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းတို့ကရုပ်ရှင်သက်ကြီးးပူဇော်ပွဲအခမ်းအနားကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ( 53 )ကြိမ်မြောက်သက်ကြီးပူဇော်ပွဲကိုဆက်လက်ကျင်းပရာကန့်တော့ခံသက်ကြီးအနုပညာရှင်များအားတဦးချင်းမိတ်ဆက်ပေးကြပြီးရုပ်ရှင်သက်ကြီးပညာရှင်များအားကန်တော့ချိုးဖြင့်စုပေါင်းညီညာရွတ်ဆို၍ပူဇော်ကန်တေ့ကြသည်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်းကြားရေးမှူးချုပ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ။ဒုဥက္ကဋ္ဌ။အတွင်းရေးမှူး။ဘဏ္ဍာရေးမှူးအဖွဲ့နှင့်အနုပညာရှင်များကကန်တော့ခံသက်ကြီးအနုပညာရှင် ( 153 )ဦးအားတဦးလျှင်ငွေကျပ်နှစ်သိန်းနှင့်လှူဖွယ်ပစ္စည်းများကိုပေးအပ်လှူဒါန်းကြရာကန်တော့ခံသက်ကြီးအနုပညာရှင်များကိုယ်စားဆရာကြီးဗိုလ်ကလေးတင့်အောင်ကဆုံမသြဝါဒစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Sunday, October 16, 2016
ရန်ကုန်အလုပ်အကိုင်ပြပွဲ 2016 ဖွင့်လှစ်ခြင်းအခမ်းအနား။Yangon.October. 15.2016
ရန်ကုန်မြို့မင်းဓမ္မလမ်းရှိMCC ခန်းမ၌အလုပ်အကိုင်ရှားပါးမှူပြသနာများအားတစ်ထောင့်တစ်တနေရာမှဖြေလျှော့ပေးနိုင်စေရန်အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို15.10.2016 နေ့ နံနက် 9 နာရီတွင်ကျင်းပပြုလုပ်ရာအလုပ်သမား။လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနမှအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်မှအဖွင့်ကြိုဆိုနှတ်ခွန်းဆက်စကားပြောကြားပါသည်။ယင်းနောက်ပြပွဲအား
ဝန်ကြီးနှင့်အထူးဖိတ်ကြားထားသောလူကြီးမင်းများမှရန်ကုန်ပြပွဲကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။အဆိုပါပြပွဲအခမ်းအနားကိုအလုပ်သမား။လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် my Jobs..com.mm ကုမ္မဏီတို့ပူပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီပြပွဲတွင်ပြည်တွင်းစက်ရုံအလုပ်ရုံများ။ Super Seven Star ကားကုမ္မဏီနှင့် ALPHA CEMENT ဘိလပ်မြေထုတ်လုပ်သော ကုမ္မဏီများနှင့်ဝန်ဆောင်မှူကုမ္မဏီများပါဝင်သောပြည်တွင်းပြည်ပကုမ္မဏီပေါင်း 40 ခန့်ကပြခန်းပေါင်း 45 ခုကျော်ပါဝင်ပြသထားကြောင်းသိရသည်။အဆိုပါရန်ကုန်အလုပ်အကိုင်ပြပွဲသို့မည်သူမဆိုအခမဲ့လေ့လာလျှောက်ထားနိုင်ပြီဒီပြပွဲကိုလာရောက်လေ့လာတဲ့လူငယ်တွေအနေနဲ့
အလုပ်အကိုင်ပေါင်းများစွာကိုမိမိနှစ်သက်ရာအလုပ်ကုမ္မဏီကြီးများတွင်တိုက်ရိုက်အလုပ်လျှောက်ထားနိုင်တဲ့အခွင့်အလမ်းရရှိမှာဖြစ်သည်။၎င်းပြပွဲကျင်းပနေချိန်အတွင်းလာရောက်လေ့လာကြသောလူငယ်များအားဘဝတိုးတက်အောင်မြင်ရေး။စိတ်ဓာတ်ခွန်အားများရရှိစေရန်အောက်တိုဘာ 15 နေ့တွင်စာရေးဆရာကောင်းသန့်နှင့်ဆရာဦးသိန်းလွင်( အင်္ဂလိပ်စာ )တို့ကဟောပြောခဲ့ကြပြီအောက်တိုဘာ 16 ရက်နေ့တွင်ဒေါက်တာခင်မောင်ညိုနှင့်မောင်ဒီပ ( ပညာရေး )တို့ပြောသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...