Sunday, October 16, 2016

ရန်ကုန်အလုပ်အကိုင်ပြပွဲ 2016 ဖွင့်လှစ်ခြင်းအခမ်းအနား။Yangon.October. 15.2016

ရန်ကုန်မြို့မင်းဓမ္မလမ်းရှိMCC ခန်းမ၌အလုပ်အကိုင်ရှားပါးမှူပြသနာများအားတစ်ထောင့်တစ်တနေရာမှဖြေလျှော့ပေးနိုင်စေရန်အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို15.10.2016 နေ့ နံနက် 9 နာရီတွင်ကျင်းပပြုလုပ်ရာအလုပ်သမား။လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနမှအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်မှအဖွင့်ကြိုဆိုနှတ်ခွန်းဆက်စကားပြောကြားပါသည်။ယင်းနောက်ပြပွဲအား
ဝန်ကြီးနှင့်အထူးဖိတ်ကြားထားသောလူကြီးမင်းများမှရန်ကုန်ပြပွဲကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။အဆိုပါပြပွဲအခမ်းအနားကိုအလုပ်သမား။လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် my Jobs..com.mm ကုမ္မဏီတို့ပူပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီပြပွဲတွင်ပြည်တွင်းစက်ရုံအလုပ်ရုံများ။ Super Seven Star ကားကုမ္မဏီနှင့် ALPHA  CEMENT ဘိလပ်မြေထုတ်လုပ်သော ကုမ္မဏီများနှင့်ဝန်ဆောင်မှူကုမ္မဏီများပါဝင်သောပြည်တွင်းပြည်ပကုမ္မဏီပေါင်း 40 ခန့်ကပြခန်းပေါင်း 45 ခုကျော်ပါဝင်ပြသထားကြောင်းသိရသည်။အဆိုပါရန်ကုန်အလုပ်အကိုင်ပြပွဲသို့မည်သူမဆိုအခမဲ့လေ့လာလျှောက်ထားနိုင်ပြီဒီပြပွဲကိုလာရောက်လေ့လာတဲ့လူငယ်တွေအနေနဲ့
အလုပ်အကိုင်ပေါင်းများစွာကိုမိမိနှစ်သက်ရာအလုပ်ကုမ္မဏီကြီးများတွင်တိုက်ရိုက်အလုပ်လျှောက်ထားနိုင်တဲ့အခွင့်အလမ်းရရှိမှာဖြစ်သည်။၎င်းပြပွဲကျင်းပနေချိန်အတွင်းလာရောက်လေ့လာကြသောလူငယ်များအားဘဝတိုးတက်အောင်မြင်ရေး။စိတ်ဓာတ်ခွန်အားများရရှိစေရန်အောက်တိုဘာ 15 နေ့တွင်စာရေးဆရာကောင်းသန့်နှင့်ဆရာဦးသိန်းလွင်( အင်္ဂလိပ်စာ )တို့ကဟောပြောခဲ့ကြပြီအောက်တိုဘာ 16 ရက်နေ့တွင်ဒေါက်တာခင်မောင်ညိုနှင့်မောင်ဒီပ ( ပညာရေး )တို့ပြောသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS